ကြေညာချက်များ
◼ ဝေငှမယ့်စာပေများ၊ အောက်တိုဘာ– ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းများ။ နိုဝင်ဘာနဲ့ ဒီဇင်ဘာ– အောက်ဖော်ပြပါ ဝေစာတစ်ခုခုကို သုံးပါ– ဆင်းရဲခက်ခဲမှုအားလုံး အဆုံးတိုင်လုနီးပြီ၊ ယေဟောဝါ—ကိုယ်တော်ကား မည်သူနည်း၊ ယေရှုခရစ်—ကိုယ်တော်ကားမည်သူနည်း၊ အမှန်တရားကို သင်သိလိုပါသလော။ စိတ်ဝင်စားမှုပြတယ်ဆိုရင် သမ္မာကျမ်းစာသွန်သင်ရာ စာအုပ် ဒါမှမဟုတ် ဘုရားသခင့်စကားနားထောင်ပါ ဒါမှမဟုတ် ဘုရားသခင့်စကားနားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ဘရိုရှာကိုသုံးပြီး ကျမ်းစာသင်အံမှုပြုလုပ်ပုံကို သရုပ်ပြပါ။ ဇန်နဝါရီ– ကြေညာသူတွေက အောက်ဖော်ပြပါ ၃၂ မျက်နှာရှိတဲ့ ဘရိုရှာတစ်စောင်စောင်ကို ဝေငှနိုင်ပါတယ်– ကျေနပ်ပျော်ရွှင်ဖွယ်အသက်တာ—ယင်းကိုမည်သို့ရရှိနိုင်သနည်း၊ သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရားပါရှိသနည်း၊ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော။ ပြန်လည်ပတ်မှုလုပ်တဲ့အခါ သမ္မာကျမ်းစာသွန်သင်ရာစာအုပ် ဒါမှမဟုတ် အိမ်ရှင်ရဲ့လိုအပ်ချက်နဲ့အညီ ဘုရားသခင့်စကားနားထောင်ပါ ဒါမှမဟုတ် ဘုရားသခင့်စကားနားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ဘရိုရှာနဲ့ သင်အံမှုစဖို့ ကြိုးစားကြည့်ပါ။