နိုဝင်ဘာ ၅ အပတ်အတွက်ဇယား
နိုဝင်ဘာ ၅ မှာစမယ့်အပတ်
သီချင်း ၁၁၅ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
jr အခန်း ၁ အပိုဒ် ၁-၇ (၃၀ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ယောလ ၁-၃ (၁၀ မိ.)
နံပါတ် ၁– ယောလ ၂:၁၇-၂၇ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– သုတ္တံ ၂၂:၃ မှာတွေ့ရတဲ့မူကို ဘယ်လိုလက်တွေ့ကျင့်သုံးနိုင်သလဲ (၅ မိ.)
နံပါတ် ၃– ယေဟောဝါရဲ့အဖွဲ့အစည်းကို လေးစားကြောင်း ဘယ်လိုတင်ပြနိုင်သလဲ—rs စ. ၃၉၂ အပိုဒ် ၆-၁၀ (၅ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၁၀ မိ– သတင်းကောင်းကြေညာတဲ့ အမျိုးသမီးတွေက အတိုင်းမသိများပြားတယ်။ (ဆာ. ၆၈:၁၁) ၂၀၁၂ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၁၁၇၊ အပိုဒ် ၂ ကနေ စာမျက်နှာ ၁၁၈၊ အပိုဒ် ၂ နဲ့ စာမျက်နှာ ၁၃၀၊ အပိုဒ် ၁ ကနေ စာမျက်နှာ ၁၃၁၊ အပိုဒ် ၂ အထိကို အခြေခံပြီး ဆွေးနွေးပါ။ ရရှိတဲ့သင်ခန်းစာတွေကို မှတ်ချက်ပေးဖို့ ပရိတ်သတ်ကို ဖိတ်ခေါ်ပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၁၀ မိ– နိုဝင်ဘာလမှာဝေငှမယ့်မဂ္ဂဇင်းတွေအတွက် အကြံပြုချက်များ။ ဆွေးနွေးပါ။ (တကယ်လို့ သင်တို့အသင်းတော်မှာ နိုဝင်ဘာ မဂ္ဂဇင်းတွေနဲ့ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ရှိမယ်ဆိုရင် အဲဒါတွေကို သုံးနိုင်ပါတယ်။) ဒီမဂ္ဂဇင်းတွေကို ရပ်ကွက်က ဘာကြောင့် စိတ်ဝင်စားမှုရှိနိုင်သလဲဆိုတာ စက္ကန့် ၃၀-၆၀ လောက်အချိန်ယူပြောပြပါ။ ပြီးတဲ့နောက် ကင်းမျှော်စင် မျက်နှာဖုံးဆောင်းပါးတွေကို အသုံးပြုပြီး စိတ်ဝင်စားမှုကို နှိုးဆွစေတဲ့ မေးခွန်းတစ်ခု အကြံပြုဖို့ ပရိသတ်ကိုဖိတ်ခေါ်ပါ၊ ဖတ်ပြမယ့်ကျမ်းချက်တစ်ချက်ကိုလည်း အကြံပြုစေပါ။ နိုးလော့! မျက်နှာဖုံးဆောင်းပါးတွေနဲ့ အချိန်ရမယ်ဆိုရင် မဂ္ဂဇင်းတစ်စောင်စောင်က တခြားဆောင်းပါးတစ်ခုကိုလည်း အလားတူပြုလုပ်ပါ။ မဂ္ဂဇင်းတစ်စောင်ချင်းစီရဲ့ ဝေငှပုံကို သရုပ်ပြပါ။
သီချင်း ၁၀၅ နဲ့ ဆုတောင်းချက်