ကြေညာချက်များ
◼ ဝေငှမယ့်စာပေများ၊ ဒီဇင်ဘာ– ဖော်ပြပါဝေစာတစ်ခုခုကို သုံးပါ– ဆင်းရဲခက်ခဲမှုအားလုံး အဆုံးတိုင်လုနီးပြီ၊ ယေဟောဝါ—ကိုယ်တော်ကား မည်သူနည်း၊ ယေရှုခရစ်—ကိုယ်တော်ကား မည်သူနည်း၊ အမှန်တရားကို သင်သိလိုပါသလော။ စိတ်ဝင်စားမှုပြတယ်ဆိုရင် သမ္မာကျမ်းစာသွန်သင်ရာ စာအုပ် ဒါမှမဟုတ် ဘုရားသခင့်စကားနားထောင်ပါ ဒါမှမဟုတ် ဘုရားသခင့်စကားနားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ဘရိုရှာတစ်စောင်စောင်ကိုသုံးပြီး သင်အံမှုပြုလုပ်နိုင်ပုံကို သရုပ်ပြပေးပါ။ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ– ဖော်ပြပါ ၃၂ မျက်နှာရှိတဲ့ ဘရိုရှာတွေကို သုံးနိုင်ပါတယ်– ကျေနပ်ပျော်ရွှင်ဖွယ်အသက်တာ—မည်သို့ရရှိနိုင်သနည်း၊ သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း၊ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော။ မတ်– ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းများ။
◼ ၂၀၁၄ ခုနှစ်၊ အောက်မေ့ရာပွဲက ဧပြီ ၁၄၊ တနင်္လာနေ့မှာဖြစ်ပါတယ်။
◼ ၂၀၁၃၊ မတ်လမှာ အရန်ရှေ့ဆောင်လုပ်ကြမယ့် ကြေညာသူတွေဟာ လအတွက် နာရီတောင်းဆိုချက်ကို နာရီ ၃၀ ဒါမှမဟုတ် နာရီ ၅၀ သွင်းဖို့ ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင်၊ မတ်လအတွင်း အသင်းတော်ကို တိုက်နယ်ကြီးကြပ်မှူးလည်ပတ်မယ်ဆိုရင် အရန်ရှေ့ဆောင်လုပ်ငန်းမှာပါဝင်သူအားလုံးဟာ မှန်မှန်ရှေ့ဆောင်တွေနဲ့ တိုက်နယ်ကြီးကြပ်မှူး တွေ့ဆုံတဲ့အစည်းအဝေး အစအဆုံးကို တက်ရောက်နိုင်ပါတယ်။