ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၁၃ စာ. ၁
  • သိရှိရာတွေကို မမေ့ဘဲ ကျင့်သုံးပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သိရှိရာတွေကို မမေ့ဘဲ ကျင့်သုံးပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • အထူးအစည်းအဝေးနေ့အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • မြင့်မြတ်သောသွန်သင်ခြင်း၏ အကျိုးကျေးဇူးများ၌ပျော်မွေ့ ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • သင့်ရဲ့ဉာဏ်စွမ်းကို ကာကွယ်စောင့်ရှောက်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • ‘ဘုရားသခင့်အလိုတော် ပြည့်စုံပါစေ’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နဓ ၈/၁၃ စာ. ၁

သိရှိရာတွေကို မမေ့ဘဲ ကျင့်သုံးပါ

၁။ သိရှိရာတွေကို မမေ့ဘဲ ကျင့်သုံးသူဖြစ်ဖို့ ဘယ်လိုလုပ်သင့်သလဲ။

၁ ယေဟောဝါရဲ့ အလိုတော်ကို ကျွန်ုပ်တို့ ပိုင်းခြားသိမြင်နိုင်အောင် အဖွဲ့အစည်းက စာအုပ်စာပေတွေနဲ့ ကူညီပေးနေပါတယ်။ ကျွန်ုပ်တို့က သိရှိရာတွေကို မမေ့ဘဲ လိုက်နာကျင့်သုံးဖို့ လိုတယ်။ (ယာ. ၁:၂၅) ဖတ်နေတဲ့အကြောင်းအရာတွေကို ခဏတာသုံးသပ်ပြီး မေ့လျော့လိုက်ရမယ့်အရာတွေအဖြစ် သဘောမထားသင့်ဘူး။ နောင်တစ်ချိန် အဲဒီသွန်သင်ချက်တွေကို ကျင့်သုံးဖို့ လိုအပ်လာတဲ့အခါ ပြန်မှတ်မိနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖတ်သင့်တယ်။ အဲဒီလိုလုပ်နိုင်ဖို့ “သာမန်ထက်ပို၍ အာရုံစိုက်ဖို့လို” တယ်။—ဟေဗြဲ ၂:၁။

၂။ ဘယ်လိုနည်းအားဖြင့် ကျွန်ုပ်တို့ “သာမန်ထက်ပို၍ အာရုံစိုက်” နိုင်မလဲ။

၂ ဘယ်လိုနည်းအားဖြင့် ကျွန်ုပ်တို့ “သာမန်ထက်ပို၍ အာရုံစိုက်” နိုင်မလဲ။ ၁၉၉၀၊ မတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၄ မှာ ဒီလိုရှင်းပြထားတယ်– (၁) ယေဟောဝါရဲ့ အဖွဲ့အစည်းကို ကျေးဇူးတင်လေးမြတ်ကြောင်း အဖွဲ့အစည်းနဲ့ပူးပေါင်းပြီး အစည်းအဝေးတွေကို မှန်မှန်တက်ရောက်ခြင်းအားဖြင့် ပြသဖို့လိုတယ်။ (၂) သမ္မာကျမ်းစာနဲ့ ကျေးကျွန်အတန်းအစားက ပြင်ဆင်ပေးထားတဲ့ စာပေတွေကို အပတ်တကုတ် လေ့လာရမယ်။ (၃) သိရှိရာတွေကို စဉ်းစားတွေးတောဖို့ အရေးကြီးတယ်။ ဒါမှသာ အဲဒါတွေကို ကျွန်ုပ်တို့ရဲ့ဘဝမှာ လက်တွေ့ကျင့်သုံးနိုင်မှာဖြစ်တယ်။ တခြားသူတွေကို ကူညီပေးတဲ့အခါလည်း ဒီအချက်တွေကို အသုံးပြုနိုင်မှာဖြစ်တယ်။

၃။ အဖွဲ့အစည်းထုတ်စာပေတွေကနေ အကျိုးရဖို့ ဘယ်လိုလုပ်ဆောင်ရမလဲ။

၃ မိသားစုကို ကျွေးမွေးစောင့်ရှောက်တဲ့အခါ၊ ကိုယ်ကျင့်တရားစင်ကြယ်ဖို့ ကြိုးစားတဲ့အခါ၊ တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ ရင်ဆိုင်ရတဲ့အခက်အခဲတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ အဖွဲ့အစည်းထုတ် စာပေတွေက အမြဲတမ်း သွန်သင်ပေးနေပါတယ်။ အဲဒီသွန်သင်ပေးချက်တွေကို သင် ဘယ်လို ခံယူနေသလဲ။ ကျေးဇူးတင်လေးမြတ်ပြီး ကိုယ်တိုင်လက်တွေ့ကျင့်သုံးရမယ့် အရာတွေကို သေချာမှတ်သားထားမလား။ ဒါမှမဟုတ် အပေါ်ယံလောက်ပဲ ဖတ်ရှုသလား။ ကျေးဇူးတင်လေးမြတ်စိတ်ရှိမယ်ဆိုရင် ကျွန်ုပ်တို့ဟာ သွန်သင်ချက်တွေကို ကောင်းစွာ ခံယူမယ်။ ပြန်မှတ်မိပြီး နောင်တစ်ချိန်မှာ လက်တွေ့ကျင့်သုံးနိုင်ဖို့ စဉ်းစားဆင်ခြင်မှာဖြစ်တယ်။—ဟေရှာ. ၄၈:၁၇။

၄။ စာအုပ်စာပေတွေကို ပြီးရင်ပြီးရော သဘောနဲ့ ဖတ်တာထက် ဘာကြောင့်သေချာလေ့လာဖို့လိုသလဲ။

၄ စာအုပ်စာပေတွေကို ပြီးရင်ပြီးရော သဘောနဲ့ ဖတ်မယ်ဆိုရင် အပေါ်ယံလောက်ပဲ ဖတ်ဖြစ်သွားနိုင်တယ်။ အဲဒီအစား သေချာလေ့လာဖတ်ရှုရမယ်။ လေ့လာတယ်ဆိုတာဟာ သိရှိရာတွေကို နောင်တစ်ချိန်မှာ လက်တွေ့အသုံးပြုနိုင်ဖို့ဆိုတဲ့သဘောနဲ့ တွေးတောဆင်ခြင်ပြီး စနစ်တကျ မှတ်သားထားခြင်းဖြစ်တယ်။ လေ့လာဖတ်ရှုတဲ့အခါ ဒီမေးခွန်းတွေကို အဆက်မပြတ် မေးသင့်ပါတယ်– ဘယ်အချက်ကို ငါ အထူးလက်တွေ့ကျင့်သုံးဖို့လိုသလဲ။ ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိဖို့ ဒါကို ငါ ဘယ်လိုအသုံးပြုမလဲ။ ငါ ဘာတွေ ပြုပြင်ပြောင်းလဲဖို့ လိုသလဲ။ တခြားသူတွေကို ကူညီပေးဖို့ ဒီအချက်ကို ငါ ဘယ်လိုအသုံးပြုနိုင်သလဲ။ သူတို့ကို ဘယ်လိုရှင်းပြရမလဲ။ အဲဒီလိုလုပ်မယ်ဆိုရင် ဖတ်နေတဲ့အကြောင်းအရာတွေကို ကောင်းကောင်း စွဲမှတ်သွားဖို့၊ နေ့စဉ်အသက်တာမှာ လက်တွေ့ကျင့်သုံးနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ