ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၃၊ ဩဂုတ် ၂၆ ရက်မှာ စမယ့်အပတ်အတွင်း သုံးသပ်မှာဖြစ်တယ်။ လေ့လာသုံးသပ်တဲ့အပတ်ရဲ့ ရက်စွဲတွေကို ဖော်ပြထားတာက ပတ်စဉ်သင်တန်း အစီအစဉ်အတွက် ပြင်ဆင်တဲ့အခါ ရှာဖွေလေ့လာနိုင်ဖို့ ဖြစ်ပါတယ်။
၁။ ဟေရုဒ်ဟာ ဘုရားသခင်ပဲ ရထိုက်တဲ့ ဂုဏ်အသရေကို လွယ်လွယ်လက်ခံလိုက်တဲ့ အဖြစ်အပျက်ကနေ ဘယ်အရေးကြီးတဲ့ သင်ခန်းစာကို ရရှိပါသလဲ။ (တ. ၁၂:၂၁-၂၃) [ဇူလိုင် ၁၊ က၀၈ ၅/၁၅ စ. ၃၂ ပိုဒ်. ၇]
၂။ တိမောသေရဲ့ စံနမူနာကို လိုက်လျှောက်ခြင်းအားဖြင့် ခရစ်ယာန်လူငယ်တွေ ဘယ်လိုအကျိုးကျေးဇူး ရရှိနိုင်မလဲ။ (တ. ၁၆:၁၊ ၂) [ဇူလိုင် ၈၊ က၀၈ ၅/၁၅ စ. ၃၂ ပိုဒ်. ၁၀]
၃။ ဧဖက်မြို့က တရားဇရပ်မှာ အာပေါလု “ရဲရင့်စွာ ဟောပြော” နေတာကို အာကုလနဲ့ ပြစ်ကိလတို့ ကြားပြီးတဲ့နောက် သူ့ကို မေတ္တာပါစွာ ဘယ်လိုကူညီပေးခဲ့သလဲ။ (တ. ၁၈:၂၄-၂၆) [ဇူလိုင် ၁၅၊ က၁၀ ၆/၁၅ စ. ၁၁ ပိုဒ်. ၄]
၄။ ယေဟောဝါသက်သေတွေဟာ ဟောပြောခြင်းနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ တရားရုံးတွေမှာ အမှုရင်ဆိုင်ရတဲ့အခါ အထောက်အကူရနိုင်တဲ့ ဘယ်ကျမ်းစာဆိုင်ရာ အကြောင်းအရာရှိပါသလဲ။ (တ. ၂၅:၁၀-၁၂) [ဇူလိုင် ၂၂၊ bt စ. ၁၉၈ ပိုဒ်. ၆]
၅။ တမန်တော်ပေါလုဟာ ရောမမှာ ထောင်ကျနေတဲ့အချိန်မှာတောင် ဆက်ပြီးသက်သေခံဖို့ နည်းလမ်းတွေကို ဘယ်လိုရှာဖွေခဲ့သလဲ၊ ဒီနေ့ခေတ် ယေဟောဝါရဲ့ ကျေးကျွန်တွေလည်း သူ့ရဲ့စံနမူနာကို ဘယ်လိုလိုက်လျှောက်နိုင်သလဲ။ (တ. ၂၈:၁၇၊ ၂၃၊ ၃၀၊ ၃၁) [ဇူလိုင် ၂၉၊ bt စ. ၂၁၅-၂၁၇ ပိုဒ်. ၁၉-၂၃]
၆။ လိင်တူဆက်ဆံတာကို ဘုရားသခင် လက်ခံသလား။ (ရော. ၁:၂၆၊ ၂၇) [ဩဂုတ် ၅၊ က၁၁ ၁၁/၁ စ. ၇ ပိုဒ်. ၁]
၇။ စီအီး ၃၃ မှာ ခရစ်တော်ယေရှု ပေးဆက်ခဲ့တဲ့ “ရွေးနုတ်ဖိုး” ဟာ ရွေးနုတ်ဖိုးမပေးခင် ‘အတိတ်ကအပြစ်တွေကို’ ဘယ်လိုဖုံးအုပ်ပေးနိုင်သလဲ။ (ရော. ၃:၂၄၊ ၂၅) [ဩဂုတ် ၅၊ က၀၈ ၆/၁၅ စ. ၂၉ ပိုဒ်. ၆]
၈။ ဘာကိုဆုတောင်းရမယ်ဆိုတာကိုတောင် မသိတဲ့အထိ အရမ်းစိတ်ရှုပ်ထွေးရတဲ့ အခြေအနေမျိုးအတွက် ယေဟောဝါဘုရားသခင်ဟာ ဘယ်လိုမေတ္တာပါ အစီအစဉ်ကို ထောက်မပေးထားသလဲ။ (ရော. ၈:၂၆၊ ၂၇) [ဩဂုတ် ၁၂၊ က၀၈ ၆/၁၅ စ. ၃၀ ပိုဒ်. ၁၀]
၉။ “ဧည့်သည်ဝတ်ကို ပြုမြဲပြုကြလော့” ဆိုတဲ့ မိန့်မှာချက်က ဘာအဓိပ္ပာယ်လဲ။ (ရော. ၁၂:၁၃) [ဩဂုတ် ၁၉၊ က၀၉ ၁၀/၁၅ စ. ၅-၆ ပိုဒ်. ၁၂-၁၃]
၁၀။ “သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့” ဆိုတဲ့ ပေါလုရဲ့ တိုက်တွန်းချက်ကို ကျွန်ုပ်တို့ ဘယ်လိုလက်တွေ့ကျင့်သုံးကြမလဲ။ (ရော. ၁၃:၁၄) [ဩဂုတ် ၂၆၊ က၀၅ ၁/၁ စ. ၁၀-၁၁ ပိုဒ် ၂၀-၂၂]