ဇန်နဝါရီ ၁၂ အပတ်အတွက်ဇယား
ဇန်နဝါရီ ၁၂ မှာစမယ့်အပတ်
သီချင်း ၁၁၄ နဲ့ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၁၈၊ အပိုဒ် ၂၀-၂၄၊ စာမျက်နှာ ၁၈၈ က လေးထောင့်ကွက် (၃၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ယောရှု ၂၁-၂၄ (၈ မိ.)
နံပါတ် ၁– ယောရှု ၂၄:၁၄-၂၁ (၃ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– အသက်ဆုကျေးဇူးကို မလေးစားရာရောက်သောကြောင့်—rs စ. ၉၈ အပိုဒ် ၃-စ. ၉၉ အပိုဒ် ၃ (၅ မိ.)
နံပါတ် ၃– ယေဟောဝါဟာ တန်ခိုးအကြီးဆုံး ဖန်ဆင်းရှင်ဖြစ်—igw စ. ၂ အပိုဒ် ၄-စ. ၃ အပိုဒ် ၁ (၅ မိ.)
လုပ်ငန်းတော်စည်းဝေး–
ဒီလအတွက် အဓိကအကြောင်းအရာ– ‘အလွန်နှိမ့်ချသောစိတ်ရှိလျက် သခင်၏အမှုတော်ကို ဆောင်ရွက်ပါ။’—တမန်တော် ၂၀:၁၉။
၁၀ မိ– သခင်ရဲ့အမှုတော်ကို အလွန်နှိမ့်ချတဲ့စိတ်နဲ့ ကြိုးစားဆောင်ရွက်ပါ။ ဆွေးနွေးပါ။ တမန်တော် ၂၀:၁၉ ကိုဖတ်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို မှတ်ချက်ပေးဖို့ ဖိတ်ခေါ်ပါ– (၁) သခင်ရဲ့အမှုတော်ကို ဆောင်ရွက်ပါဆိုတာ ဘာကိုဆိုလိုသလဲ။ (၂) ကျွန်ုပ်တို့ဘဝမှာ ဒါကို ဘယ်လိုနည်းတွေနဲ့ လက်တွေ့ကျင့်သုံးနိုင်မလဲ။ (၃) နှိမ့်ချမှုဆိုတာ ဘာလဲ။ (၄) အမှုဆောင်လုပ်ငန်းအောင်မြင်ဖို့ နှိမ့်ချမှုက ဘယ်လိုထောက်ကူပေးသလဲ။
၂၀ မိ– “အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—ဒေါသထွက်နေတဲ့ အိမ်ရှင်ကို လိမ္မာပါးနပ်စွာတုံ့ပြန်ပါ။” ဆွေးနွေးပါ။ ပြီးနောက် သရုပ်ပြ ၂ ခုကို အတိုချုပ်တင်ဆက်ပါ။ ပထမ၊ ဒေါသထွက်နေတဲ့အိမ်ရှင်ကို ကြေညာသူက ကောင်းကောင်းမတုံ့ပြန်ပုံကို သရုပ်ပြပါ။ ဒုတိယ၊ ကြေညာသူက လိမ္မာပါးနပ်စွာတုံ့ပြန်ပုံကို သရုပ်ပြပါ။ “ဒီလအတွင်း ကြိုးစားကြည့်ပါ” ခေါင်းစဉ်အောက်က အကြံပြုချက်တွေကို ကျင့်သုံးဖို့ အားလုံးကို တိုက်တွန်းပါ။
သီချင်း ၇၆ နဲ့ဆုတောင်းချက်