ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၅၊ ဇွန် ၂၉ မှာစမယ့်အပတ် ဟောပြောသွန်သင်ခြင်းသင်တန်းမှာ သုံးသပ်မှာဖြစ်တယ်။ ပတ်စဉ်သင်တန်းအစီအစဉ်အတွက် ပြင်ဆင်တဲ့အခါ ရှာဖွေလေ့လာနိုင်ဖို့ လေ့လာသုံးသပ်တဲ့အပတ်ရဲ့ ရက်စွဲတွေကို ဖော်ပြပေးထားပါတယ်။
၁။ ဒါဝိဒ်ကို မိခါလ ဘယ်လိုပုံစံမျိုးနဲ့ ပြောဆိုခဲ့သလဲ။ အဲဒီအဖြစ်အပျက်ကနေ ဇနီးမောင်နှံတွေ ဘာသင်ခန်းစာ ယူနိုင်သလဲ။ (၂ ရာ. ၆:၂၀-၂၃) [မေ ၁၁၊ က၁၁ ၈/၁ စ. ၁၂ ပိုဒ်. ၁]
၂။ ဗိမာန်တော်ဆောက်မယ့် ဒါဝိဒ်ရဲ့အစီအစဉ်ကို ပရောဖက်နာသန် ထောက်ခံခဲ့တဲ့အတွက် နာသန်ကို ဘုရားသခင် ဆုံးမတဲ့အခါ သူ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ (၂ ရာ. ၇:၂၊ ၃) [မေ ၁၁၊ က၁၂ ၂/၁၅ စ. ၂၄-၂၅ ပိုဒ်. ၆-၇]
၃။ ကြီးလေးတဲ့အမှားကို ဒါဝိဒ် ကျူးလွန်ခဲ့တယ်လို့ နာသန် တိုက်ရိုက်မပြောဘဲ ၂ ဓမ္မရာဇဝင် ၁၂:၁-၇ မှာပါတဲ့ဇာတ်လမ်းကို ဘာကြောင့် ပြောပြရတာလဲ။ ဒီမှတ်တမ်းက ကျွန်ုပ်တို့ကို ထိရောက်တဲ့သွန်သင်သူတွေဖြစ်ဖို့ ဘယ်လိုထောက်ကူပေးသလဲ။ [မေ ၁၈၊ က၁၂ ၂/၁၅ စ. ၂၄ ပိုဒ်. ၂-၃]
၄။ အစ္စရေးလူတွေကို အဗရှလုံ ဘာကြောင့် အလွယ်တကူလှည့်စားနိုင်ခဲ့တာလဲ။ ဒီနေ့အချိန်မှာ အဗရှလုံလိုမျိုး လူတွေရဲ့ရန်ကနေ ကျွန်ုပ်တို့ကိုယ်ကို ဘယ်လိုကာကွယ်နိုင်မလဲ။ (၂ ရာ. ၁၅:၆) [မေ ၂၅၊ က၁၂ ၇/၁၅ စ. ၁၃ ပိုဒ်. ၇]
၅။ ဒါဝိဒ် ဒုက္ခရောက်ချိန်မှာ သူ လိုအပ်တဲ့အရာတွေကို ဘုရားသခင် ဘယ်လိုထောက်မပေးခဲ့သလဲ။ အဲဒီကနေ ကျွန်ုပ်တို့ ဘာသင်ခန်းစာ ယူနိုင်သလဲ။ (၂ ရာ. ၁၇:၂၇-၂၉) [ဇွန် ၁၊ က၀၈ ၉/၁၅ စ. ၆ ပိုဒ်. ၁၅-၁၆]
၆။ လူမျိုးခြားဖြစ်တဲ့ အိတ္တဲကို ဒါဝိဒ်ဆက်ဆံပုံကနေ ဘာသင်ခန်းစာယူနိုင်သလဲ။ (၂ ရာ. ၁၈:၂) [ဇွန် ၁၊ က၀၉ ၅/၁၅ စ. ၂၇ ပိုဒ်. ၇]
၇။ အသင်းတော်မှာရှိတဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ ဗာဇိလဲရဲ့ပုံနမူနာကနေ ဘာသင်ခန်းစာယူနိုင်သလဲ။ (၂ ရာ. ၁၉:၃၁-၄၀) [ဇွန် ၈၊ က၀၇ ၆/၁ စ. ၂၃-၂၄ ပိုဒ်. ၁၂-၁၃]
၈။ သစ္စာစောင့်သိမှုနဲ့ပတ်သက်ပြီး ဒါဝိဒ်ရဲ့စကားတွေကနေ ဒီနေ့ခေတ် ယေဟောဝါရဲ့ကျေးကျွန်တွေ ဘာကို ယုံကြည်စိတ်ချနိုင်သလဲ။ (၂ ရာ. ၂၂:၂၆) [ဇွန် ၁၅၊ က၁၀ ၆/၁ စ. ၂၆ ပိုဒ်. ၆-၇]
၉။ နာသန်က ဘုရားသခင်အပေါ် သစ္စာစောင့်သိကြောင်း ဘယ်လိုပြသခဲ့သလဲ။ အဲဒီအရည်အသွေးကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်မလဲ။ (၃ ရာ. ၁:၁၁-၁၄) [ဇွန် ၂၂၊ က၁၂ ၂/၁၅ စ. ၂၅ ပိုဒ်. ၁၊ ၄-၅]
၁၀။ ကျွန်ုပ်တို့က ရှောလမုန်လိုမျိုး ဘယ်ကိစ္စရပ်တွေမှာ ဘုရားသခင့်စကားကို နားမထောင်ဘဲ ဆင်ခြေပေးမိနိုင်သလဲ။ (၃ ရာ. ၃:၁) [ဇွန် ၂၉၊ က၁၁ ၁၂/၁၅ စ. ၁၀ ပိုဒ်. ၁၂-၁၄]