ဇူလိုင် ၆ အပတ်အတွက်ဇယား
ဇူလိုင် ၆ မှာစမယ့်အပတ်
သီချင်း ၈၀ နဲ့ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၂၇၊ အပိုဒ် ၁-၉ (၃၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ၃ ဓမ္မရာဇဝင် ၇-၈ (၈ မိ.)
နံပါတ် ၁– ၃ ဓမ္မရာဇဝင် ၈:၂၇-၃၄ (၃ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ဤအောက်မေ့ပွဲကို နေ့စဉ် သို့မဟုတ် အပတ်စဉ် ပြုလုပ်ကြရန် ယေရှုရည်ရွယ်သလော—rs စ. ၂၂၀ အပိုဒ် ၃-စ. ၂၂၁ အပိုဒ်. ၁ (၅ မိ.)
နံပါတ် ၃– စိုးရိမ်ပူပန်မှုတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ—igw စ. ၂၄ အပိုဒ် ၁-၃ (၅ မိ.)
လုပ်ငန်းတော်စည်းဝေး–
ဒီလအတွက် အဓိကအကြောင်းအရာ– “ရှေးကာလကို အောက်မေ့လော့။”—တရား. ၃၂:၇။
၁၀ မိ– ဇူလိုင်လမှာ မဂ္ဂဇင်းတွေ ဝေငှပါ။ ဆွေးနွေးပါ။ (တကယ်လို့ အသင်းတော်မှာ ဇူလိုင်လထုတ် မဂ္ဂဇင်းတွေမရောက်သေးဘူးဆိုရင် ဇွန်လထုတ် မဂ္ဂဇင်းကို အသုံးပြုပြီး တင်ဆက်ပါ။ နမူနာတင်ဆက်နည်းကို မေလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မမှာ ကြည့်ပါ။) ဒီစာမျက်နှာမှာဖော်ပြထားတဲ့ နမူနာတင်ဆက်နည်း နှစ်နည်းကိုသုံးပြီး မဂ္ဂဇင်းတွေဝေငှပုံ သရုပ်ပြခြင်းနဲ့စပါ။ ပြီးနောက် နမူနာတင်ဆက်နည်းတွေကို အစအဆုံးပြန်သုံးသပ်ပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၁၀ မိ– ဘယ်လို လုပ်ခဲ့ကြသလဲ။ ဆွေးနွေးပါ။ “အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင်လုပ်ဆောင်ခြင်း—လူမျိုးအားလုံးအတွက် သတင်းကောင်းဘရိုရှာကိုသုံးပြီး တံခါးဝကျမ်းစာသင်အံမှု စတင်ပါ” ဆောင်းပါးထဲကအချက်တွေကို ကျင့်သုံးခဲ့တဲ့အတွက် အကျိုးရရှိခဲ့ပုံကို မှတ်ချက်ပေးဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။ တွေ့ကြုံမှုကောင်းတွေ ပြန်ပြောပြဖို့ ဖိတ်ခေါ်ပါ။
သီချင်း ၆၇ နဲ့ဆုတောင်းချက်