ကြေညာချက်များ
◼ လူမရှိတဲ့အိမ်တွေမှာ ထားခဲ့တဲ့ ဝေစာတွေ၊ ဖိတ်စာတွေကို “ဘရိုရှာနဲ့ ဝေစာ” အကွက်မှာမှတ်တမ်းထည့်သင့်ပြီး လကုန်တိုင်း ကိုယ့်ရဲ့လယ်ကွင်းမှတ်တမ်းပေးတဲ့အခါမှာလည်း ထည့်ရေတွက်ရမှာဖြစ်ပါတယ်။ လူတစ်ဦးဟာ စိတ်ဝင်စားပြီး ဝေစာလေးတစ်ခုပဲဖြစ်ဖြစ် ယူရင်တောင် စိတ်ဝင်စားမှု မပျောက်သွားအောင် ပြန်လည်ပတ်သင့်ပါတယ်။
◼ ၂၀၁၅၊ အောက်တိုဘာ ၁၉ အပတ်ကနေစပြီး သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ စာအုပ်ကို အသင်းတော်ကျမ်းစာလေ့လာမှုအတွက် သုံးမှာဖြစ်ပါတယ်။ အသင်းတော်မှာ အဲဒီစာအုပ် လုံလုံလောက်လောက်ရှိအောင် ကြိုတင်မှာယူထားသင့်ပါတယ်။ အီလက်ထရွန်နစ်ပုံစံနဲ့စာအုပ်တွေကို ကြိုက်တဲ့သူတွေက jw.org/mya ဝက်ဘ်ဆိုက်ကနေ ကူးယူနိုင်ပါတယ်။