ဇွန် ၈ အပတ်အတွက်ဇယား
ဇွန် ၈ မှာစမယ့်အပတ်
သီချင်း ၆ နဲ့ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၂၅၊ အပိုဒ် ၁၇-၂၁၊ စာမျက်နှာ ၂၅၉ မှလေးထောင့်ကွက် (၃၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ၂ ဓမ္မရာဇဝင် ၁၉-၂၁ (၈ မိ.)
နံပါတ် ၁– ၂ ဓမ္မရာဇဝင် ၁၉:၂၄-၃၇ (၃ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ပျော်ရွှင်မှု ဘယ်လိုရနိုင်သလဲ—igw စ. ၂၂ အပိုဒ် ၁-၃ (၅ မိ.)
နံပါတ် ၃– ဘုရားသခင်သည် တကယ့်ပုဂ္ဂိုလ်တစ်ပါးလော—rs စ. ၁၉၇ အပိုဒ် ၂-၅ (၅ မိ.)
လုပ်ငန်းတော်စည်းဝေး–
ဒီလအတွက် အဓိကအကြောင်းအရာ– “ရှေးကာလကို အောက်မေ့လော့။”—တရား. ၃၂:၇။
၁၀ မိ– “ရှေးကာလကို အောက်မေ့ပါ။” ဒီလအတွက် အဓိကအကြောင်းအရာကို အခြေခံပြီးဟောပြောပါ။ တရားဟောရာ ၄:၉; ၃၂:၇ နဲ့ ဆာလံ ၇၁:၁၅-၁၈ တို့ကိုဖတ်ပြီး ဆွေးနွေးပါ။ ဟောပြောသွန်သင်ခြင်း သမိုင်းကြောင်းမှာပါတဲ့သူတွေနဲ့ အဖြစ်အပျက်တွေကို အောက်မေ့တာက ဒီနေ့ခေတ် သတင်းကောင်းဟောပြောသူတွေအတွက် ဘယ်လို အကျိုးရှိကြောင်း ရှင်းပြပါ။ ကင်းမျှော်စင်ပါ “ကျွန်ုပ်တို့၏ မော်ကွန်းတိုက်မှ” ဆောင်ပါးတွေကို မိသားစုဝတ်ပြုမှုမှာ ဆွေးနွေးသုံးသပ်သွားကြဖို့ ပရိသတ်ကို အားပေးပါ။ ဒီလရဲ့ လုပ်ငန်းတော်စည်းဝေးအပိုင်းတချို့ကို ဖော်ပြပြီး ဒီလအတွက် အဓိကအကြောင်းအရာနဲ့ ဘယ်လိုဆက်စပ်နေသလဲဆိုတာ ဆွေးနွေးပါ။
၂၀ မိ– “အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင်လုပ်ဆောင်ခြင်း—လူမျိုးအားလုံးအတွက် သတင်းကောင်း ဘရိုရှာကိုသုံးပြီး တံခါးဝကျမ်းစာသင်အံမှု စတင်ပါ။” လုပ်ငန်းတော်ကြီးကြပ်မှူး ဆွေးနွေးပါ။ ကျမ်းစာသင်အံမှု ပိုများလာနိုင်တဲ့ အလားအလာရှိတဲ့ အသင်းတော်လယ်ကွင်းလုပ်ငန်းမှတ်တမ်းထဲက သက်ဆိုင်ရာအချက်တွေကို ပြန်သုံးသပ်ပါ။ အတွေ့အကြုံရှိကြေညာသူက လေးထောင့်ကွက်ပါ တင်ဆက်နည်းကိုသုံးပြီး တံခါးဝ ကျမ်းစာသင်အံမှုစတင်ပုံကို သရုပ်ပြပါ။ တံခါးဝကျမ်းစာသင်အံမှုစဖို့ ပရိသတ်ကို အားပေးပါ။
သီချင်း ၂၉ နဲ့ဆုတောင်းချက်