ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၅၊ အောက်တိုဘာ ၂၆ မှာစမယ့်အပတ် ဟောပြောသွန်သင်ခြင်းသင်တန်းမှာ သုံးသပ်မှာဖြစ်တယ်။
ဘုရားသခင့်အမှုတော်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဇွဲရှိရှိလုပ်ဆောင်ဖို့ အရေးကြီးကြောင်း ၄ ဓမ္မရာဇဝင် ၁၃:၁၈၊ ၁၉ မှာ ဘယ်လိုဖော်ပြသလဲ။ [စက်. ၇၊ က၁၀ ၄/၁၅ စ. ၂၆ ပိုဒ်. ၁၁]
ပရောဖက်အဖြစ် ယောနအမှုဆောင်ချိန်အတွင်း အစ္စရေးပြည်မှာ ဘယ်သူအုပ်ချုပ်ခဲ့သလဲ။ ၄ ဓမ္မရာဇဝင် ၁၄: ၂၃-၂၅ အရ ယောနရဲ့ အမှုဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး ဘာနားလည်ရသလဲ။ [စက်. ၇၊ က၀၉ ၁/၁ စ. ၂၅ ပိုဒ်. ၄]
ဘုရင်အာခတ်က ဟေရှာယကတစ်ဆင့် ယေဟောဝါပြောတဲ့စကားကို ယုံကြည်စိတ်ချမှုမရှိကြောင်း ဘယ်လိုဖော်ပြခဲ့သလဲ။ ကျွန်ုပ်တို့လည်း အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ ပြန်မေးသင့်သလဲ။ (၄ ရာ. ၁၆:၇) [စက်. ၁၄၊ က၁၃ ၁၁/၁၅ စ. ၁၇၊ ပိုဒ်. ၅]
ရာဗရှာခရဲ့ ဘယ်ကောက်ကျစ်စဉ်းလဲမှုကို ဒီနေ့ခတ် အတိုက်အခံလုပ်သူတွေ အသုံးပြုနေသလဲ။ အတိုက်အခံလုပ်သူတွေရဲ့ မဟုတ်မမှန် ကျိုးကြောင်းဆင်ခြင်မှုကို ငြင်းပယ်နိုင်အောင် ဘာက ကူညီပေးမလဲ။ (၄ ရာ. ၁၈:၂၂၊ ၂၅) [စက်. ၁၄၊ က၁၀ ၇/၁၅ စ. ၁၃ ပိုဒ်. ၃-၄]
ယောရှိတင်ပြခဲ့တဲ့ နှိမ့်ချမှုပုံသက်သေက ကျမ်းစာဖတ်ရှုခြင်းနဲ့ လေ့လာခြင်းကနေ အပြည့်အဝအကျိုးရနိုင်အောင် ဘယ်လိုကူညီပေးသလဲ။ (၄ ရာ. ၂၂: ၁၉၊ ၂၀) [စက်. ၂၁၊ က၀၀ ၃/၁ စ. ၃၀ ပိုဒ်. ၂]
၄ ဓမ္မရာဇဝင် ၂၅:၂၇-၃၀ မှာဖော်ပြထားတဲ့ ဘုရင်နှစ်ပါးဟာ တကယ်အသက်ရှင်ခဲ့ကြောင်း ရှေးဟောင်းသုတေသနက ဘယ်လိုထောက်ခံသလဲ။ [စက်. ၂၈၊ က၁၂ ၆/၁ စ. ၅ ပိုဒ်. ၂-၃]
ယေဟောဝါဆီ ယာဗက်ဆုတောင်းခဲ့တဲ့ အချက်သုံးချက်က ဘာလဲ။ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး သူ့ဆီကနေ ဘာသင်ယူနိုင်သလဲ။ (၅ ရာ. ၄:၉၊ ၁၀) [အောက်. ၅ က၁၀ ၁၀/၁ စ. ၂၃]
၁ ရာဇဝင်ချုပ် ၅:၁၈-၂၂ မှာဖော်ပြထားတဲ့ စစ်အောင်ပွဲက ဒီနေ့ခေတ် ဘုရားရေးရာပုံဆောင်စစ်ပွဲကို သတ္တိရှိရှိဆက်တိုက်နိုင်ဖို့ ဘယ်လိုခွန်အားပေးသလဲ။ [အောက်. ၁၂ က၀၅ ၁၀/၁ စ. ၉ ပိုဒ်. ၇]
ဒါဝိဒ်က သွေးရဲ့မြင့်မြတ်မှုနဲ့ပတ်သက်တဲ့ ယေဟောဝါပညတ်မှာပါတဲ့ အချက်တွေကို ဘာကြောင့် နားလည်ပြီး လေးစားရတာလဲ။ ဒါဝိဒ်ရဲ့ပုံနမူနာက ကျွန်ုပ်တို့ကို ဘာလုပ်ဖို့ လှုံ့ဆော်ပေးသလဲ။ (၅ ရာ. ၁၁:၁၇-၁၉) [အောက်. ၁၉၊ က၁၂ ၁၁/၁၅ စ. ၆ ပိုဒ်. ၁၂-၁၄]
ပဋိညာဉ်သေတ္တာကို ဂျေရုဆလင်မြို့ဆီသယ်လာဖို့ ဒါဝိဒ် ကြိုးစားတဲ့အခါ ဘာလုပ်ဖို့ ပျက်ကွက်သွားသလဲ။ ဒီမှတ်တမ်းကနေ အရေးကြီးတဲ့ ဘယ်သင်ခန်းစာ ရရှိသလဲ။ (၅ ရာ. ၁၅:၁၃) [အောက်. ၂၆၊ က၀၃ ၅/၁ စ. ၁၀-၁၁ ပိုဒ်. ၁၁-၁၃]