ခရစ်ယာန်အသက်တာလမ်းစဉ်
ကျွန်တော်တို့ရဲ့ ကယ်ဆယ်ရေးလုပ်ငန်းကနေ ကရစ်ဘီယံကျွန်းတွေမှာရှိတဲ့ ခရစ်ယာန်တွေ အကျိုးရရှိကြပုံ
အခုချိန်မှာလည်း ပထမရာစုတုန်းကလိုပဲ သဘာဝဘေးဒဏ် ခံနေရတဲ့ ညီအစ်ကို/မတွေကို မေတ္တာပြဖို့ ကျွန်တော်တို့ အခွင့်အရေး ရထားကြတယ်။ (ယဟ ၁၃:၃၄၊ ၃၅) ကရစ်ဘီယံကျွန်းတွေမှာ နေထိုင်တဲ့ ညီအစ်ကို/မတွေကို ခရစ်ယာန်တွေ ဘယ်လို ကူညီပေးခဲ့ပုံအကြောင်း မေတ္တာပါလုပ်ရပ်—ကျွန်းများပေါ် ကယ်ဆယ်ရေးလုပ်ငန်း ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
အမ်မာနဲ့ မာရီယာ ဟာရီကိန်းမုန်တိုင်းကြောင့် ကရစ်ဘီယံကျွန်းတွေက ညီအစ်ကို/မတွေ ဘယ်လို ထိခိုက်ခဲ့သလဲ။
ခရစ်ယာန်ချင်းတွေကတစ်ဆင့် ကရစ်ဘီယံကျွန်းတွေမှာရှိတဲ့ ညီအစ်ကို/မတွေကို ယေဟောဝါ ဘယ်လို ကူညီပေးခဲ့သလဲ။
ညီအစ်ကိုတွေရဲ့ မေတ္တာနဲ့ ရက်ရောမှုကို မုန်တိုင်းဒဏ်ခံခဲ့ရသူတွေ ဘယ်လို ခံစားခဲ့ရသလဲ။
ကရစ်ဘီယံကျွန်းတွေပေါ် ကယ်ဆယ်ရေးလုပ်ငန်းမှာ ညီအစ်ကို/မ ဘယ်နှယောက် ပါဝင်ခဲ့သလဲ။
ကယ်ဆယ်ရေးလုပ်ငန်းမှာ ကျွန်တော်တို့အားလုံး ဘယ်လို ပါဝင်နိုင်ကြသလဲ။
ဒီဗီဒီယိုကြောင့် မေတ္တာရှိတဲ့ အဖွဲ့အစည်းဝင်ဖြစ်ရတာနဲ့ ပတ်သက်ပြီး ညီအစ်ကို/မတို့ ဘယ်လို ခံစားရသလဲ။