ခရစ်ယာန်အသက်တာလမ်းစဉ်
“ကိုယ်ခန္ဓာမှာ စူးတဲ့ဆူး” ရှိပေမဲ့ အောင်မြင်နိုင်
ဒီခက်ခဲတဲ့ နောက်ဆုံးကာလမှာ ဘုရားသခင်ရဲ့ ကျေးကျွန်အားလုံး ပြဿနာတွေနဲ့ မလွတ်ကင်းကြဘူး။ (၂တိ ၃:၁) အဲဒီပြဿနာတွေကို အောင်မြင်စွာ ဖြေရှင်းဖို့ ယေဟောဝါကို ဘယ်လို အားကိုးနိုင်သလဲ။ တာလိတ အယ်လ်နာရှီနဲ့ သူ့မိဘတွေ လုပ်ဆောင်ခဲ့ရာကို သိရှိနိုင်ဖို့ “မျက်မမြင်တွေ မျက်စိမြင်လာမယ်” ဗီဒီယိုကို ကြည့်ပါ၊ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
တာလိတရဲ့ “ကိုယ်ခန္ဓာမှာ စူးတဲ့ဆူး” ကဘာလဲ။
တာလိတနဲ့ သူ့မိဘတွေ အပြုသဘော ဆက်ရှိနိုင်အောင် ဘယ်ကျမ်းစာကတိတွေက ကူညီပေးခဲ့သလဲ။
တာလိတ မျက်စိခွဲပြီးနောက် သူ့ရဲ့မိဘတွေ ယေဟောဝါကို အားကိုးကြောင်း ဘယ်လို ဖော်ပြခဲ့သလဲ။
ဘုရားသခင်ကို တာလိတ ချစ်လာအောင် အဖွဲ့အစည်း ပြင်ဆင်ပေးတာတွေကို မိဘတွေ ဘယ်လို အသုံးပြုခဲ့ကြသလဲ။
“ကိုယ်ခန္ဓာမှာ စူးတဲ့ဆူး” ရှိပေမဲ့ ယေဟောဝါနဲ့ ပိုရင်းနှီးလာကြောင်း တာလိတ ဘယ်လို ဖော်ပြခဲ့သလဲ။
တာလိတရဲ့ ပုံသက်သေက ညီအစ်ကို/မတို့အတွက် ဘယ်လို အားပေးမှု ဖြစ်စေသလဲ။