ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ကောရိန္သု ၁၁-၁၃
ပေါလုရဲ့ “ကိုယ်ခန္ဓာမှာ စူးတဲ့ဆူး”
ဒုက္ခပေးတတ်တဲ့၊ ထိခိုက်ပျက်စီးအောင် လုပ်တတ်တဲ့ လူတွေ၊ ပြဿနာဖြစ်စေတဲ့ အရာတွေကို ကျမ်းစာမှာ ဆူးနဲ့ တင်စားလေ့ရှိတယ်။ (တလ ၃၃:၅၅။ ပ ၂၂:၅။ ယဇ ၂၈:၂၄) မိမိရဲ့ “ကိုယ်ခန္ဓာမှာ စူးတဲ့ဆူး” အကြောင်း ပေါလု ရေးတဲ့အခါ တမန်တော် အတုအယောင်တွေ၊ မိမိရဲ့ တမန်တော် အခွင့်အရာနဲ့ အလုပ်ကို တိုက်ခိုက်သူတွေကို ရည်ညွှန်းတာ ဖြစ်နိုင်တယ်။ ပေါလုရဲ့ “ကိုယ်ခန္ဓာမှာ စူးတဲ့ဆူး” က နောက်ထပ် ဘာဖြစ်နိုင်သလဲဆိုတာ အောက်ပါကျမ်းချက်တွေက ဘယ်လို ဖော်ပြသလဲ။
ညီအစ်ကို/မတို့ရဲ့ “ကိုယ်ခန္ဓာမှာ စူးတဲ့ဆူး” ကဘာလဲ
ဆက်ခံရပ်နိုင်ဖို့ ယေဟောဝါကို ဘယ်လို အားကိုးနိုင်သလဲ