ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb19 ဩဂုတ် စာ. ၃
  • ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ ပေါင်းသင်းပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ ပေါင်းသင်းပါ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယောရှက မကောင်းတဲ့ အပေါင်းအသင်းတွေကြောင့် ယေဟောဝါကို စွန့်ခွာခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယေဟောဝါကို ဘာကြောင့် ကြောက်ရွံ့သင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • သတ္တိရှိရှိလုပ်ဆောင်သူတွေကို ယေဟောဝါ ဆုချ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ယောယဒရဲ့ ရဲစွမ်းသတ္တိ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
mwb19 ဩဂုတ် စာ. ၃

ခရစ်ယာန်အသက်တာလမ်းစဉ်

ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ ပေါင်းသင်းပါ

ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ ဘာကြောင့် ပေါင်းသင့်သလဲ။ အပေါင်းအသင်းက ကျွန်တော်တို့အပေါ် အကောင်းဘက် ဒါမှမဟုတ် အဆိုးဘက်ကို ဩဇာလွှမ်းမိုးနိုင်လို့ပဲ။ (ပ ၁၃:၂၀) ဥပမာ၊ ဘုရင် ယောရှဟာ ပုရောဟိတ်မင်း ယောယဒနဲ့ အတူရှိနေချိန်တစ်လျှောက်လုံး “ယေဟောဝါရှေ့မှာ မှန်ရာကို” လုပ်ခဲ့တယ်။ (၂ရာ ၂၄:၂) ယောယဒ ကွယ်လွန်ပြီးတဲ့နောက်မှာ ယောရှဟာ မကောင်းတဲ့ အပေါင်းအသင်းတွေကြောင့် ယေဟောဝါကို စွန့်ခွာခဲ့တယ်။—၂ရာ ၂၄:၁၇-၁၉။

ပထမရာစုတုန်းက တမန်တော် ပေါလုဟာ ခရစ်ယာန်အသင်းတော်ကို “အိမ်ကြီးတစ်လုံး” နဲ့၊ အသင်းသားတွေကို အသုံးအဆောင်တွေဖြစ်တဲ့ “အိုး” တွေနဲ့ နှိုင်းယှဉ်ခဲ့တယ်။ ကျွန်တော်တို့က ယေဟောဝါ မကြိုက်တာကို လုပ်တဲ့ မိသားစုဝင်တွေ၊ အသင်းသားတွေနဲ့ ရင်းရင်းနှီးနှီး မပေါင်းသင်းဘူးဆိုရင် “အသရေရှိတဲ့နေရာမှာ သုံး” တဲ့ အသုံးအဆောင်တွေ ဖြစ်ကြတယ်။ (၂တိ ၂:၂၀၊ ၂၁) ဒါကြောင့် ကျွန်တော်တို့ဟာ ယေဟောဝါကို ချစ်တဲ့သူတွေ၊ ဘုရားအမှုဆောင်ဖို့ အားပေးတဲ့သူတွေနဲ့ပဲ ဆက်ပေါင်းသင်းချင်ကြပါတယ်။

မကောင်းတဲ့အပေါင်းအသင်းတွေကို ရှောင်ဖို့ သင်ယူပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • ဘယ်လိုနည်းတွေနဲ့ မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ ပေါင်းမိနိုင်သလဲ။

  • မကောင်းတဲ့အပေါင်းအသင်းကို အဆက်ဖြတ်ဖို့ ဗီဒီယိုထဲက ခရစ်ယာန်သုံးယောက်ကို ဘာက ကူညီပေးခဲ့သလဲ။

  • အပေါင်းအသင်းကို ပညာရှိရှိ ရွေးချယ်ဖို့ ဘယ်ကျမ်းစာမူတွေက ကူညီပေးနိုင်သလဲ။

စားသောက်ဆိုင်မှာ ဖောက်သည်တွေကို ဂျွန်က ဝိုင်ငဲ့ပေးနေစဉ်။ လူမှုဆက်သွယ်ရေးမီဒီယာကို ခရစ္စတန် ကြည့်နေစဉ်။ ဂျေတန် အွန်လိုင်းဂိမ်း ကစားနေစဉ်။ အသင်းတော်အစည်းအဝေးမှာ ဂျွန်နဲ့ မိသားစု၊ ခရစ္စတန်၊ ဂျေတန်တို့ကို တွေ့ရစဉ်

ငါဟာ “အသရေရှိတဲ့နေရာမှာ သုံး” တဲ့ အသုံးအဆောင် လား။—၂တိ ၂:၂၁

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ