ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb26 ဇန်နဝါရီ စာ. ၁၂-၁၃
  • ဖေဖော်ဝါရီ ၁၆-၂၂

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖေဖော်ဝါရီ ၁၆-၂၂
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၆
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၆
mwb26 ဇန်နဝါရီ စာ. ၁၂-၁၃

ဖေဖော်ဝါရီ ၁၆-၂၂

ဟေရှာယ ၃၆-၃၇

သီချင်း ၁၅၀ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ “ပြောဆိုနေတာကို ကြားရလို့ ကြောက်မနေနဲ့”

(၁၀ မိ.)

ယေဟောဝါရဲ့ လူမျိုးကို ခြိမ်းခြောက်ဖို့ ရာဗရှာခ ဂျေရုဆလင်မြို့ကို ရောက်လာ (ရှာ ၃၆:၁၊ ၂။ it “ဟေဇကိ” နံပါတ် ၁ ပိုဒ်. ၁၄)

ကူကယ်ရာမဲ့ဖြစ်နေတယ်လို့ ဂျူးတွေ ခံစားရအောင် ပြောဆို (ရှာ ၃၆:၈။ ip-1 ၁၈၄-၁၈၅ ပိုဒ်. ၁၀)

ယေဟောဝါနဲ့ ဘုရင်ကို အစ္စရေးတွေ အားကိုးနေတာကို ရာဗရှာခ လှောင်ပြောင် (ရှာ ၃၆:၇၊ ၁၈-၂၀။ ip-1 ၁၈၅ ပိုဒ်. ၁၃-၁၄)

ရာဗရှာခက ဂျေရုဆလင်မြို့ရိုးရှေ့ မြင်းရထားပေါ်ကနေ လှမ်းအော်ပြောနေတာကို စစ်သားတွေ မြို့ရိုးပေါ်ကနေ နားထောင်နေ။

ယေဟောဝါရဲ့ လူမျိုးဟာ အနိုင်ကျင့်သူတွေကို ကြောက်စရာမလိုပါ။—ရှာ ၃၇:၆၊ ၇

မိသားစုဝတ်ပြုမှုမှာ လုပ်ဆောင်နိုင်ရာ– ‘အို ယေဟောဝါ၊ ကိုယ်တော့်ကို ယုံကြည်ကိုးစားပါတယ်၊’ ဗီဒီယို ကြည့်ပြီး သင်ခန်းစာတွေကို ဆွေးနွေးပါ။

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ရှာ ၃၇:၃၆—ကောင်းကင်တမန်တွေနဲ့ပတ်သက်ပြီး ဒီကျမ်းပိုဒ်ကနေ ဘာသင်ယူရရှိသလဲ။ (က၂၁.၀၃ ၂၉ ပိုဒ်. ၁၄)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေကို ဝေမျှချင်သလဲ။

၃။ ကျမ်းစာဖတ်ရှုခြင်း

(၄ မိ.) ရှာ ၃၇:၁၄-၂၃ (th သင်ခန်းစာ ၂)

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၃ မိ.) တစ်အိမ်မှတစ်အိမ်။ လူတွေကိုချစ်ပါ စာစောင် နောက်ဆက်တွဲ က ထဲက အချက်တစ်ခု ဝေမျှပါ။ (lmd သင်ခန်းစာ ၁ အချက် ၄)

၅။ စကားစမြည် စပြောခြင်း

(၄ မိ.) အလွတ်သဘော သက်သေခံခြင်း။ (lmd သင်ခန်းစာ ၃ အချက် ၅)

၆။ ယုံကြည်ချက် ရှင်းပြခြင်း

(၅ မိ.) သရုပ်ပြ။ ijwbq ဆောင်းပါး ၁၁၀ ပိုဒ်. ၁-၄—အဓိကအကြောင်း– နှစ်ခြင်းဆိုတာ ဘာလဲ။ (th သင်ခန်းစာ ၁၇)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၁၁၈

၇။ “မင်းက ဘာအားကိုးနဲ့ စိတ်ချလက်ချ ဖြစ်နေတာလဲ”

(၁၅ မိ.) ဆွေးနွေးပါ။

ဘုရားကို ယုံလို့၊ ကျမ်းစာကို ယုံကြည်လို့၊ ယေဟောဝါသက်သေတစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်လို့ မေးခွန်းမေးခံရတာ၊ လှောင်ပြောင်ခံရတာ ကြုံဖူးသလား။ ကြုံရတဲ့အခါ ဘာပြန်ပြောရမလဲမသိဖြစ်ပြီး ကြောက်စိတ်ဝင်မိနိုင်တယ်။ တခြားသူတွေရဲ့အပြောကြောင့် သံသယစိတ်တောင် ဝင်လာနိုင်တယ်။ ဒီလိုမဖြစ်အောင် ဘာလုပ်နိုင်သလဲ။

ဟေရှာယ ၃၆:၄ ကိုဖတ်ပါ။ ပြီးနောက် ပရိသတ်ကိုမေးပါ–

  • ကိုယ့်ယုံကြည်ချက်ဟာ အမှန်တရားဖြစ်တယ်ဆိုတာ အပြည့်အဝ စိတ်ချဖို့ ဘာကြောင့် အရေးကြီးသလဲ။

ဆယ်ကျော်သက် ဘဝ—ဘုရားသခင်ကို ယုံကြည်တာ ယုတ္တိတန်ရဲ့လား ဗီဒီယို ပြပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–

  • အယ်လဘော်ဒိုနဲ့ ခရစ်စတယ် မိမိတို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့လာအောင် ဘာလုပ်ခဲ့ကြသလဲ။

  • ဘုရားတည်ရှိတယ်ဆိုတာကို သင် ဘာကြောင့် ယုံကြည်သလဲ။

  • အောက်ပါအချက်တွေကို ယုံကြည်စိတ်ချအောင် ဘယ်ကျမ်းချက်တွေက သင့်ကို အထောက်အကူပြုသလဲ။

    ဘုရား သင့်ကို ချစ်တယ်။

    သင့်ကို ယေဟောဝါ အမြဲ ကူညီပေးမယ်။

    ဘုရားလူမျိုး ဘယ်သူမှန်း တွေ့ရှိထားတယ်။

ကျောင်းခန်းထဲမှာ ဆရာက ပုံမကျပန်းမကျ ဦးခေါင်းခွံတစ်ခုကိုင်ထား၊ အခန်းဖော် အတော်များများက လက်ထောင်နေကြပေမဲ့ လူငယ်ညီအစ်ကိုက အသေအချာ စဉ်းစားနေ။

အောက်ပါအချက်တွေနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ ယုံကြည်ခြင်းကို ပိုခိုင်ခံ့စေချင်တယ်။

သင့်ယုံကြည်ခြင်း ခိုင်ခံ့အောင် ဘာလုပ်မလဲ။

၈။ အသင်းတော် ကျမ်းစာလေ့လာမှု

(၃၀ မိ.) lfb သင်ခန်းစာ ၆၂-၆၃

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၉ နဲ့ ဆုတောင်းချက်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ