ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ စက်တင်ဘာ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • အစိုးရ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • အခွင့်အာဏာအပေါ် ခရစ်ယာန်အမြင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဘုရားသခင့် ငြိမ်းချမ်းရေးအစိုးရ
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ စက်တင်ဘာ စာ. ၃၁
ကောင်းကင်တမန်တွေ ခြံရံနေတဲ့ မြစိမ်းရောင် ပလ္လင်ပေါ်မှာ ယေဟောဝါ ထိုင်နေ။ ပလ္လင်ပတ်လည်မှာ တောက်ပတဲ့ အလင်းရောင်တွေ ဖြာထွက်နေ။

စာရှုသူများထံမှ မေးခွန်းလွှာ

ဒေသနာ ၅:၈ က လူ့အစိုးရကိုပဲ ဆိုလိုသလား၊ ယေဟောဝါကိုလည်း ဆိုလိုသလား။

“ကိုယ့်ဒေသမှာ ဆင်းရဲသားကို ဖိနှိပ်နေတာ၊ တရားမျှတမှုနဲ့ ဖြောင့်မတ်မှုကို ချိုးဖောက်နေတာကို တွေ့တဲ့အခါ မအံ့ဩပါနဲ့။ အဲဒီလိုလုပ်တဲ့ မင်းအရာရှိကို သူ့ထက် ကြီးမြတ်တဲ့သူက စောင့်ကြည့်နေတယ်။ သူတို့ထက် ကြီးမြတ်တဲ့သူတွေလည်း ရှိသေးတယ်” လို့ အဲဒီအခန်းငယ်မှာ ပြောတယ်။—ဒေ. ၅:၈။

လူ့ရှုထောင့်က ကြည့်ရင် အဲဒီကျမ်းချက်ဟာ အစိုးရအရာရှိတွေကို ရည်ညွှန်းတယ်။ ဒါပေမဲ့ အသေအချာ စဉ်းစားလိုက်ရင် ကျွန်တော်တို့ကို နှစ်သိမ့်မှု ဖြစ်စေနိုင်တဲ့ ယေဟောဝါနဲ့ပတ်သက်တဲ့ အမှန်တရားကိုလည်း ဖော်ပြထားတယ်။

ဆင်းရဲသားကို ဖိနှိပ်ပြီး တရားမျှတမှု မရှိတဲ့ အုပ်စိုးရှင်အကြောင်း ဒေသနာ ၅:၈ မှာ ဖော်ပြတယ်။ အဲဒီအုပ်စိုးရှင်က သူ့ထက် ပိုကြီးမြတ်တဲ့သူတစ်ယောက်၊ အခွင့်အာဏာ ပိုရှိသူတစ်ယောက် သူ့ကို ကြည့်နေတယ်ဆိုတာ သတိရသင့်တယ်။ သူတို့ထက် ပိုကြီးမြတ်သူတွေလည်း ရှိနိုင်သေးတယ်။ ဒါပေမဲ့ လူ့အစိုးရတွေဟာ အကျင့်ပျက် ခြစားတယ်။ သူတို့ရဲ့ အကျင့်ပျက် ခြစားမှုကြောင့် ပြည်သူတွေ ဒုက္ခရောက်ကြရတယ်။

အခြေအနေတွေ ဘယ်လောက်ပဲ ဆိုးနေပါစေ အခွင့်အာဏာ ပိုရှိတယ်ဆိုတဲ့ မင်းအရာရှိတွေထက် ကြီးမြတ်တဲ့ ယေဟောဝါ စောင့်ကြည့်နေတယ်ဆိုတာ သိရခြင်းက အားရှိစရာပါပဲ။ ဘုရားဆီ ကျွန်တော်တို့ အကူအညီ တောင်းနိုင်ပြီး ထမ်းထားရတဲ့ဝန်ကို ပုံအပ်နိုင်တယ်။ (ဆာ. ၅၅:၂၂။ ဖိ. ၄:၆၊ ၇) “ယေဟောဝါဘုရားက စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုသူတွေရဲ့ အကျိုးအတွက် အစွမ်းတန်ခိုး ပြဖို့ မြေတစ်ပြင်လုံးကို ဂရုတစိုက် ကြည့်နေ” မှန်း ကျွန်တော်တို့ သိတယ်။—၂ ရာ. ၁၆:၉။

ဒေသနာ ၅:၈ က လူ့အစိုးရမှာ ပိုကြီးမြတ်တဲ့သူတစ်ယောက် အမြဲရှိနေတယ်ဆိုတဲ့ အခြေအနေမှန်ကို အမှတ်ရစေတယ်။ ယေဟောဝါဟာ အကြီးမြတ်ဆုံးအရှင်၊ တန်ခိုးအကြီးမားဆုံးအရှင် ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း အဲဒီကျမ်းချက်က သိစေတယ်။ အခုဆိုရင် ယေဟောဝါဟာ နိုင်ငံတော်ဘုရင် သားတော် ယေရှုခရစ်အားဖြင့် အုပ်ချုပ်နေတယ်။ အရာခပ်သိမ်းကို စောင့်ကြည့်နေတဲ့ အနန္တတန်ခိုးရှင်ရော ဘုရားရဲ့ သားတော်ပါ အပြည့်ဝဆုံးသဘောနဲ့ တရားမျှတကြောင်း ကျွန်တော်တို့ စိတ်ချနိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ