ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၂ အမှတ် ၁ စာ. ၄-၅
  • ဘာကြောင့် မုန်းတီးမှု သံသရာ လည်နေသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာကြောင့် မုန်းတီးမှု သံသရာ လည်နေသလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မုန်းတီးမှုဆိုတာ ဘာလဲ
  • မုန်းတီးတဲ့စိတ် ဘယ်လို ဝင်လာသလဲ
  • မုန်းတီးမှု ဘယ်လို ပျံ့နှံ့သွားသလဲ
  • မုန်းတီးမှုရဲ့ အစကို ကျမ်းစာမှာ ဖော်ပြထား
  • မုန်းတီးမှုကို ချေဖျက်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
  • မုန်းတီးမှု ထာဝစဉ် ပျောက်ကွယ်သွားမယ့်အချိန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
  • လူတွေ ဘာကြောင့် ဒီလောက်တောင် အမုန်းပွားနေကြသလဲ—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • နိဒါန်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
ကလ၂၂ အမှတ် ၁ စာ. ၄-၅

ဘာကြောင့် မုန်းတီးမှု သံသရာ လည်နေသလဲ

ကမ္ဘာပေါ်မှာ ဘာကြောင့် အမုန်းသံသရာ လည်နေသလဲ။ အကြောင်းရင်းကို သိဖို့ မုန်းတီးမှုဆိုတာ ဘာလဲ၊ လူတွေ ဘာကြောင့် မုန်းကြသလဲ၊ မုန်းတီးမှု ဘယ်လို ပျံ့နှံ့သွားသလဲဆိုတာ နားလည်ဖို့ လိုတယ်။

မုန်းတီးမှုဆိုတာ ဘာလဲ

မုန်းတီးမှုဆိုတာ လူတစ်ယောက်၊ အုပ်စုတစ်စုကို အလွန်အမင်း မနှစ်မြို့တာ၊ ရန်လိုစိတ် ပြင်းထန်တာ ဖြစ်တယ်။ အဲဒါက တစ်ခဏလောက် ဒေါသထွက်တာပဲ မဟုတ်ဘူး။

မုန်းတီးတဲ့စိတ် ဘယ်လို ဝင်လာသလဲ

အကြောင်းအမျိုးမျိုးကြောင့် လူတွေမှာ မုန်းတီးစိတ် ဝင်လာတယ်။ သူတို့ရဲ့ လုပ်ရပ်ကြောင့် မဟုတ်ဘဲ လူမျိုးတစ်မျိုး၊ လူတန်းစားတစ်ရပ် ဖြစ်နေလို့ မုန်းတီးကြတယ်။ သူတို့က ဆိုးတယ်၊ အန္တရာယ်ပေးနိုင်တယ်၊ ဘယ်တော့မှ လူကောင်း ဖြစ်လာမှာ မဟုတ်ဘူးလို့ သတ်မှတ်ပြီး မုန်းတီးကြတယ်။ နိမ့်ကျသူတွေ၊ ဒုက္ခပေးသူတွေ၊ ပြဿနာကောင်တွေအဖြစ် သူတို့ကို ရှုမြင်ကြတယ်။ အမုန်းခံရတဲ့သူတွေဟာ အကြမ်းဖက်ခံရ၊ မတရားဆက်ဆံခံရ၊ အနိုင်ကျင့်ခံရလို့ ရန်လိုစိတ် အမြစ်စွဲသွားတယ်။

မုန်းတီးမှု ဘယ်လို ပျံ့နှံ့သွားသလဲ

တစ်ခါတလေ လူတွေဟာ ကိုယ်မတွေ့ဖူးတဲ့သူတွေကိုတောင် မုန်းကြတယ်။ ဥပမာ၊ လူမျိုးတစ်မျိုး၊ အုပ်စုတစ်စုအပေါ်ထားတဲ့ ကိုယ့်မိသားစု၊ မိတ်ဆွေတွေရဲ့ သဘောထားက ကိုယ့်ကို လွှမ်းမိုးနိုင်တယ်။ အဲဒီလိုနဲ့ သဘောထား ကူးစက်ပြီး မုန်းတီးမှု အလွယ်တကူ ပျံ့နှံ့သွားနိုင်တယ်။

မုန်းတီးမှုက အလွယ်တကူ ကူးစက်တယ်ဆိုတာ သိရတဲ့အခါ တခြားသူတွေကို မုန်းတဲ့သူ ဘာကြောင့် ဒီလောက် များတယ်ဆိုတာ နားလည်လာတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က မုန်းတီးမှု သံသရာကို ချေဖျက်ဖို့ မုန်းတီးမှု အစပြုခဲ့ပုံကို သိဖို့လိုတယ်။ အဲဒီအကြောင်းကို သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။

မုန်းတီးမှုရဲ့ အစကို ကျမ်းစာမှာ ဖော်ပြထား

မုန်းတီးမှု သံသရာ လည်ရတဲ့ အကြောင်းရင်းတွေကို ဖော်ပြတဲ့ အပြန်အလှန် ညွှန်ပြနေတဲ့ မြှားနှစ်စင်း။ ၁။ လူတွေရဲ့ဖိအား၊ လူမှုမီဒီယာ၊ သတင်းမီဒီယာ အပါအဝင် မမှန်ကန်တဲ့ သတင်းအချက်အလက်။ ၂။ ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာတရားအကြောင်း မသိရှိခြင်း။ ၃။ ပြောင်းလဲရမှာ၊ ဆုံးရှုံးမှာ၊ ဘာဖြစ်လာမယ်မှန်း မသိတာကို ကြောက်ရွံ့ခြင်း။ ၄။ မလိုမုန်းထား၊ ခွဲခြားဆက်ဆံ၊ အကြမ်းဖက်မှု အပါအဝင် မုန်းတီးခြင်း။

မုန်းတီးမှုဟာ လူသားတွေကနေ အစပြုတာ မဟုတ်ဘူး။ ကောင်းကင်မှာ စာတန်မာရ်နတ်လို့ ခေါ်တဲ့ ကောင်းကင်တမန်က ဘုရားသခင်ကို ပုန်ကန်တဲ့အချိန်မှာ မုန်းတီးမှု အစပြုခဲ့တယ်။ မာရ်နတ်ဟာ ပုန်ကန်မှု “စကတည်းက လူ့အသက် သတ်တဲ့သူပဲ။” “မုသားပြောသူ၊ မုသားရဲ့ အဖ” ဖြစ်လို့ အခုထက်ထိ မုန်းတီးမှုနဲ့ ရန်လိုမှုကို ဆက်အားပေးအားမြှောက် လုပ်နေတုန်းပဲ။ (ယောဟန် ၈:၄၄။ ၁ ယောဟန် ၃:၁၁၊ ၁၂) ကျမ်းစာမှာ မာရ်နတ်ကို မလိုတမာစိတ်ရှိသူ၊ ဒေါသကြီးသူအဖြစ် ဖော်ပြထားတယ်။—ယောဘ ၂:၇။ ဗျာဒိတ် ၁၂:၉၊ ၁၂၊ ၁၇။

မစုံလင်တဲ့သူတွေဟာ အလွယ်တကူ မုန်းတီးတတ်တယ်။ ပထမလူသား အာဒံဟာ စာတန်ရဲ့ အပြစ်လမ်းစဉ်နောက် လိုက်ခဲ့တယ်။ ဒါကြောင့် လူသားအားလုံးဟာ အပြစ်နဲ့ မစုံလင်မှုကို အမွေရခဲ့တယ်။ (ရောမ ၅:၁၂) အာဒံရဲ့ သားဦး ကာအိနဟာ ညီအာဗေလကို မုန်းတဲ့စိတ်နဲ့ သတ်ခဲ့တယ်။ (၁ ယောဟန် ၃:၁၂) လူအတော်များများမှာ မေတ္တာနဲ့ ထောက်ထားစာနာမှု ရှိကြတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အပြစ်ကို အမွေရထားလို့ လူများစွာဟာ အတ္တကြီးတယ်၊ မနာလိုဖြစ်တယ်၊ မာနကြီးကြတယ်။ ဒါကြောင့် မုန်းတီးမှု ဖြစ်ပေါ်လာတယ်။—၂ တိမောသေ ၃:၁-၅။

သဘောထား သေးသိမ်မှုက မုန်းတီးစိတ်ကို ဖြစ်ပေါ်စေတယ်။ အကြင်နာမဲ့တဲ့၊ ထိခိုက်နစ်နာစေတဲ့ သဘောထားတွေ၊ လုပ်ရပ်တွေကြောင့် ကမ္ဘာပေါ်မှာ မုန်းတီးမှုတွေ ပိုများလာတယ်။ သဘောထား သေးသိမ်၊ မလိုမုန်းထား၊ စော်ကားတဲ့ အပြောအဆို၊ အနိုင်ကျင့်ဗိုလ်ကျ၊ ဖျက်လိုဖျက်ဆီးမှုတွေ များနေတာက တစ်လောကလုံးဟာ ဆိုးညစ်သူ စာတန် မာရ်နတ်ရဲ့ ဩဇာအောက်မှာ ရှိနေလို့ပဲ။—၁ ယောဟန် ၅:၁၉။

ကျမ်းစာမှာ မုန်းတီးမှုရဲ့ အစကိုသာမက ဖြေရှင်းနည်းကိုပါ ဖော်ပြထားတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ