ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၂ အမှတ် ၁ စာ. ၆-၇
  • ၁ | မျက်နှာမလိုက်ပါနဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၁ | မျက်နှာမလိုက်ပါနဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာ သွန်သင်ချက်–
  • ဆိုလိုတာက–
  • လုပ်ဆောင်နိုင်တဲ့ အချက်
  • တိတု—‘သင်တို့အမှုကို ပေါင်းဖော်ဆောင်ရွက်သူချင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ၃ | မုန်းတီးမှုကို စိတ်ထဲက ထုတ်ပစ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
  • ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • မုန်းတီးမှု သံသရာကို ချေဖျက်နိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၂
ကလ၂၂ အမှတ် ၁ စာ. ၆-၇
လူမည်းတစ်ယောက်က လူဖြူတစ်ယောက်ရဲ့ ပြုံးနေတဲ့ ဓာတ်ပုံကို ကိုင်ထားပြီး လူဖြူတစ်ယောက်က လူမည်းတစ်ယောက်ရဲ့ ပြုံးနေတဲ့ ဓာတ်ပုံကို ကိုင်ထားစဉ်။ ဒေါသမျက်နှာတွေနဲ့ ဓာတ်ပုံတွေကို နောက်ခံမှာ တွေ့ရစဉ်။

မုန်းတီးမှု သံသရာကို ချေဖျက်နိုင်ပုံ

၁ | မျက်နှာမလိုက်ပါနဲ့

ကျမ်းစာ သွန်သင်ချက်–

“ဘုရားသခင် မျက်နှာမလိုက်[ဘူး]။ . . . ဘယ်လူမျိုးဖြစ်ဖြစ် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မှန်ရာလုပ်မယ်ဆိုရင် ဘုရားရဲ့ နှစ်သက်လက်ခံမှုကို ရတာပဲ။”—တမန်တော် ၁၀:၃၄၊ ၃၅။

ဆိုလိုတာက–

ယေဟောဝါa ဘုရားသခင်က ကျွန်တော်တို့ရဲ့ နိုင်ငံသား၊ လူမျိုး၊ အသားအရောင်၊ ယဉ်ကျေးမှုပေါ် အခြေခံပြီး မစီရင်ဘူး။ ကျွန်တော်တို့ရဲ့ အတွေးအခေါ်၊ လိုအင်ဆန္ဒတွေ ဖြစ်တဲ့ အတွင်းသဘောကိုပဲ အာရုံစိုက်တယ်။ “လူတွေက အပြင်ပန်းကိုပဲ ကြည့်တတ်တယ်။ ယေဟောဝါကတော့ နှလုံးသားကို ကြည့်တယ်။”—၁ ရှမွေလ ၁၆:၇။

လုပ်ဆောင်နိုင်တဲ့ အချက်

ကျွန်တော်တို့က လူတွေရဲ့ စိတ်နှလုံးကို မမြင်နိုင်ပေမဲ့ ဘုရားသခင်ကို အတုယူဖို့၊ မျက်နှာမလိုက်ဖို့ ကြိုးစားနိုင်တယ်။ လူတွေကို အုပ်စုလိုက် မမြင်ဘဲ တစ်ဦးချင်းစီကို မြင်ဖို့ ကြိုးစားပါ။ တခြားလူမျိုး၊ နိုင်ငံသားအပေါ် အပျက်သဘောထား ရှိတယ်ဆိုရင် အဲဒါကို အမြစ်ကနေ ဖယ်ထုတ်နိုင်ဖို့ ကူညီပေးပါလို့ ဘုရားသခင်ဆီ ဆုတောင်းပါ။ (ဆာလံ ၁၃၉:၂၃၊ ၂၄) မျက်နှာမလိုက်အောင် ကူညီပေးပါလို့ စိတ်ရင်းမှန်နဲ့ ယေဟောဝါဆီ အကူအညီ တောင်းမယ်ဆိုရင် ကိုယ့်ရဲ့ ဆုတောင်းချက်ကို ဘုရားနားထောင်ပြီး ကူညီပေးမယ်ဆိုတာ စိတ်ချပါ။—၁ ပေတရု ၃:၁၂။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည်ပါ။—ဆာလံ ၈၃:၁၈။

“လူဖြူတစ်ယောက်နဲ့ ရန်မဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းတောင် တစ်ခါမှ အတူ မထိုင်ခဲ့ဖူးဘူး။ အခုတော့ ကျွန်တော်ဟာ စစ်မှန်တဲ့ ကမ္ဘာချီ ညီအစ်ကို အသင်းအပင်းဝင်တစ်ယောက် ဖြစ်နေပါပြီ။”—တိုင်းတပ်စ်

ဘဝဖြစ်ရပ်မှန်—တိုင်းတပ်စ်

မုန်းတီးမှု သံသရာကို ချေဖျက်ခဲ့

တိုင်းတပ်စ်။

တိုင်းတပ်စ်ဟာ မမျှတတဲ့ လူမျိုးရေး ခွဲခြားမှု ဥပဒေတွေကြောင့် အကြမ်းဖက်ဂိုဏ်းသား ဖြစ်လာခဲ့တယ်။ “လူမည်းတွေကို လက်မခံတဲ့ ဟိုတယ်တို့၊ အရက်ဘားတို့စတဲ့ မြို့ထဲက နေရာတွေကို ရန်ရှာဖို့ သွားကြတယ်” လို့ သူ ပြောတယ်။ သူ့မှာ အမုန်းတရားတွေ ပြည့်နေပြီး ကြမ်းတမ်းရမ်းကားသူ ဖြစ်လာတယ်လို့ ဝန်ခံတယ်။ “ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် တစ်ယောက်ယောက်နဲ့ စကားများပြီဆိုရင် ဦးဆုံး စထိုးတဲ့သူက ကျွန်တော်ပဲ” လို့ သူ ပြောတယ်။

တိုင်းတပ်စ်ဟာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတဲ့အခါ ပြောင်းလဲသွားတယ်။ ကျမ်းစာဖတ်တာက သူ့အပေါ် တော်တော် အကျိုးသက်ရောက်ခဲ့တယ်။ အထူးသဖြင့် “သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး” ဆိုတဲ့ အနာဂတ်နဲ့ဆိုင်တဲ့ ကတိက သူ့အတွက် လှုံ့ဆော်မှု ဖြစ်ခဲ့တယ်။—ဗျာဒိတ် ၂၁:၃၊ ၄။

အစပိုင်းမှာတော့ အမုန်းတရားကို တိုက်ထုတ်ဖို့ တိုင်းတပ်စ် အတော် ကြိုးစားခဲ့ရတယ်။ “ကျွန်တော့်တွေးခေါ်ပုံနဲ့ ပြုမူပုံကို ပြောင်းလဲဖို့ တော်တော် ခက်တယ်” လို့ သူ ပြောတယ်။ ဒါပေမဲ့ တမန်တော် ၁၀:၃၄၊ ၃၅ မှာ ပါတဲ့ ဘုရားသခင်ဟာ မျက်နှာမလိုက်ဘူးဆိုတဲ့ အချက်ကို သိလာတာက အကူအညီ ဖြစ်ခဲ့တယ်။

ဘာအကျိုးရခဲ့သလဲ။ တိုင်းတပ်စ် ဒီလို ပြောပြတယ်– “ဘယ်လူမျိုး၊ ဘယ်အသားအရောင်ပဲ ဖြစ်ပါစေ ယေဟောဝါသက်သေတွေ အချင်းချင်း တင်ပြတဲ့ မေတ္တာကို ကျွန်တော် တွေ့ရတဲ့အခါ ဒီလူတွေက စစ်မှန်တဲ့ ဘာသာရေးကို လိုက်စားသူတွေ ဖြစ်တယ်ဆိုတာ ယုံကြည်စိတ်ချလာတယ်။ သက်သေခံတစ်ယောက်အဖြစ် နှစ်ခြင်းမခံခင်မှာတောင် အသင်းတော်က လူဖြူတစ်ယောက်က သူ့အိမ်မှာ ညစာလာစားဖို့ ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တယ်။ အဲဒါက အိပ်မက်တစ်ခုလိုပါပဲ။ လူဖြူတစ်ယောက်ရဲ့ အိမ်မှာ အတူအစာစားဖို့ မပြောနဲ့ လူဖြူတစ်ယောက်နဲ့ ရန်မဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းတောင် တစ်ခါမှ အတူမထိုင်ခဲ့ဖူးဘူး။ အခုတော့ ကျွန်တော်ဟာ စစ်မှန်တဲ့ ကမ္ဘာချီ ညီအစ်ကို အသင်းအပင်းဝင်တစ်ယောက် ဖြစ်နေပါပြီ။”

တိုင်းတပ်စ်ရဲ့ တွေ့ကြုံမှု အသေးစိတ်ကို ဩဂုတ် ၁၊ ၂၀၀၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၈-၂၉ မှာ ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ