ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb15 စာ. ၁၂၂-စာ. ၁၂၃ ပိုဒ်. ၇
  • “ယေဟောဝါသက်သေ ဖြစ်နေအုံးမှာပဲ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ယေဟောဝါသက်သေ ဖြစ်နေအုံးမှာပဲ”
  • ၂၀၁၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝမ်းနည်းပူဆွေးသော်ငြား ကျေးဇူးတင်ရ—ခံနိုင်ရည်ရှိရန် ကျမ်းစာကူညီပေးပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • နှစ်ပေါင်း ၅၀ ကျော် ‘ကူးသွားခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • သာ၍ကြီးမြတ်သောအရာအတွက် များစွာသောစွန့်လွှတ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
၂၀၁၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb15 စာ. ၁၂၂-စာ. ၁၂၃ ပိုဒ်. ၇

ဒိုမီနီကန်သမ္မတနိုင်ငံ

ယေဟောဝါသက်သေ ဖြစ်နေအုံးမှာပဲ

အယ်နာ မာရီရာ (မေရီ) ဂလပ်စ်

  • မွေးဖွားတဲ့နှစ် ၁၉၃၅

  • နှစ်ခြင်းခံတဲ့နှစ် ၁၉၅၆

  • ကိုယ်ရေးမှတ်တမ်းအကျဉ်း ဘာသာတရားကိုင်းရှိုင်းတဲ့ ကက်သလစ်ဘာသာဝင် လူငယ်တစ်ယောက်ဖြစ်ပြီး ကျမ်းစာအမှန်တရားသိလာတဲ့အခါ မိသားစု၊ ချာ့ချ်နဲ့အစိုးရရဲ့ ဆန့်ကျင်မှုကို သတ္တိရှိရှိ ရင်ဆိုင်ခဲ့သူဖြစ်တယ်။

စာမျက်နှာ ၁၂၂ ပါ ရုပ်ပုံ

ကျွန်မက ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး ချာ့ချ်လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါ၀င်တယ်။ ဓမ္မတေးသံစုံအဖွဲ့မှာ သီဆိုတယ်။ တရားစခန်းတွေမှာ မားစ်ပွဲကျင်းပတဲ့အခါ ဘုန်းကြီးတွေနဲ့လိုက်သွားတယ်။ ၁၉၅၅ ခုနှစ်မှာ ကျွန်မရဲ့အစ်မက ပရဒိသုအကြောင်း ပြောပြပြီး ကျမ်းစာ၊ “နိုင်ငံတော်နှင့်ယှဉ်သော ဤသတင်းကောင်း” စာအုပ်ငယ်၊ “ဘုရားသခင်သစ္စာတော်တည်စေသတည်း” စာအုပ်ကိုပေးတယ်။ စာအုပ်တွေကို အရမ်းစိတ်ဝင်စားသွားလို့ ကျမ်းစာဖတ်လို့ရမလားဆိုပြီး ဘုန်းကြီးကိုမေးတော့ “မင်း ရူးသွားလိမ့်မယ်” လို့ပြောတယ်။ ဘာပဲဖြစ်ဖြစ် ကျမ်းစာဖတ်ဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။

ဘိုကာချီကာမြို့က အဖွားအိမ်ကို ပြောင်းသွားပြီးနောက်မှာ ဘုန်းကြီးတစ်ပါးက ဘာဖြစ်လို့ ချာ့ချ်မတက်တာလဲဆိုပြီး ကျွန်မကိုမေးတယ်။ ချာ့ချ်ရဲ့သွန်သင်ချက်တွေက ကျမ်းစာထဲမှာမပါမှန်း သိထားလို့ပါဆိုပြီး ရှင်းပြလိုက်တော့ ဘုန်းကြီးက ဒေါသူပုန်ထပြီး “ဟဲ့ ကောင်မလေး၊ နားထောင်စမ်း။ နင်က ငါ့သိုးအုပ်ကနေပျောက်သွားတဲ့ သိုးတစ်ကောင်ပဲ” လို့အော်ပြောတယ်။

ဒါနဲ့ ကျွန်မက “မဟုတ်ပါဘူး။ ရှင်ကသာ ယေဟောဝါရဲ့သိုးအုပ်ကနေ ပျောက်သွားတဲ့သိုးပါ။ သိုးတွေကို ယေဟောဝါပဲပိုင်တယ်။ လူတစ်ဦးတစ်ယောက်ပိုင်တာ မဟုတ်ဘူး” ဆိုပြီးပြန်ပြောလိုက်တယ်။

ကျွန်မ ချာ့ချ်ကို ဘယ်တော့မှ မသွားတော့ဘူး။ နောက်ပိုင်း အစ်မနဲ့အတူသွားနေတယ်။ အမှန်တရားအကြောင်းကြားပြီး ခြောက်လအကြာမှာ နှစ်ခြင်းခံခဲ့တယ်။ ချက်ချင်းပဲ မှန်မှန်ရှေ့ဆောင် စလုပ်တယ်။ တစ်နှစ်အကြာမှာ တိုက်နယ်ကြီးကြပ်မှူး အန်ရီကီ ဂလပ်စ်နဲ့ လက်ထပ်ခဲ့တယ်။ တစ်နေ့တော့ လာရိုမာနာမြို့ကပန်းခြံမှာ ဟောပြောနေတုန်း အန်ရီကီကို ရဲတွေဖမ်းသွားတယ်။ ဒါနဲ့ သူတို့နောက်ကလိုက်ပြီး “ကျွန်မလည်း ယေဟောဝါသက်သေပဲ၊ ကျွန်မလည်း ဟောတာပဲ၊ ဘာဖြစ်လို့မဖမ်းတာလဲ” လို့ပြောပေမဲ့ သူတို့က ကျွန်မကို မဖမ်းချင်ကြဘူး။

အန်ရီကီဟာ စုစုပေါင်း ခုနစ်နှစ်ခွဲ ထောင်ချခံရပြီးပြီ။ ဒီတစ်ကြိမ်မှာတော့ လပေါင်း ၂၀ ထောင်ဒဏ်ချမှတ်ခံရတယ်။ တနင်္ဂနွေနေ့တိုင်း သူ့ကို ကျွန်မသွားတွေ့တယ်။ တစ်ကြိမ်မှာ ထောင်မှူးက “ဒီကို ဘာဖြစ်လို့လာတာလဲ” လို့မေးတယ်။

“ကျွန်မရဲ့အမျိုးသားကို လာတွေ့တာပါ။ သူက ယေဟောဝါသက်သေဖြစ်လို့ ထောင်ကျနေတာ” ဆိုပြီးရှင်းပြတယ်။

ဒါနဲ့ “မင်းက ငယ်သေးတယ်။ အနာဂတ်မှာလည်း အောင်မြင်ဖို့အလားအလာရှိတယ်။ ဘာဖြစ်လို့ ယေဟောဝါသက်သေတွေနဲ့ အချိန်ဖြုန်းနေရတာလဲ” ဆိုပြီးပြောတယ်။

“ကျွန်မလည်း ယေဟောဝါသက်သေပဲ။ ကျွန်မကို ခုနစ်ခါသတ်ပြီး ခုနစ်ခါပြန်ရှင်အောင် လုပ်ပေးရင်တောင်မှ ယေဟောဝါသက်သေ ဖြစ်နေအုံးမှာပဲ” လို့ပြန်ပြောလိုက်တယ်။ သူဆက်နားမထောင်ချင်တော့လို့ ကျွန်မကို ထွက်သွားခိုင်းတယ်။

ပိတ်ပင်မှုကို ရုပ်သိမ်းပြီးနောက် အန်ရီကီနဲ့ကျွန်မဟာ တိုက်နယ်နဲ့ခရိုင်လုပ်ငန်းမှာ နှစ်အတော်ကြာလုပ်ဆောင်ခဲ့တယ်။ ၂၀၀၈၊ မတ်လ ၈ ရက်မှာ အန်ရီကီ ကွယ်လွန်သွားတယ်။ ကျွန်မကတော့ မှန်မှန်ရှေ့ဆောင် လုပ်နေတုန်းပါပဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ