ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၉၃
  • ဒံယေလအကြောင်း ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒံယေလအကြောင်း ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဆို
  • ဒံယေလဆိုတာ ဘယ်သူလဲ
  • ဒံယေလကျမ်း—ရုံးတင်စစ်ဆေးခံရသည့်နှယ်
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ဒံယေလကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဒံယေလကျမ်းနှင့် အသင်
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ကမ္ဘာကြီးကို ပြောင်းလဲစေသည့် စာလုံးလေးလုံး
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၉၃
ခြင်္သေ့တွင်းထဲကနေ ဘုရားသခင်ဆီ ပရောဖက်ဒံယေလ ဆုတောင်းနေစဉ်

ဒံယေလအကြောင်း ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ

ကျမ်းစာအဆို

ဒံယေလဟာ ဘီစီ ခုနစ်ရာစု၊ ခြောက်ရာစုအတွင်း အသက်ရှင်ခဲ့တဲ့ ထင်ရှားတဲ့ ဂျူးပရောဖက် တစ်ဦးဖြစ်တယ်။ ဘုရားသခင်က ဒံယေလကို အိပ်မက်တွေရဲ့ အနက်အဓိပ္ပာယ် ဖွင့်ပြခဲ့တယ်၊ အနာဂတ်နဲ့ပတ်သက်တဲ့ စိတ်အာရုံတွေ ပေးခဲ့တယ်၊ ပရောဖက် ဒံယေလရဲ့နာမည်နဲ့ ကျမ်းစောင် ရေးသားစေခဲ့တယ်။​—ဒံယေလ ၁:၁၇။ ၂:၁၉။

ဒံယေလဆိုတာ ဘယ်သူလဲ

ဒံယေလဟာ မြို့တော် ဂျေရုဆလင်နဲ့ ဂျူးဗိမာန်တော်တည်ရှိရာ ယုဒပြည်မှာ ကြီးပြင်းလာတယ်။ ဘီစီ ၆၁၇ မှာ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက ဂျေရုဆလင်ကို သိမ်းပိုက်ပြီး “အထင်ကရပုဂ္ဂိုလ်တွေ” ကို ဗာဗုလုန်ဆီ ဖမ်းဆီးခေါ်ဆောင်သွားတယ်။ (၂ ဘုရင်များ ၂၄:၁၅။ ဒံယေလ ၁:၁) အဲဒီအချိန်တုန်းက ဒံယေလ ဆယ်ကျော်သက်အရွယ် ဖြစ်ပုံရတယ်။

ဒံယေလနဲ့ လူငယ်လေးတွေကို နန်းတော်အစောင့်တွေက ဗာဗုလုန်နန်းတော်ဆီ ခေါ်ဆောင်သွား

ဒံယေလနဲ့ (ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ အပါအဝင်) လူငယ်တချို့ကို အစိုးရအလုပ်တွေအတွက် အထူးလေ့ကျင့်ပေးဖို့ ဗာဗုလုန် နန်းတော်ဆီ ခေါ်သွားကြတယ်။ မိမိတို့ရဲ့ ယုံကြည်ချက်ကို အလျှော့ပေးလိုက်လျောဖို့ ဖိအားပေးခံရပေမဲ့ ဒံယေလနဲ့ သူငယ်ချင်းသုံးယောက်ဟာ ဘုရားယေဟောဝါကို ဆက်သစ္စာရှိခဲ့ကြတယ်။ (ဒံယေလ ၁:​၃-၈) သုံးနှစ်ကြာ လေ့ကျင့်မှု ခံယူပြီးနောက် သူတို့ရဲ့ ဉာဏ်ပညာနဲ့ စွမ်းရည်ဟာ “တစ်ပြည်လုံးမှာရှိတဲ့ မှော်ဆရာတွေ၊ မျက်လှည့်ဆရာတွေထက် ဆယ်ဆသာတယ်” လို့ ဘုရင် နေဗုခဒ်နေဇာ ချီးမွမ်းပြီး သူတို့ကို နန်းတော်မှာ အမှုထမ်းစေတယ်။​—ဒံယေလ ၁:​၁၈-၂၀။

ဆယ်စုနှစ်နဲ့ချီ ကြာပြီးနောက် အသက် ၉၀ ကျော် အရွယ်လောက်မှာ ဒံယေလ နန်းတော်ထဲ ဆင့်ခေါ်ခံရတယ်။ အဲဒီအချိန် ဗာဗုလုန်မှာ အုပ်ချုပ်နေတဲ့ ဘုရင် ဗေလရှာဇာက နန်းတော်နံရံပေါ်မှာ လူ့လက်တစ်ဖက် ရုတ်တရက်ပေါ်လာပြီး ရေးခဲ့တဲ့ စာရဲ့ အဓိပ္ပာယ်ကို ပြောပြခိုင်းတယ်။ ဗာဗုလုန်ဟာ မီဒို-ပါးရှား အင်ပါယာလက်ထဲ ကျရောက်သွားမယ်လို့ ယေဟောဝါရဲ့ အကူအညီနဲ့ ဒံယေလ အနက်ပြန်ပေးခဲ့တယ်။ အဲဒီညမှာပဲ ဗာဗုလုန် သိမ်းပိုက်ခံလိုက်ရတယ်။​—ဒံယေလ ၅:​၁၊ ၁၃-၃၁။

နံရံပေါ်က လက်ရေးစာကို ဒံယေလ အနက်အဓိပ္ပာယ်ဖွင့်နေစဉ်

အခု မီဒို-ပါးရှား အုပ်ချုပ်မှုအောက်မှာ ဒံယေလဟာ မင်းအရာရှိတစ်ယောက် ဖြစ်လာတယ်။ ဘုရင်ဒါရိက သူ့ကို ထပ်ဆင့်ရာထူးတိုးပေးဖို့ စဉ်းစားထားတယ်။ (ဒံယေလ ၆:​၁-၃) မနာလိုဖြစ်ကြတဲ့ မင်းအရာရှိတွေက ဒံယေလကို ခြင်္သေ့တွင်းထဲ ပစ်ချပြီး ရှင်းပစ်ဖို့ ကြံစည်ခဲ့ပေမဲ့ ယေဟောဝါ သူ့ကို ကယ်တင်လိုက်တယ်။ (ဒံယေလ ၆:​၄-၂၃) ဒံယေလရဲ့ ဇရာအိုကာလမှာ ကောင်းကင်တမန်တစ်ပါး ရောက်လာပြီး သူ့ကို “သိပ်တန်ဖိုးထားရတဲ့သူ” ဖြစ်ကြောင်း နှစ်ကြိမ် ပြောခဲ့တယ်။​—ဒံယေလ ၁၀:​၁၁၊ ၁၉။

ဒံယေလ– တစ်သက်တာလုံး ယုံကြည်သူ ကျမ်းစာဇာတ်လမ်း အပိုင်းနှစ်ပိုင်းမှာ အဲဒီအဖြစ်အပျက်တွေအကြောင်း တင်ဆက်ထားတာကို ရှုစားကြည့်ပါ။

ဒံယေလကျမ်းနဲ့ပတ်သက်ပြီး သမိုင်းက ဘာကို ဖော်ပြသလဲ။

ဒံယေလ မှတ်တမ်းတင်ခဲ့ရာ– နေဗုခဒ်နေဇာက အလွန်ကြီးတဲ့ ရုပ်တုတစ်ခုကို တည်ပြီး လက်အောက်ခံပြည်သားတွေ ရုပ်တုကို ဝတ်ပြုဖို့၊ ဝတ်မပြုတဲ့သူကို တောက်လောင်နေတဲ့ မီးဖိုကြီးထဲ ပစ်ချဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်။­​—ဒံယေလ ၃:​၁-၆။

သမိုင်း ဖော်ပြချက်– နေဗုခဒ်နေဇာဟာ “မိမိ ဘုန်းကျော်ဇောဖို့အတွက်သာမက နတ်ဘုရားတွေကို ဂုဏ်တင်ဖို့အတွက်” ဗာဗုလုန်မှာ ဆောက်လုပ်ရေး စီမံကိန်းကြီးတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဗြိတိန်နီကာ စွယ်စုံကျမ်းမှာ ဖော်ပြထားတယ်။ နေဗုခဒ်နေဇာက “မိမိဟာ ‘ကြီးမြတ်တဲ့ နတ်ဘုရားတွေကို လူတွေ ကြည်ညိုလေးစားလာအောင် လုပ်ခဲ့သူ’ ဖြစ်တယ်လို့ ဆိုတယ်။”

မီးလောင်တိုက်သွင်း သေဒဏ်ပေးတဲ့ကိစ္စတွေကို ရှေးဗာဗုလုန်မှတ်တမ်းတွေမှာ အကြိမ်ကြိမ် ဖော်ပြထားတယ်။ ဘုရင်ကိုယ်တိုင် မီးလောင်တိုက်သွင်းဖို့ အမိန့်ပေးခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိတယ်။ နေဗုခဒ်နေဇာ နန်းစံချိန်က ရှေးလက်ရေးစာမူတစ်ခုမှာ ဗာဗုလုန်နတ်ဘုရားတွေကို မခန့်လေးစားလုပ်တဲ့ အရာရှိတွေကို အပြစ်ပေးခဲ့တဲ့ ဖြစ်ရပ်အကြောင်း ဖော်ပြထားတယ်။ လက်ရေးစာမူမှာ အခုလိုဖတ်ရတယ်– “သူတို့ကို ဖျက်ဆီးလိုက်ပါ။ စားဖိုမှူးရဲ့ မီးဖိုကြီးထဲ . . . မီးရှို့ပြီး ကင်လိုက်ပါ . . . မီးပူသထက် ပူလာအောင်၊ မီးခိုးငွေ့တွေ ထွက်လာအောင် လုပ်ပါ။ ဒါမှ သူတို့ သေသွားမှာ။”a

ဒံယေလ မှတ်တမ်းတင်ခဲ့ရာ– ဘုရင်နေဗုခဒ်နေဇာဟာ မိမိရဲ့ ဆောက်လုပ်ရေးလုပ်ငန်းစဉ်အကြောင်း ဝါကြွားပြောဆိုခဲ့တယ်။​—ဒံယေလ ၄:​၂၉၊ ၃၀။

နေဗုခဒ်နေဇာရဲ့နာမည် တံဆိပ်ထုထားတဲ့ အုတ်ခဲကို ဗာဗုလုန်မှာ တူးဖော်ရရှိ

သမိုင်း ဖော်ပြချက်– “နောင်လာနောက်သားတွေသိအောင် ရေးသားခဲ့တဲ့ နေဗုခဒ်နေဇာမှတ်တမ်းတွေကို ဖတ်ရင် . . . နေဗုခဒ်နေဇာဟာ ဖြောင့်မှန်ပြီး ဩဇာကိတ္တိမကြီးမားတဲ့ ဘုရင်တစ်ပါးအဖြစ် ကိုယ့်ကိုယ်ကို ထင်မှတ်ကြောင်း တွေ့နိုင်တယ်။”b ဥပမာ၊ နေဗုခဒ်နေဇာရဲ့ ကြွားလုံးတွေကို နံရံလက်ရေးစာတစ်ခုမှာ အခုလိုဖတ်ရတယ်- “ငါကိုယ်တော်မြတ်ဟာ အုတ်၊ ကတ္တရာစေးတွေသုံးပြီး တောင်လို မရွေ့နိုင်တဲ့ မြို့ရိုးကြီးတွေ တည်ဆောက်ခဲ့တယ်။ . . . အဲဆာဂီလာ ဘုရားကျောင်းနဲ့ ဗာဗုလုန်မြို့ကို အခိုင်အမာ တည်ဆောက်ပြီး ငါကိုယ်တော်မြတ်ရဲ့ဘုန်းတန်ခိုးကို ထာဝရ အမှတ်ရစေခဲ့တယ်။”c ဗာဗုလုန်မှာ ပြန်လည်တူးဖော်တွေ့ရှိတဲ့ အုတ်အများစုမှာ နေဗုခဒ်နေဇာရဲ့နာမည် တံဆိပ်ရိုက်နှိပ်ထားတာကို တွေ့ခဲ့တယ်။

ဒံယေလ မှတ်တမ်းတင်ခဲ့ရာ– ဘုရင်ဗေလရှာဇာက ဒံယေလကို “တတိယအကြီးဆုံး ပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်စေ” ဖို့ ကမ်းလှမ်းခဲ့တယ်။​—ဒံယေလ ၅:​၁၊ ၁၃-၁၆။

ဘီစီ ၅၅၀ က ကျူနီဖောင်း ထုလုံးရှည်မှာ ဘုရင်နဗိုနိုက်ဒတ်စ်နဲ့ သားတော်ဗေလရှာဇာအကြောင်း ဖော်ပြထား

သမိုင်း ဖော်ပြချက်– ဒံယေလအခန်းကြီး ၅ မှာပါတဲ့ ဖြစ်ရပ်တွေကို မှတ်တမ်းတင်တုန်းက နဗိုနိုက်ဒတ်စ်ဟာ ဘုရင်အဖြစ် စိုးစံနေတယ်။ ဒါပေမဲ့ နဗိုနိုက်ဒတ်စ်ဟာ နန်းသက်တစ်လျှောက် ဗာဗုလုန်မှာထက် အာရေဗျမှာ နေတာပိုများတယ်။ ဒါဆို ဗာဗုလုန်မှာ သူမရှိတုန်း ဘယ်သူ အုပ်ချုပ်သလဲ။ သမိုင်းပညာရှင် ရေမွန် ဖိလစ် ဒေါ်အာတီ ရေးသားတဲ့ နဗိုနိုက်ဒတ်စ်နဲ့ ဗေလရှာဇာ စာအုပ်မှာ အခုလို ဖော်ပြထားတယ်- “နဗိုနိုက်ဒတ်စ်က သားအကြီးဖြစ်သူ ဗေလရှာဇာကို ထီးနန်းလွှဲအပ်ကြောင်း ကျူနီဖောင်း မှတ်တမ်းတစ်ခုမှာ ရေးထားတယ်။ ဗေလရှာဇာက ခမည်းတော် ဘုရင်ကြီး မရှိတဲ့အခါ ခမည်းတော်ကိုယ်စား စီမံဆောင်ရွက်ရတယ်။” နဗိုနိုက်ဒတ်စ်နဲ့ ဗေလရှာဇာတို့ဟာ နိုင်ငံရဲ့ ပထမနဲ့ ဒုတိယအကြီးဆုံးပုဂ္ဂိုလ်တွေ ဖြစ်နေနှင့်ပြီးသားမို့ ဗေလရှာဇာက ဒံယေလကို တတိယအကြီးဆုံးပုဂ္ဂိုလ်ဖြစ်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်တယ်။

a Journal of Biblical Literature၊ အတွဲ ၁၂၈၊ နံပါတ် ၂၊ စာမျက်နှာ ၂၇၉၊ ၂၈၄

b အားဗင် ကင်ကယ်နဲ့ မိုက်ကယ် ဆီမော် တို့ရေးသားတဲ့ Babylon—City of Wonders စာမျက်နှာ ၁၇။

c ဂျော့ ဘာတန်ရေးတဲ့ Archæology and the Bible စာမျက်နှာ ၄၇၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ