ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၁၀၃
  • အလုပ်အများကြီးကို တစ်ပြိုင်တည်း လုပ်တာ ကောင်းသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အလုပ်အများကြီးကို တစ်ပြိုင်တည်း လုပ်တာ ကောင်းသလား
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အလုပ်အများကြီးကို သင် တစ်ပြိုင်တည်း လုပ်နိုင်သလား
  • အလုပ်အများကြီးကို တစ်ပြိုင်တည်း လုပ်ခြင်းနဲ့ပတ်သက်တဲ့ ယုံတမ်းစကား
  • ပိုကောင်းတဲ့နည်းလမ်း
  • နည်းပညာက အတွေးအခေါ်ကို ထိခိုက်စေနိုင်
    နိုးလော့!—၂၀၂၁
  • နည်းပညာကို ချင့်ချင့်ချိန်ချိန်နှင့် ငွေကုန်ကြေးကျသက်သာအောင် အသုံးပြုပါ
    နိုးလော့!—၂၀၀၉
  • နည်းပညာတွေကို သူ့နေရာသူ ထားနိုင်ပုံ
    မိသားစုအတွက် အကူအညီ
  • အာရုံစိုက်နိုင်အောင် ဘာလုပ်ရမလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၁၀၃
အလုပ်အများကြီးကို တစ်ပြိုင်တည်း လုပ်နေတဲ့ ဆယ်ကျော်သက် ယောက်ျားလေး။ ဗီဒီယိုကတစ်ဆင့် သူငယ်ချင်းနဲ့ စကားပြောနေ၊ စာအုပ်ထဲက အချက်အလက်တွေကို မှတ်သားနေ၊ ဖုန်းသုံးပြီး အင်တာနက်မှာ ရှာဖွေနေစဉ်။

လူငယ်များအမေး

အလုပ်အများကြီးကို တစ်ပြိုင်တည်း လုပ်တာ ကောင်းသလား

  • အလုပ်အများကြီးကို သင် တစ်ပြိုင်တည်း လုပ်နိုင်သလား

  • အလုပ်အများကြီးကို တစ်ပြိုင်တည်း လုပ်ခြင်းနဲ့ပတ်သက်တဲ့ ယုံတမ်းစကား

  • ပိုကောင်းတဲ့နည်းလမ်း

  • ရွယ်တူတွေ အဆို

အလုပ်အများကြီးကို သင် တစ်ပြိုင်တည်း လုပ်နိုင်သလား

အလုပ်အများကြီးကို တစ်ပြိုင်တည်း ဘယ်လို လုပ်ရမလဲဆိုတာ သိပါသလား။ ငယ်ငယ်ကတည်းက နည်းပညာနဲ့ ကြီးလာတဲ့သူတွေဟာ အသက်ကြီးမှ နည်းပညာတွေကို အသုံးပြုသူတွေထက် အလုပ်အများကြီးကို တစ်ပြိုင်တည်း လုပ်နိုင်တယ်လို့ လူများစွာ ယူဆကြတယ်။ အဲဒါ တကယ် မှန်သလား။

မှန်သလား၊ မှားသလား

  • အလုပ်အများကြီးကို တစ်ပြိုင်တည်းလုပ်ရင် အချိန်ကုန် သက်သာတယ်။

  • အလုပ်အများကြီးကို တစ်ပြိုင်တည်း လုပ်ဖို့ လေ့ကျင့်မယ်ဆိုရင် ပိုကျွမ်းကျင်လာမယ်။

  • လူငယ်တွေက လူကြီးတွေထက် အလုပ်အများကြီးကို တစ်ပြိုင်တည်း လုပ်နိုင်တယ်။

အဲဒီမေးခွန်းတွေထဲက တစ်ခုခုကို “မှန်” တယ်လို့ ဖြေရင် သင်ဟာ ယုံတမ်းစကားရဲ့ လှည့်စားခြင်းကို ခံနေရပြီ။

အလုပ်အများကြီးကို တစ်ပြိုင်တည်း လုပ်ခြင်းနဲ့ပတ်သက်တဲ့ ယုံတမ်းစကား

အလုပ်နှစ်ခုကို သင် တစ်ပြိုင်တည်း လုပ်နိုင်တယ်လို့ ထင်သလား။ အလုပ်တစ်ခုက သိပ်အာရုံစိုက်စရာ မလိုတဲ့ အလုပ်မျိုးဆိုရင်တော့ အလုပ်နှစ်ခုကို တစ်ပြိုင်တည်းလုပ်လို့ ရကောင်းရပါလိမ့်မယ်။ ဥပမာ၊ သီချင်းနားထောင်ရင်း အိမ်သန့်ရှင်းရေး လုပ်တယ်ဆိုရင် အဆင်ပြေပါလိမ့်မယ်။

ဒါပေမဲ့ နှစ်မျိုးစလုံးက အာရုံစိုက်ရမယ့် အလုပ်မျိုးဆိုရင် တစ်ခုမှ အဆင်ပြေမှာ မဟုတ်ဘူး။ အဲဒါကြောင့် ကက်သရင်းဆိုတဲ့ မိန်းကလေးက အလုပ်အများကြီးကို တစ်ပြိုင်တည်း လုပ်တာဟာ “အလုပ်တွေကို တစ်ပြိုင်တည်း ရှုပ်ယှက်ခတ်သွားအောင် လုပ်တာပဲ” လို့ပြောတယ်။

“ကျွန်တော် တစ်ယောက်နဲ့ ဖုန်းပြောနေတုန်း အကြောင်းပြန်ဖို့လိုတဲ့စာ ဝင်လာတယ်။ နှစ်ခုစလုံးကို တစ်ပြိုင်တည်း လုပ်ဖို့ ကျွန်တော် ကြိုးစားတယ်။ ဒါနဲ့ပဲ ဖုန်းပြောနေတဲ့သူရဲ့ စကားတွေ လွတ်သွားတယ်။ စာပြန်တာလည်း စာလုံးပေါင်းတွေ မှားကုန်တယ်။”—ကာလက်။

နည်းပညာဆိုင်ရာ ပညာရှင် ရှယ်ရီ တာကယ်လ် ဒီလိုရေးတယ်– “အလုပ်အများကြီးကို တစ်ပြိုင်တည်း လုပ်တဲ့အခါ . . . အာရုံစူးစိုက်နိုင်စွမ်း နည်းလာတဲ့အတွက် အလုပ်အရည်အသွေး ကျပြီ အောင်မြင်မှု နည်းလာမယ်။ အလုပ်ကို တစ်ပြိုင်တည်း လုပ်နေတဲ့အခါ ဦးနှောက်လုပ်ဆောင်မှု မြင့်တက်နေတဲ့အတွက် အလုပ်ကို ကောင်းကောင်းလုပ်နိုင်တယ်လို့ ထင်ရပေမယ့် တကယ်တော့ မလုပ်နိုင်ဘူး။”a

“တစ်ခါတလေ တစ်ယောက်ကို ဖုန်းနဲ့ စာပြန်နေရင်း နောက်တစ်ယောက်ကို ဖုန်းနဲ့ စကားပြောနေတာ အဆင်ပြေနေတယ်လို့ ကျွန်မ ထင်နေတယ်။ တကယ်တော့ စာပြန်ရမှာကို အသံထွက် ပြောနေပြီး ပြောရမယ့်စကားကို စာနဲ့ရေးနေမိတာကိုး။”—တာမာရာ။

အလုပ်တွေကို တစ်ပြိုင်တည်း လုပ်သူတွေဟာ မလိုအပ်ဘဲ မိမိကိုယ်ကို အခက်တွေ့စေသူတွေ ဖြစ်တယ်။ ဥပမာ၊ အိမ်စာပြီးရမယ့်အချိန်ထက် ပိုကြာသွားတတ်တယ်။ ဒါမှမဟုတ် ပြီးပြီလို့ထင်ပေမဲ့ ပြန်လုပ်ရတတ်တယ်။ ဘယ်လိုပဲဖြစ်ပါစေ အလုပ်အများကြီးကို တစ်ပြိုင်တည်း လုပ်သူတွေဟာ သူတို့ လုပ်ချင်တဲ့အလုပ်တွေ လုပ်ဖို့ အချိန် သိပ်မရကြဘူး။

စိတ်ကုထုံးပညာရှင်လည်းဖြစ် ကျောင်းအကြံပေးလည်းဖြစ်သူ သောမတ်စ် ကာစတင် ဒီလို ပြောတယ်– “ဦးနှောက်ကို အချက်အလက်ဖိုင်တွေ သပ်သပ်ရပ်ရပ် စီထည့်ထားတဲ့ ဗီရိုတစ်လုံးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တစ်ပြိုင်တည်း အလုပ်အများကြီး လုပ်သူတွေရဲ့ ဦးနှောက်ဟာ ရှုပ်ပွနေတဲ့ ဗီရိုနဲ့တူတယ်။”b

“အလုပ်အများကြီးကို တစ်ပြိုင်တည်း လုပ်လေ ဟာကွက်များလေပဲ။ အဆုံးမှာတော့ ပိုပင်ပန်းပြီး အချိန်ပိုကုန်သွားတယ်။”—ထရေဇာ။

လမ်းဆုံရောက်နေတဲ့ ကားသမား။ ကားက နှစ်ပိုင်းဖြစ်နေပြီး တစ်ပိုင်းစီက လမ်းတစ်လမ်းစီပေါ်  ဦးတည်ထားစဉ်။

အလုပ်တွေကို တစ်ပြိုင်တည်း လုပ်ဖို့ ကြိုးစားတာက လမ်းနှစ်လမ်းပေါ် တစ်ပြိုင်နက် ကားမောင်းဖို့ ကြိုးစားနေတာနဲ့ တူ

ပိုကောင်းတဲ့နည်းလမ်း

  • တစ်ကြိမ်မှာ အလုပ်တစ်မျိုးတည်းကို အာရုံစိုက်လုပ်ဖို့ လေ့ကျင့်ပါ။ အထူးသဖြင့် သင်က တစ်ကြိမ်တည်းမှာ အလုပ်နှစ်ခု လုပ်တတ်သူ—ဥပမာ၊ စာကျက်နေရင်း မက်ဆေ့ချ်ပို့တတ်သူ—ဖြစ်နေရင် အဲဒီလို လေ့ကျင့်ဖို့ ခက်နိုင်တယ်။ ဒါပေမဲ့ “ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိ” ဖို့ ကျမ်းစာ ပြောတယ်။ (ဖိလိပ္ပိ ၁:၁၀) အလုပ်အားလုံးက တန်းတူ အရေးကြီးတာ မဟုတ်ဘူး။ ဒါကြောင့် ဘယ်အလုပ်က ပိုအရေးကြီးသလဲဆိုတာ ဆုံးဖြတ်ပါ။ ပြီးရင် အဲဒီအလုပ်တစ်ခုတည်းကို ပြီးတဲ့အထိ အာရုံစိုက် လုပ်ပါ။

    “အာရုံမစိုက်နိုင်တဲ့ ဦးနှောက်က လမ်းလျှောက်တတ်ခါစ ကလေးနဲ့ တူတယ်။ ဒီအတိုင်း လွှတ်ထားတာက ပိုကောင်းတယ်လို့ ထင်ရပေမဲ့ ထိန်းဖို့လိုတယ်။”—မာရီယာ။

  • အာရုံထွေပြားစေတဲ့အရာတွေကို ဖယ်ထုတ်ပါ။ စာကျက်နေချိန်မှာ ဖုန်းသုံးချင်နေသလား။ ဖုန်းကို ခပ်ဝေးဝေးမှာ ထားလိုက်ပါ။ တီဗီ ပိတ်ပါ။ ဆိုရှယ်မီဒီယာအကြောင်း ခေါင်းထဲ မထည့်ပါနဲ့။ “အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ” လို့ ကျမ်းစာ ပြောတယ်။—ကောလောသဲ ၄:၅။

    “တစ်ကြိမ်မှာ အလုပ်တစ်ခုကိုပဲ အာရုံစိုက်တာ ပိုကောင်းမှန်း သိပြီ။ လုပ်ရမယ့်စာရင်းမှာ ပြီးသွားတဲ့အလုပ်ကို ခြစ်လိုက်ပြီး နောက်တစ်ခုကို စလုပ်တာက ပိုပျော်စရာ ကောင်းတယ်။ အဲဒီလိုလုပ်တာက ကျေနပ်မှု ခံစားရစေတယ်။”—အန်ယာ။

  • တခြားသူနဲ့ စကားပြောနေတဲ့အခါ အာရုံစိုက်ပါ။ တစ်ယောက်ယောက်နဲ့ စကားပြောနေရင်း ဖုန်းပွတ်နေတာက စကားပြောတာကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် ရိုင်းရာကျတယ်။ ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါလို့ ကျမ်းစာ ပြောတယ်။—မဿဲ ၇:၁၂။

    “ညီမလေးက ကျွန်တော်နဲ့ စကားပြောနေရင်း တခြားတစ်ယောက်ကို ဖုန်းနဲ့ စာပို့နေရင်၊ ဖုန်းပွတ်နေရင် ကျွန်တော် သိပ်စိတ်ဆိုးတယ်။ အမှန်အတိုင်းပြောရင် တစ်ခါတလေ ကျွန်တော်လည်း အဲဒီလို လုပ်တယ်။”—ဒေးဗစ်။

ရွယ်တူတွေ အဆို

ဂျဗင်။

“အလုပ်တစ်ခုကို အာရုံစိုက်ဖို့လိုတယ်ဆိုရင် ဖုန်းကို အသံပိတ်လိုက်ပြီး လက်ရှိအလုပ်ကိုပဲ အာရုံစိုက်တယ်။ အဲဒီလိုလုပ်တဲ့အခါ အလုပ် ပိုတွင်တယ်။ ပိုလည်း ကောင်းတယ်။”—ဂျဗင်။

ကီယာရာ။

“တစ်ကြိမ်မှာ အလုပ်တစ်ခုပဲ လုပ်ဖို့ ခက်နိုင်တယ်။ ဒါပေမဲ့ အလုပ်တစ်ခုကိုပဲ အာရုံစိုက်လုပ်ရင် ပိုကောင်းကောင်း ပြီးမြောက်တယ်။ အရည်အသွေးက အရေအတွက်ထက် အမြဲ ပိုကောင်းပါတယ်။”—ကီယာရာ။

ပြန်လည်သုံးသပ်ချက်– အလုပ်အများကြီးကို တစ်ပြိုင်တည်းလုပ်တာ ကောင်းသလား

  • သင်ဟာ အာရုံစိုက်ရမယ့်အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်ဖို့ ကြိုးစားရင် နှစ်ခုစလုံး အောင်မြင်မှာ မဟုတ်ဘူး။

  • အလုပ်အများကြီးကို တစ်ပြိုင်တည်း လုပ်သူတွေဟာ မလိုအပ်ဘဲ မိမိကိုယ်ကို အခက်တွေ့စေသူတွေ ဖြစ်တယ်။

  • ရလဒ်ကောင်း ရဖို့ဆိုရင် တစ်ကြိမ်မှာ အလုပ်တစ်ခုကိုပဲ အာရုံစိုက်လုပ်ပါ။

  • တစ်ယောက်ယောက်နဲ့ စကားပြောနေရင်း တခြားအလုပ်တစ်ခု လုပ်နေတာက စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အပြင် ရိုင်းရာကျတယ်။

  • အလုပ်အများကြီးကို တစ်ပြိုင်တည်း လုပ်ချင်စိတ် ပေါ်လာနိုင်တယ်။ ဒါကြောင့် အာရုံထွေပြားစရာတွေကို ဖယ်ထုတ်ပါ။

a Reclaiming Conversation စာအုပ်မှ။

b Disconnected စာအုပ်မှ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ