ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၅၂
  • ကျောင်းတွင်း ပစ်ခတ်မှု— သမ္မာကျမ်းစာ အဆိုက ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျောင်းတွင်း ပစ်ခတ်မှု— သမ္မာကျမ်းစာ အဆိုက ဘာလဲ
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုတွေ ဘာလို့ ပိုများလာတာလဲ
  • အဖြစ်ဆိုးတွေ ကြုံရတဲ့အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းနိုင်မလဲ
  • အကြမ်းဖက်မှုတွေ အဆုံးတိုင်ပါ့မလား
  • ကမ္ဘာတစ်ဝန်း စိုးရိမ်ထိတ်လန့်ဖွယ်ရာ အကြမ်းဖက်ပစ်ခတ်မှုများ—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • နိုင်ငံရေး အကြမ်းဖက်မှု—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • အကြမ်းဖက်မှု၏ထာဝရနိဂုံး —မည်သို့အားဖြင့်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • အကြမ်းဖက်မှု
    နိုးလော့!—၂၀၁၅
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၅၂
အစုလိုက်အပြုံလိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ မူလတန်းကျောင်းရှေ့မှာ ပန်းစည်းတွေချထား

သတိနဲ့ စောင့်နေကြပါ

ကျောင်းတွင်း ပစ်ခတ်မှု—သမ္မာကျမ်းစာ အဆိုက ဘာလဲ

၂၀၂၂ ခုနှစ်၊ မေ ၂၄ ရက်တုန်းက အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ယူဗားဒီမြို့ငယ်လေးမှာ ပြောမပြနိုင်လောက်အောင် ဆိုးရွားတဲ့ အဖြစ်ဆိုးတစ်ခုဖြစ်ခဲ့တယ်။ “ရော့ဘ်မူလတန်းကျောင်းမှာ ... သေနတ်သမားတစ်ယောက်က ကလေး ၁၉ ယောက်နဲ့ ဆရာမ ၂ ယောက်ကို ပစ်သတ်လိုက်တယ်” လို့ နယူးယောက်တိုင်းမ် သတင်းစာက ဆိုတယ်။

ဝမ်းနည်းစရာက အဲဒီလိုအဖြစ်ဆိုးတွေ မကြာခဏ ဖြစ်လေ့ရှိတယ်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှာတင် “မနှစ်က ကျောင်းတွင်းပစ်ခတ်မှု ၂၄၉ ခု ဖြစ်ပွားခဲ့တယ်။ ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း ကျောင်းတွင်းပစ်ခတ်မှု အများဆုံးနှစ်ပါပဲ” လို့ (USA Today) သတင်းစာမှာ ရေးသားဖော်ပြထားတယ်။

ဘာကြောင့် ဒီလိုအဖြစ်ဆိုးတွေ ဖြစ်ရတာလဲ။ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ။ အကြမ်းဖက်မှုတွေ တစ်နေ့ အဆုံးတိုင်မယ်လို့ မျှော်လင့်နိုင်မလား။ ကျမ်းစာမှာ အဖြေပေးထားပါတယ်။

ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုတွေ ဘာလို့ ပိုများလာတာလဲ

  •  ကျွန်တော်တို့ အသက်ရှင်နေတဲ့အချိန်ဟာ “နောက်ဆုံးကာလ” ဖြစ်ပြီး လူအများစုက “ချစ်ခင်တွယ်တာစိတ် မရှိသူ၊” “ကြမ်းကြုတ်သူ၊” အကြမ်းဖက်ရက်စက်သူတွေ ဖြစ်ကြမယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။ အဲဒီလိုလူတွေ “ဆိုးသည်ထက် ဆိုးလာ” မယ်။ (၂ တိမောသေ ၃:၁-၅၊ ၁၃) ထပ်သိချင်ရင် “အခုခေတ် လူတွေရဲ့ သဘောထားနဲ့ လုပ်ရပ်တွေအကြောင်း ကျမ်းစာ ကြိုဟောထားသလား” ဆောင်းပါးကို ဖတ်ပါ။

‘ကျောင်းတွင်း ပစ်ခတ်မှုလို အဖြစ်ဆိုးတွေ မဖြစ်အောင် ဘုရားသခင်က ဘာလို့မတားဆီးပေးတာလဲ’ လို့ လူအများ တွေးကြတယ်။ ကျမ်းစာအဖြေကို သိဖို့ “လူကောင်းတွေ ဘာလို့ အဖြစ်ဆိုးတွေကို ကြုံကြရတာလဲ” ဆောင်းပါးကို ဖတ်ပါ။

အဖြစ်ဆိုးတွေ ကြုံရတဲ့အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းနိုင်မလဲ

  •  “ကျမ်းစာမှာ ကြိုတင်ရေးထားသမျှဟာ ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ဖြစ်တယ်။ ကျမ်းစာက ကျွန်တော်တို့ကို ... နှစ်သိမ့်မှုပေးတဲ့အတွက် မျှော်လင့်ချက်ရှိစေတယ်။”—ရောမ ၁၅:၄။

အကြမ်းဖက်မှုတွေ ကြုံရတဲ့အခါ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကျမ်းစာအခြေခံမူတွေက သင့်ကို ကူညီပေးနိုင်ပါတယ်။ ထပ်သိချင်ရင် “အကြမ်းဖက်မှု အဆုံးတိုင်ပါဦးမလား” ဆိုတဲ့ နိုးလော့! မဂ္ဂဇင်းကို ဖတ်ပါ။

အထိတ်တလန့်ဖြစ်စေတဲ့သတင်းတွေကနေ ကလေးတွေကို မိဘတွေ ကာကွယ်ပေးနိုင်ပုံအကြောင်း သိချင်ရင် “သတင်းဆိုးတွေကြောင့် သားသမီးတွေ စိတ်ထိခိုက်သွားတာမျိုး မဖြစ်အောင် ကူညီပေးပါ” ဆိုတဲ့ ဆောင်းပါးကို ဖတ်ပါ။

အကြမ်းဖက်မှုတွေ အဆုံးတိုင်ပါ့မလား

  •  “သူတို့ကို ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုကနေ ကယ်တင်လိမ့်မယ်။”—ဆာလံ ၇၂:၁၄။

  •  “ဓားကို ထယ်သွားဖြစ်အောင်၊ လှံကို တံစဉ်ဖြစ်အောင် ထုလုပ်ကြလိမ့်မယ်။ လူမျိုးအချင်းချင်း တိုက်ခိုက်ကြတော့မှာ မဟုတ်ဘူး။ စစ်အတတ်ပညာကိုလည်း မသင်ကြတော့ဘူး။”—မိက္ခာ ၄:၃။

လူသားတွေ မစွမ်းဆောင်နိုင်တာကို ဘုရားသခင် စွမ်းဆောင်နိုင်တယ်။ ဘုရားရဲ့ကောင်းကင်နိုင်ငံတော်က လက်နက်အားလုံးကို ဖျက်ဆီးပြီး အကြမ်းဖက်မှုကို အဆုံးသတ်ပါတော့မယ်။ ဘုရားနိုင်ငံတော် ဘာတွေလုပ်ဆောင်မယ်ဆိုတဲ့အကြောင်း ထပ်သိချင်ရင် “ဘုရားနိုင်ငံတော်မှာ ‘ငြိမ်သက်ခြင်း တိုးများ’” ဆောင်းပါးကို ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ