ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၆၄
  • ဘယ်ခေါင်းဆောင်ကို သင် ရွေးချယ်မလဲ—ကျမ်းစာအဆိုက ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘယ်ခေါင်းဆောင်ကို သင် ရွေးချယ်မလဲ—ကျမ်းစာအဆိုက ဘာလဲ
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူ့ခေါင်းဆောင်တွေမှာ လုပ်နိုင်စွမ်း အကန့်အသတ်ပဲ ရှိတယ်
  • ဘုရားသခင်ကိုယ်တိုင် ခန့်ထားတဲ့ ခေါင်းဆောင်
  • အကျင့်ပျက်ခြစားတဲ့ နိုင်ငံရေးသမားတွေနဲ့ပတ်သက်ပြီး ဘုရားသခင့်နိုင်ငံတော်က ဘယ်လိုဖြေရှင်းပေးမလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းဆောင်မှုကောင်း အဘယ်နေရာတွင် ရှာတွေ့နိုင်မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဦးဆောင်ဖို့ အမှန်တကယ် အရည်အချင်းရှိသူတစ်ဦး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ခရစ်တော်၏ခေါင်းဆောင်မှုသည် သင့်အတွက် အမှန်တကယ်ဖြစ်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၆၄
မဲပုံးထဲ မဲထည့်နေစဉ်

Comstock Images/Stockbyte via Getty Images

သတိနဲ့ စောင့်နေကြပါ

ဘယ်ခေါင်းဆောင်ကို သင် ရွေးချယ်မလဲ—ကျမ်းစာအဆိုက ဘာလဲ

လူများစွာက ဘယ်ခေါင်းဆောင်ကို ရွေးချယ်မလဲဆိုတဲ့ အရေးကြီးဆုံးဖြတ်ချက်ချဖို့ လုပ်နေကြတယ်။

ကျမ်းစာအဆိုက ဘာလဲ

လူ့ခေါင်းဆောင်တွေမှာ လုပ်နိုင်စွမ်း အကန့်အသတ်ပဲ ရှိတယ်

လူသားခေါင်းဆောင်အားလုံးမှာ ဘာကြောင့် လုပ်နိုင်စွမ်းအကန့်အသတ်ပဲ ရှိတယ်ဆိုတာကို ကျမ်းစာမှာ ဖော်ပြထားတယ်။

  • ”မကယ်တင်နိုင်တဲ့ အုပ်စိုးရှင်၊မကယ်တင်နိုင်တဲ့လူကို မကိုးစားကြနဲ့။ သူဟာ အသက်ထွက်ပြီး မြေကြီးထဲ ပြန်သွားတတ်တယ်။အဲဒီနေ့မှာပဲ သူ့အကြံအစည်တွေ ပျက်စီးသွားတယ်။”—ဆာလံ ၁၄၆:၃၊ ၄။

အတော်ဆုံးဆိုတဲ့ ခေါင်းဆောင်တွေတောင် နောက်ဆုံးတော့ သေကြရတာပဲ။ ဒါ့အပြင် နောက်တက်လာမယ့်ခေါင်းဆောင်တွေကလည်း သူတို့လုပ်ခဲ့သလို ကောင်းကောင်းမွန်မွန် ဆက်လုပ်ပေးသွားမလားဆိုတာ တပ်အပ်မပြောနိုင်ကြဘူး။—ဒေ ၂:၁၈၊ ၁၉။

တကယ်တော့ လူဆိုတဲ့အမျိုးဟာ လူလူချင်းကို အုပ်ချုပ်နိုင်စွမ်းရှိတဲ့သူတွေ မဟုတ်ဘူးလို့ ကျမ်းစာဆိုတယ်။

  • “လူဟာ . . . ကိုယ့်ခြေလှမ်းကို လမ်းညွှန်ပိုင်ခွင့်လည်း မရှိပါဘူး။”—ယေရမိ ၁၀:၂၃။

ဒါဆို ခေါင်းဆောင်ကောင်း ပီသတဲ့သူများ ရှိသလား။

ဘုရားသခင်ကိုယ်တိုင် ခန့်ထားတဲ့ ခေါင်းဆောင်

စွမ်းဆောင်ရည် အပြည့်ဝဆုံး၊ ယုံကြည်စိတ်ချရဆုံး ခေါင်းဆောင်ဖြစ်သူ ယေရှုကို ဘုရားသခင် ခန့်အပ်ထားတယ်လို့ ကျမ်းစာဆိုတယ်။ (ဆာလံ ၂:၆) ယေရှုဟာ ကောင်းကင်မှာတည်ရှိတဲ့ ဘုရားသခင့်နိုင်ငံတော်အစိုးရရဲ့ ဘုရင် ဖြစ်တယ်။—မဿဲ ၆:၁၀။

ယေရှုရဲ့ဦးစီးဦးဆောင်မှုကို သင် လက်ခံမလား။ အဲဒီမေးခွန်းကို စဉ်းစားဖို့ အရေးကြီးတယ်လို့ ကျမ်းစာ ဆိုတယ်။

  • “သားတော်ကို ဂုဏ်တင်ကြ။ ဂုဏ်မတင်ရင် ဘုရားသခင် အမျက်ထွက်လိမ့်မယ်။ချက်ချင်း အမျက်ထွက်ပြီးဖြောင့်မတ်တဲ့လမ်းစဉ်ကနေ မင်းတို့ကို ပယ်ရှင်းလိမ့်မယ်။ ဘုရားဆီမှာ ခိုလှုံသူတွေကတော့ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။”—ဆာလံ ၂:၁၂။

အခုအချိန်က ဆုံးဖြတ်ချက်ချရမယ့် အချိန်ဖြစ်တယ်။ ၁၉၁၄ ခုနှစ်ကစပြီး ယေရှု စတင်အုပ်ချုပ်နေပြီ၊ မကြာခင် လူ့အစိုးရအားလုံးရဲ့နေရာမှာ ဘုရားသခင်ရဲ့နိုင်ငံတော် အစားထိုးတော့မယ်ဆိုတာ ကျမ်းစာကြိုဟောချက်တွေအရ သိရတယ်။—ဒံယေလ ၂:၄၄။

ယေရှုရဲ့ဦးဆောင်မှုကို ဘယ်လို ထောက်ခံနိုင်သလဲဆိုတာ ပိုသိနိုင်ဖို့ “ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံပါ” ဆိုတဲ့ ဆောင်းပါးကို ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ