ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၈၁
  • နားမကြားသူတွေကို ဘုရား ဂရုစိုက်စောင့်ရှောက်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နားမကြားသူတွေကို ဘုရား ဂရုစိုက်စောင့်ရှောက်ပုံ
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နားမကြားသူတွေကို ဘုရား ရှုမြင်ပုံ
  • နားမကြားသူတွေကို ယေဟောဝါသက်သေတွေ ကူညီပေးပုံ
  • ကျမ်းစာပညာပေး အစီအစဉ်များ
  • ‘ယေဟောဝါသည် သူတို့၌ မျက်နှာတော်အလင်းကို လွှတ်တော်မူသည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သင်တို့၏ နားမကြားသော ညီအစ်ကိုညီအစ်မများကို ချစ်ခင်မြတ်နိုးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • နားမကြားသူများ ယေဟောဝါအားချီးမွမ်းကြ
    နိုးလော့!—၁၉၉၈
  • နားမကြားသူတွေကို ကူညီပေးချင်တဲ့ဆန္ဒ ပြည့်စေခြင်း
    ယေဟောဝါသက်သေများရဲ့ ဘဝအတ္ထုပ္ပတ္တိ
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၈၁
ကော်ဖီဆိုင်အပြင်ဘက်မှာ ယေဟောဝါသက်သေတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို လက်သင်္ကေတပြစကားနဲ့ ဗီဒီယို ပြနေပြီး အမျိုးသမီးက ဝမ်းသာအားရ ကြည့်ရှုနေ။

နားမကြားသူတွေကို ဘုရား ဂရုစိုက်စောင့်ရှောက်ပုံ

ကမ္ဘာတစ်ဝန်းမှာ နားမကြားသူ သန်း ၇၀ လောက်ရှိပြီး အများစုက လက်သင်္ကေတပြစကား ၂၀၀ ကျော်အနက် တစ်ခုခုနဲ့ ဆက်သွယ်ပြောဆိုကြတယ်။ ဝမ်းနည်းစရာက နားမကြားသူတွေ မမျှမတ ဆက်ဆံခံနေရတယ်။ အောက်ပါ အချက်အလက်ကို သတိပြုကြည့်ပါ–

  • “ကမ္ဘာတစ်ဝန်းမှာ နားမကြားသူ၊ အကြားအာရုံချို့ယွင်းသူတွေရဲ့ အခွင့်အရေး လျစ်လျူရှုခံနေရတယ်။”—အမျိုးသား နားမကြားအဖွဲ့အစည်း၊ အမေရိကန်ပြည်ထောင်စု။

  • “ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ နားမကြားသူတွေဟာ အဆင်းရဲဆုံးသူတွေပါ။ သူတို့အတွက် သင့်တော်တဲ့ ပညာရေး၊ အလုပ်အကိုင်နဲ့ အချက်အလက်တွေရဖို့ တအားခက်တယ်။”—ကမ္ဘာ့နားမကြား အဖွဲ့အစည်း။

နားမကြားသူတွေနဲ့ပတ်သက်ပြီး ဘုရား ဘယ်လို ခံစားရသလဲ။ နားမကြားသူတွေအကြောင်း ကျမ်းစာအဆိုက ဘာလဲ။ ဒီနေ့အချိန်မှာ နားမကြားသူတွေကို ယေဟောဝါသက်သေတွေ ဘယ်လို ကူညီပေးနေသလဲ။

နားမကြားသူတွေကို ဘုရား ရှုမြင်ပုံ

ယေဟောဝါaဟာ နားမကြားသူတွေကို ဂရုစိုက်စောင့်ရှောက်တဲ့ ဘုရားဖြစ်တယ်လို့ ကျမ်းစာ ဆိုတယ်။ ဘုရားက နားမကြားသူတွေကို တန်းတူညီတူ ဆက်ဆံခံရစေချင်တယ်။ ဘုရားပြင်ဆင်ပေးတဲ့ ပညာရေးကနေ အကျိုးရစေချင်တယ်။

ကျမ်းချက်– “နားမကြားသူကို မကျိန်ဆဲနဲ့။”—ဝတ်ပြုရာ ၁၉:၁၄။

အဓိပ္ပာယ်– ရှေးအစ္စရေးတွေကိုပေးတဲ့ ယေဟောဝါရဲ့ ပညတ်မှာ နားမကြားသူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးထားတယ်။

ကျမ်းချက်– “ဘုရားသခင် မျက်နှာမလိုက်” ဘူး။—တမန်တော် ၁၀:၃၄။

အဓိပ္ပာယ်– နားမကြားသူတွေအပါအဝင် ယဉ်ကျေးမှု၊ နောက်ခံ၊ ဘာသာစကား အမျိုးမျိုးက လူအားလုံးကို ယေဟောဝါ ဂရုစိုက်စောင့်ရှောက်တယ်။

ကျမ်းချက်– “ယေရှုက မြို့ရွာအနှံ့ လှည့်လည်သွားလာပြီး . . . နိုင်ငံတော် သတင်းကောင်း ဟောတယ်။”—မဿဲ ၉:၃၅။

အဓိပ္ပာယ်– ယေရှု ကမ္ဘာပေါ်လာတာက လူတွေကို ဘုရားနိုင်ငံတော်အကြောင်း၊ နားမကြားသူတွေအပါအဝင် လူသားအားလုံးအတွက် ဘုရားနိုင်ငံတော် လုပ်ဆောင်ပေးမယ့်အရာတွေအကြောင်း ပြောပြဖို့ ဖြစ်တယ်။—မဿဲ ၆:၁၀။

ကျမ်းချက်– ယေရှုက “နားမကြားသူကိုတောင် နားကြားအောင်၊ စကားမပြောနိုင်သူကိုတောင် စကားပြောအောင် လုပ်” ပေးခဲ့တယ်။—မာကု ၇:၃၇။

အဓိပ္ပာယ်– ဘုရားနိုင်ငံတော် အုပ်ချုပ်တဲ့အခါ နားမကြားသူတွေ နားကြားလာပြီး စကားပြောနိုင်မယ်ဆိုတာ ယေရှု သက်သေပြနေတာ။ ဖြစ်ရပ်တစ်ခုမှာ ယေရှုက နားမကြား၊ စကားမပြောနိုင်တဲ့လူတစ်ယောက်ကို လက်ဟန်နဲ့ ကြင်ကြင်နာနာ ဆက်သွယ်ပြောဆိုတယ်။ သူ အကြားအာရုံပြန်ရပြီး စကားပြောနိုင်အောင် ကုသပေးတယ်။—မာကု ၇:၃၁-၃၅။

ကျမ်းချက်– “နားမကြားသူတွေ နားကြားလာမယ်။”—ဟေရှာယ ၃၅:၅။

အဓိပ္ပာယ်– နားမကြားသူတွေ နားကြားလာမယ်လို့ ယေဟောဝါ ကြိုဟောထားတယ်။—ဟေရှာယ ၂၉:၁၈။

နားမကြားသူတွေကို ယေဟောဝါသက်သေတွေ ကူညီပေးပုံ

ယေဟောဝါသက်သေတွေက ကမ္ဘာတစ်ဝန်းက နားမကြားသူတွေကို ဘုရားကတိပြုထားတဲ့ မျှော်လင့်ချက်အကြောင်း ဝေမျှနေကြတယ်။ ဘယ်လိုနည်းနဲ့လဲ။ ကျမ်းစာ၊ ကျမ်းစာလေ့လာဖို့ အထောက်အကူပြုတဲ့ ဗီဒီယိုတွေကို လက်သင်္ကေတပြစကား ၁၀၀ ကျော်နဲ့ ထုတ်ဝေခြင်း၊ လက်သင်္ကေတပြစကားနဲ့ ကျမ်းစာပညာပေးအစီအစဉ်၊ ခရစ်ယာန်အစည်းအဝေးတွေ ပြင်ဆင်ပေးခြင်းအားဖြင့်ပါ။ ဘုရားဆီက အကူအညီ ရယူချင်သူတိုင်း အဲဒီအရာတွေ အခမဲ့ရရှိနိုင်တယ်။ ဘာကြောင့်လဲ။ “အခမဲ့ ရထားတဲ့အတွက် အခမဲ့ ပေးကမ်းကြပါ” လို့ ယေရှုမိန့်မှာထားလို့ပါ။—မဿဲ ၁၀:၈။

အွန်လိုင်းမှာ ကြည့်ဖို့ ဒါမှမဟုတ် ကူးယူဖို့ အောက်ပါအတိုင်း လုပ်ဆောင်နိုင်တယ်–

jw.org ဝက်ဘ်ဆိုက်ရဲ့ ဘာသာစကားသင်္ကေတ။

JW.ORG ဝက်ဘ်ဆိုက်။ ဝက်ဘ်ဆိုက်စာမျက်နှာ အပေါ်ထိပ်မှာတွေ့ရတဲ့ ဘာသာစကား သင်္ကေတကို နှိပ်ပြီး ကိုယ်ကြည့်ချင်တဲ့ လက်သင်္ကေတပြစကားကို ရှာပါ။

“JW Library Sign Language” အက်ပ် သင်္ကေတ။

JW Library Sign Language အက်ပ်။ ဒီအက်ပ်ကို အခမဲ့ ကူးယူနိုင်တယ်။ လက်သင်္ကေတပြစကားနဲ့ ဗီဒီယိုတွေ ကူးယူနိုင်တယ် ဒါမှမဟုတ် တိုက်ရိုက်ကြည့်ရှုနိုင်တယ်။

ကျမ်းစာပညာပေး အစီအစဉ်များ

လက်သင်္ကေတပြစကားနဲ့ ကျမ်းစာ။ အမေရိကန် လက်သင်္ကေတပြစကားနဲ့ ထုတ်ဝေတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းဟာ လက်သင်္ကေတပြစကားနဲ့ ထုတ်ဝေတဲ့ ကမ္ဘာ့ပထမဆုံးကျမ်းစာ ဖြစ်တယ်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို တစ်အုပ်လုံးအနေနဲ့ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းအနေနဲ့ဖြစ်စေ လက်သင်္ကေတပြစကားများစွာနဲ့ ရနိုင်ပါတယ်။ ဘာသာစကားအရေအတွက် နှစ်တိုင်း တိုးနေပါတယ်။ (ဘာသာစကားစာရင်း ကြည့်ဖို့ ဒါမှမဟုတ် ကျမ်းစာကို အွန်လိုင်းကနေကြည့်ဖို့ “လက်သင်္ကေတပြစကားနဲ့ ထုတ်ဝေထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း” လေးထောင့်ကွက်ကို ကြည့်ပါ။)

  • လက်သင်္ကေတပြစကားနဲ့ ကျမ်းစာထုတ်လုပ်ပုံကို သိနိုင်ဖို့ အမေရိကန် လက်သင်္ကေတပြ ဘာသာစကား (ASL) နဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း အပြည့်အစုံ ရနိုင်ပြီ ဗီဒီယိုကို ကြည့်ပါ။

  • ကျမ်းစာဖတ်ရှုတဲ့ အတွေ့အကြုံ တိုးတက်စေဖို့ JW Library Sign Language အက်ပ်ကို ကူးယူပါ။ ကြည့်ချင်တဲ့ကျမ်းချက် တစ်ချက်ချင်းစီ ရွေးချယ်နိုင်တယ်။

  • ဒမီထရိုနဲ့ ဗီတာဟာ နားမကြား မိဘတွေ ဖြစ်ပြီး သူတို့ရဲ့ ကလေးတွေကတော့ နားကြားတယ်။ လက်သင်္ကေတပြစကားနဲ့ ကျမ်းစာဗီဒီယိုကို နေ့တိုင်းကြည့်ရှုလို့ သူတို့ အကျိုးရရှိပုံကို ရှုစားကြည့်ပါ။

ကျမ်းစာအကြောင်း သင်ပေးတဲ့ ဗီဒီယိုများ။ ကျမ်းစာရဲ့ လက်တွေ့ကျအကြံပြုချက်ကို နားလည်သဘောပေါက်ပြီး လက်တွေ့ကျင့်သုံးနိုင်အောင် လက်သင်္ကေတပြစကားနဲ့ ဗီဒီယိုတွေကို အောက်ပါကဏ္ဍအလိုက် ယေဟောဝါသက်သေတွေ ထုတ်လုပ်နေပါတယ်–

  • အိမ်ထောင်သည်၊ မိသားစု

  • ဆယ်ကျော်သက်၊ လူငယ်

  • ကလေး

တစ်ဦးချင်း ကျမ်းစာလေ့လာနိုင်တဲ့ အစီအစဉ်။ ကျမ်းစာသင်ပေးသူနဲ့အတူ သင် အချိန်ပေးနိုင်သလောက် လက်သင်္ကေတပြစကားနဲ့ ကျမ်းစာလေ့လာပါ။ အခမဲ့ကျမ်းစာလေ့လာမှု အစီအစဉ်ကို ဘယ်လိုလုပ်သလဲဆိုတာ ပြပေးဖို့ တောင်းဆိုပါ။

ဖိလစ်ပိုင်က ဂျေစန် စဲနာဂျိုနာ ကျမ်းစာလေ့လာတဲ့အတွက် ဘုရားနဲ့ ဘယ်လိုရင်းနှီးလာတယ်ဆိုတာ လေ့လာကြည့်ပါ။

မာရီယို အန်တူနက်ဇ် လက်သင်္ကေတ ပြနေစဉ်။

မာရီယို အန်တူနက်ဇ်ဟာ ဟွန်ဒူးရပ်စ်နိုင်ငံက ဓမ္မဆရာတစ်ယောက်ပါ။ “ကျွန်တော့်မှာ အဖြေထက် မေးခွန်းက ပိုများနေတယ်” ဆိုတဲ့ ဆောင်းပါးမှာ သူ သိချင်နေတဲ့ ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ ရရှိခဲ့ပုံအကြောင်း ဖတ်ကြည့်ပါ။

အစည်းအဝေးများ၊ အစည်းအဝေးကြီးများ။ ကမ္ဘာတစ်ဝန်းမှာ လက်သင်္ကေတပြစကားနဲ့ အသင်းတော်တွေ၊ အုပ်စုတွေ ရှိပါတယ်။ နားမကြားသူတွေ အပတ်တိုင်း အတူစုဝေးပြီး သင်ယူကြတယ်၊ ဝတ်ပြုကြတယ်။ လက်သင်္ကေတပြစကားနဲ့ ကျမ်းစာပညာပေး အစည်းအဝေးကြီးတွေကိုလည်း နှစ်တိုင်း စီစဉ်ပေးပါတယ်။ အစည်းအဝေးတွေ၊ အစည်းအဝေးကြီးတွေမှာ မျက်မမြင် နားမကြားသူတွေအတွက် အထိအတွေ့ လက်သင်္ကေတစကားနဲ့ ဘာသာပြန်ပေးပါတယ်။ မျက်မမြင်စာကိုလည်း အခမဲ့ ထုတ်လုပ်ပေးပါတယ်။

  • အနီးဆုံး အသင်းတော်ကို ရှာပါ။

  • နှစ်စဉ်ကျင်းပတဲ့ ခရိုင်အစည်းအဝေး၊ တိုက်နယ်အစည်းအဝေးတွေအကြောင်း လေ့လာကြည့်ပါ။

  • နှစ်တစ်နှစ်ရဲ့ အရေးအကြီးဆုံး အခါသမယဖြစ်တဲ့ ယေရှုခရစ်ရဲ့ သေခြင်း အောက်မေ့ရာနေ့ကို တက်ရောက်ပါ။

ဟိုစေး လူးဝစ် အာယာလာဟာ မက္ကဆီကိုမှာ နေတယ်။ နားမကြားသူအဖြစ် မွေးဖွားလာပြီး နောက်ပိုင်း မျက်စိပါ မမြင်တော့ဘူး။ ဒါပေမဲ့ ကျမ်းစာကို ထိထိရောက်ရောက် သွန်သင်ပေးနိုင်သူ ဖြစ်လာတယ်။ ဘာကြောင့်လဲဆိုတာ လေ့လာကြည့်ပါ။

လက်သင်္ကေတပြစကားနဲ့ ထုတ်ဝေထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

၂၀၂၅၊ ဇန်နဝါရီ ၁ ရက်အထိဆိုရင် နားလည်လွယ်တဲ့ ဒီကျမ်းစာကို တစ်အုပ်လုံးအနေနဲ့ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းအနေနဲ့ဖြစ်စေ အောက်ပါဘာသာစကားတွေနဲ့ ရရှိနိုင်ပါတယ်။

ဖွင့်ထားတဲ့ ကျမ်းစာ သင်္ကေတ။

ကျမ်းစာတစ်အုပ်လုံး

  • အမေရိကန် လက်သင်္ကေတပြစကား

  • ဘရာဇီး လက်သင်္ကေတပြစကား

  • အီတလီ လက်သင်္ကေတပြစကား

  • မက္ကဆီကို လက်သင်္ကေတပြစကား

  • ရုရှား လက်သင်္ကေတပြစကား

ဖွင့်ထားတဲ့ ကျမ်းစာ သင်္ကေတ။

ခရစ်ယာန်ဂရိကျမ်းစာ (“ဓမ္မသစ်ကျမ်း”)

  • အာဂျင်တီးနား လက်သင်္ကေတပြစကား

  • ဗြိတိန် လက်သင်္ကေတပြစကား

  • ချီလီ လက်သင်္ကေတပြစကား

  • ကိုလံဘီယာ လက်သင်္ကေတပြစကား

  • အီကွေဒေါ လက်သင်္ကေတပြစကား

  • အိန္ဒိယ လက်သင်္ကေတပြစကား

  • ဂျပန် လက်သင်္ကေတပြစကား

  • ကိုရီးယား လက်သင်္ကေတပြစကား

  • မာလာဝီ လက်သင်္ကေတပြစကား

  • ပီရူး လက်သင်္ကေတပြစကား

  • ပိုလန် လက်သင်္ကေတပြစကား

  • တောင်အာဖရိက လက်သင်္ကေတပြစကား

  • စပိန် လက်သင်္ကေတပြစကား

  • ဇင်ဘာဘွေ လက်သင်္ကေတပြစကား

ဖွင့်ထားတဲ့ ကျမ်းစာ သင်္ကေတ။

ကျမ်းစောင်

  • အင်ဂိုလာ လက်သင်္ကေတပြစကား

  • ဩစတြေးလျ လက်သင်္ကေတပြစကား (ဩစလန်)

  • တရုတ် လက်သင်္ကေတပြစကား

  • ကျူးဘား လက်သင်္ကေတပြစကား

  • ဖိလစ်ပိုင် လက်သင်္ကေတပြစကား

  • ပြင်သစ် လက်သင်္ကေတပြစကား

  • ဂျာမန် လက်သင်္ကေတပြစကား

  • အင်ဒိုနီးရှား လက်သင်္ကေတပြစကား

  • မိုဇမ်ဘစ် လက်သင်္ကေတပြစကား

  • ဗင်နီဇွဲလား လက်သင်္ကေတပြစကား

  • ဇမ်ဘီယာ လက်သင်္ကေတပြစကား

ကျမ်းချက်တွေကိုလည်း တခြားလက်သင်္ကေတပြစကားတွေနဲ့ ဘာသာပြန်ဆိုထားပါတယ်။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ