ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၃၁
  • အီလက်ထရောနစ် ဂိမ်းတွေအကြောင်း ဘာတွေ သိထားသင့်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အီလက်ထရောနစ် ဂိမ်းတွေအကြောင်း ဘာတွေ သိထားသင့်သလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အီလက်ထရောနစ်ဂိမ်းနဲ့ ပတ်သက်တဲ့မေးခွန်းများ
  • ကောင်းကျိုး
  • ဆိုးကျိုး
  • အမြင်မှန် ပြန်ရလာခြင်း
  • အီလက်ထရွန်နစ်ဂိမ်းတွေကို ငါကစားသင့်သလား
    နိုးလော့!—၂၀၀၈
  • ဂိမ်းကစားသူများ အန္တရာယ်ရှိသလော
    နိုးလော့!—၂၀၀၃
  • ပြောင်းလဲနေသော—အီလက်ထရွန်နစ် ဂိမ်းလောက
    နိုးလော့!—၂၀၀၃
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၃၁
ကောင်လေးတစ်ယောက် ဗီဒီယိုဂိမ်း ကစားနေ

လူငယ်များအမေး

အီလက်ထရောနစ်ဂိမ်းတွေအကြောင်း ဘာတွေ သိထားသင့်သလဲ

  • အီလက်ထရောနစ်ဂိမ်းနဲ့ ပတ်သက်တဲ့မေးခွန်းများ

  • ကောင်းကျိုး

  • ဆိုးကျိုး

  • အမြင်မှန် ပြန်ရလာခြင်း

  • ရွယ်တူချင်းတွေ ပြောဆိုရာ

အီလက်ထရောနစ်ဂိမ်းနဲ့ ပတ်သက်တဲ့မေးခွန်းများ

ဒေါ်လာသန်းထောင်ချီရနေတဲ့ အီလက်ထရောနစ်ဂိမ်းထုတ်လုပ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ

  1. ၁။ ဂိမ်းကစားသူတွေရဲ့ ပျမ်းမျှအသက်က ဘယ်လောက်လဲ။

    1. က။ ၁၈ နှစ်

    2. ခ။ အသက် ၃၀

  2. ၂။ အီလက်ထရောနစ် ဂိမ်းကစားသူတွေက ယောက်ျားလေးတွေလား၊ မိန်းကလေးတွေလား။

    1. က။ ယောက်ျားလေး ၅၅ ရာခိုင်နှုန်း၊ မိန်းကလေး ၄၅ ရာခိုင်နှုန်း

    2. ခ။ ယောက်ျားလေး ၁၅ ရာခိုင်နှုန်း၊ မိန်းကလေး ၈၅ ရာခိုင်နှုန်း

  3. ၃။ ဒီအုပ်စု နှစ်စုမှာ ဂိမ်းကစားသူ ဦးရေ သိသိသာသာ ပိုများနေတဲ့အုပ်စုက ဘယ်အုပ်စုလဲ။

    1. က။ ၁၈ နှစ်နဲ့ ၁၈ နှစ်အထက် မိန်းကလေးတွေ

    2. ခ။ ၁၇ နှစ်နဲ့ ၁၇ နှစ်အောက် ယောက်ျားလေးတွေ

အဖြေ (၂၀၁၃ ခုနစ်က အချက်အလက်တွေကို အခြေခံထား)–

  1. ၁။ ခ။ ၃၀။

  2. ၂။ က။ ဂိမ်းကစားသူအားလုံးရဲ့ တစ်၀က်နီးပါးဖြစ်တဲ့ ၄၅ ရာခိုင်နှုန်းက မိန်းကလေးတွေဖြစ်တယ်။

  3. ၃။ က။ ယောက်ျားလေး ၁၇ နှစ်နဲ့ ၁၇ နှစ်အောက်ကစားသူအရေအတွက် ၁၉ ရာခိုင်နှုန်းရှိနေချိန်မှာ မိန်းကလေး ၁၈ နှစ်နဲ့ ၁၈ နှစ်အထက် ဂိမ်းကစားသူအရေအတွက်က ၃၁ ရာခိုင်နှုန်းရှိတယ်။

ဒီစာရင်းဇယားတွေက ဂိမ်းကို ဘယ်သူတွေ ကစားနေလဲဆိုတာကို သိစေပါတယ်။ အီလက်ထရောနစ်ဂိမ်း ကစားတာက ကျွန်တော်တို့အပေါ် ကောင်းကျိုး၊ ဆိုးကျိုးရှိသလားဆိုတာကိုတော့ မဖော်ပြထားဘူး။

ကောင်းကျိုး

အီလက်ထရောနစ်ဂိမ်းတွေနဲ့ ပတ်သက်ပြီး အောက်ဖော်ပြပါ ဘယ်အချက်ကို သင်သဘောတူပါသလဲ။

  • “အီလက်ထရောနစ်ဂိမ်းတွေက မိသားစုနဲ့ရော သူငယ်ချင်းတွေနဲ့ပါ နှောင်ကြိုးဖွဲ့စေတဲ့ ပျော်စရာကောင်းတဲ့ ကစားနည်းပါ။”—အိုင်ရင်း။

  • “အီလက်ထရောနစ်ဂိမ်း ကစားရတာ ထွက်ပေါက်တစ်ခုပါ။”—အန်းနက်ထ်။

  • “ဂိမ်းတွေက သင့်ရဲ့ တုံ့ပြန်နိုင်စွမ်းကို တိုးစေပါတယ်။”—ခရစ်တိုဖာ။

  • “အီလက်ထရောနစ်ဂိမ်းတွေက သင့်ကို ပြဿနာဖြေရှင်းနိုင်စွမ်းတိုးအောင် ကူညီပေးပါတယ်။”—အေမီ။

  • “အီလက်ထရောနစ်ဂိမ်းတွေက ဦးနှောက်ကို လေ့ကျင့်ပေးနေတယ်။ အစီအစဉ်တွေချတတ်အောင်၊ စဉ်းစားတွေးခေါ်တတ်အောင် ကူညီပေးပါတယ်။”—အန်သနီ။

  • “တချို့ဂိမ်းတွေက သူငယ်ချင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တတ်အောင် လှုံ့ဆော်ပေးတယ်။”—သောမတ်စ်။

  • “တချို့ဂိမ်းတွေက လှုပ်လှုပ်ရှားရှားရှိစေပြီး ခန္ဓာကိုယ်အချိုးအစား ပြေပြစ်စေဖို့ ထောက်ကူပေးတယ်။”—ဂျေအယ်လ်။

အီလက်ထရောနစ်ဂိမ်းတွေနဲ့ပတ်သက်ပြီး ဖော်ပြထားရာတချို့ ဒါမှမဟုတ် အားလုံးကို သင် သဘောတူပါသလား။ ဗီဒီယိုဂိမ်းတွေက သင့်ရဲ့စိတ်ပိုင်းနဲ့ ကာယပိုင်းကို အကျိုးပြုနိုင်ပါတယ်။ တချို့ဂိမ်းတွေက အလကားအချိန်ကုန်စေတာမှန်ပေမဲ့ အန်းနက်ထ် ပြောသလို “စိတ်ရဲ့ထွက်ပေါက်” ဖြစ်စေတဲ့အတွက် တစ်ခါတလေ ကစားတာ မမှားပါဘူး။

● ‘ကောင်းကင်အောက်က လုပ်ဆောင်မှုတိုင်းမှာ သူ့အချိန်နဲ့သူရှိတယ်’ လို့ ကျမ်းစာမှာ ပြောထားတဲ့အတွက် အပန်းဖြေရတဲ့အချိန်လည်း ရှိပါတယ်။—ဒေသနာ ၃:၁–၄၊ ကဘ။

ဆိုးကျိုး

အီလက်ထရောနစ်ဂိမ်း ကစားတာနဲ့ပဲ အချိန်ကုန်နေသလား။

“ကျွန်မ ဂိမ်း စ,ကစားပြီဆိုရင် ရပ်ဖို့ မလွယ်တော့ဘူး။ ‘နောက်တစ်ဆင့်ပဲ’ ကစားတော့မယ်လို့ ပြောရင်းနဲ့ ဖန်သားပြင်ရှေ့မှာ နှစ် နာရီလောက် နစ်မျောသွားပြီးနောက်မှ အချိန်အတော်များများကို ဖြုန်းပစ်လိုက်တယ်ဆိုတာ သိလာတယ်။”—အန်းနက်ထ်။

“ဗီဒီယို ဂိမ်းတွေက သင့်ရဲ့အချိန်တွေကို အလဟဿ ဖြစ်စေတယ်။ အချိန်အကြာကြီး ဂိမ်းကစားပြီး ငါးပွဲလောက်နိုင်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အောင်မြင်လှပြီဆိုပြီး အဟုတ်ကြီးထင်နေတာ။ တကယ်တော့ ဘာမှပြီးမြောက်အောင်မြင်မှုမရှိပါဘူး။”—ဆရီးနာ။

ကောင်လေးတစ်ယောက် ဗီဒီယိုဂိမ်း ကစားနေ

အဓိကအချက်– ပိုက်ဆံကုန်သွားရင် ပြန်ရှာနိုင်ပါတယ်။ ကုန်သွားတဲ့ အချိန်ကိုတော့ ပြန်မရနိုင်ပါဘူး။ အချိန်က ပိုက်ဆံထက် တန်ဖိုးရှိပါတယ်။ ဒါကြောင့် ဆုံးရှုံးမခံပါနဲ့။

● “ပြင်ပလူတို့ကို ဉာဏ်ပညာဖြင့် ဆက်ဆံကြလော့။ သင်တို့အကျိုးအတွက် အခွင့်သာသောအချိန်ကို ဝယ်ယူကြလော့။”—ကောလောသဲ ၄:၅။

အီလက်ထရောနစ်ဂိမ်းတွေက သင့်ရဲ့ စဉ်းစားတွေးခေါ်ပုံကို ထိခိုက်စေပါသလား။

“ထောင်ချထိုက်၊ သေဒဏ်ချထိုက်တဲ့ ရာဇဝတ်မှုတွေကို ဘာမှမစဉ်းစားဘဲ ဗီဒီယိုဂိမ်းထဲမှာ ကျူးလွန်တတ်ကြတယ်။”—စဲ့သ်။

“ဂိမ်းအများစုက ပန်းတိုင်ကို အရောက်လှမ်းဖို့ ရန်သူကို တိုက်ခိုက်ချေမှုန်းရတာချည်းပဲ။ များသောအားဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ရတယ်။”—အန်းနက်ထ်။

“တစ်ခါတလေ ဂိမ်းကစားတဲ့အခါမှာ ကိုယ့်သူငယ်ချင်းကို ‘သေစမ်း၊’ ‘မင်း သေဖို့သာပြင်ထား’ လို့ ပြောနေတာက မယုံနိုင်စရာပဲ။”—နေသန်။

အဓိကအချက်– ဘုရားသခင်မကြိုက်တဲ့ အကြမ်းဖက်မှု၊ နတ်ဆိုးတွေနဲ့ပတ်သက်ဆက်နွှယ်မှု၊ လိင်ဆိုင်ရာ အကျင့်ပျက်မှုတွေကို အသားပေးတင်ဆက်တဲ့ ဂိမ်းတွေကို ရှောင်ပါ။—ဂလာတိ ၅:၁၉–၂၁; ဧဖက် ၅:၁၀; ၁ ယောဟန် ၂:၁၅၊ ၁၆။

● ယေဟောဝါက အကြမ်းဖက်မှုကျူးလွန်သူကိုပဲ မုန်းတာမဟုတ်ဘူး။ ‘အကြမ်းဖက်မှုနှစ်သက်သူ’ ကိုလည်း မုန်းတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာလံ ၁၁:၅၊ ကဘ) ကိုယ်ရွေးချယ်တဲ့ အီလက်ထရောနစ်ဂိမ်းတွေက ကိုယ် ဘယ်လိုလူစားမျိုးဖြစ်လာမယ်ဆိုတာကို မဖော်ပြရင်တောင် ကိုယ်ဟာ ဘယ်လိုလူစားမျိုးဖြစ်နေပြီဆိုတာကိုတော့ ဖော်ပြတယ်။

စဉ်းစားစရာ– စာအုပ်တစ်အုပ် (Getting to Calm) အရ “တီဗွီကြည့်တာထက် ကြမ်းတမ်းရမ်းကားတဲ့ ဂိမ်းတွေကို ကစားတာက ကလေးတွေရဲ့ အပြုအမူပေါ် အကျိုးသက်ရောက်မှုပိုများတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေက သွေးသံတရဲရဲနဲ့ ဒေါသထန်တဲ့ဇာတ်ကောင်ကိုသာ ကြည့်နေကြတာမဟုတ်ဘဲ သူတို့ကိုယ်တိုင် အဲဒီဇာတ်ကောင် ဖြစ်နေတယ်။ ကျောင်းဆရာတစ်ယောက်လို ဂိမ်းက သင့်ကို ကြမ်းတမ်းရမ်းကားမှုအကြောင်း အသေးစိတ် သင်ပေးတယ်။—ဟေရှာယ ၂:၄ နဲ့ နှိုင်းယှဉ်ပါ။

အမြင်မှန် ပြန်ရလာခြင်း

လူငယ်အတော်များများကတော့ ဂိမ်းကစားတာနဲ့ပတ်သက်ပြီး ဟန်ချက်ညီဖို့ သင်ယူခဲ့ကြပါပြီ။ ဥပမာ နှစ်ခုကို လေ့လာကြည့်ပါ။

“‘ငါးနာရီလောက်ပဲ အိပ်ရင်ရပြီ၊ နောက်တစ်ဆင့်လောက်တက်ကြည့်မယ်’ ဆိုပြီး ညဉ့်နက်တဲ့အထိ ကျွန်တော် ဂိမ်းကစားတတ်ပါတယ်။ အခုတော့ ကျွန်တော် ဂိမ်းကစားတာနဲ့ပတ်သက်ပြီး သင့်တော်တဲ့အမြင်ရှိအောင် သင်ယူခဲ့ပါပြီ။ ဂိမ်းကစားတာကို ကျွန်တော်ကြိုက်ပေမဲ့ သူ့အချိန်နဲ့သူပဲ ကစားတော့တယ်။”—ဂျိုးဇက်။

“အခု ကျွန်တော် ဂိမ်းကစားတာကို ဖြတ်ပစ်လိုက်လို့ အလုပ်တွေလည်း ပိုပြီးလာတယ်။ သမ္မာကျမ်းစာအကြောင်း ဝေမျှပေးခြင်းလုပ်ငန်းမှာ ပိုပါဝင်လာနိုင်သလို အသင်းတော်မှာလည်း တခြားသူတွေကို ကူညီဖို့ တက်လှမ်းလာနိုင်တယ်။ အခုဆိုရင် ဂီတတူရိယာတစ်ခု တီးမှုတ်တတ်အောင် သင်ယူနိုင်လာတယ်။ နဂိုအခြေအနေနဲ့ လုံးလုံးကွာခြားသွားတယ်။”—ဒေးဗစ်။

● ရင့်ကျက်တဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ “လျောက်ပတ်စွာ နေထိုင်ကျင့်ကြံ” ကြတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ တိမောသေ ၃:၂၊ ၁၁၊ ခမ) သူတို့ဟာ အပန်းဖြေရတာကို ကြိုက်ကြပေမဲ့ ဘယ်အချိန်မှာရပ်သင့်တယ်ဆိုတာ သိကြတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်ကြတယ်။—ဧဖက် ၅:၁၀။

အဓိကအချက်– ဂိမ်းကို သူ့အချိန်နဲ့သူ ကစားမယ်ဆိုရင် ကောင်းတဲ့အပန်းဖြေမှု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့အချိန်တွေကို တိုက်စားသွားတာ ဒါမှမဟုတ် ဘဝမှာ အရေးကြီးတဲ့အရာတွေအပေါ် အာရုံမစိုက်နိုင်တော့တဲ့အထိ ဂိမ်းကစားတာမျိုး မဖြစ်ပါစေနဲ့။ ဂိမ်းကို နောက်ဆုံးအဆင့်ထိ ကြိုးစားဆော့မယ့်လို့ အာရုံစိုက်လွန်းမယ့်အစား လက်တွေ့ဘဝမှာ တကယ်အကျိုးဖြစ်ထွန်းတဲ့ အလုပ်တစ်ခုပြီးအောင် ကြိုးစားတာက ပိုမကောင်းဘူးလား။

ရွယ်တူချင်းတွေပြောဆိုရာ

မက်ဒေးဆန်

“အိပ်ခန်းထဲမှာ ဂိမ်းဆော့တဲ့အခါ ကစားတာကို ရပ်ဖို့ခက်နေတယ်ဆိုရင် ဂိမ်းပစ္စည်းတွေကို အိပ်ခန်းမှာ မထားဘဲ တခြားနေရာမှာ ထားပါ။ ကိုယ်က အချိန် ဒီလောက်ပဲ ဆော့မယ်လို့ သတ်မှတ်ထားပေမဲ့လည်း အဲဒီဗီဒီယိုဂိမ်းတွေက အိပ်ခန်းမှာရှိမယ်ဆိုရင် ညလုံးပေါက် ကစားမိသွားနိုင်တယ်။”—မက်ဒေးဆန်။

ကော်ဗန်

“၁၀ မိနစ်၊ မိနစ် ၂၀ လောက်ဆို တော်ပြီလို့ ပြောပြီး ကစားမယ်ဆိုရင်တော့ ပြောတဲ့အတိုင်း ရပ်လို့ ရမှာမဟုတ်ဘူး။ တစ်ခါတလေ ဂိမ်းစက်ကို ပိတ်၊ ထပြီး တစ်ခုခုလုပ်ဖို့ လိုတယ်။ နှစ်ရက်သုံးရက်လောက် ဗီဒီယိုဂိမ်း လုံးဝမဆော့ဘဲ နေကြည့်နိုင်မလား။ ဗီဒီယိုဂိမ်းဆော့မယ့်အစား ဘတ်စကက်ဘောကစားတာ၊ တခြားကိုယ်လက်လှုပ်ရှားမှုတစ်မျိုးမျိုးနဲ့ အစားထိုးကြည့်ပါ။—ကော်ဗန်။

အဲလစ်ဇန်ဒရီးယား

“ည ၁ နာရီ၊ ဒါမှမဟုတ် အဲဒီထက် နောက်ကျတဲ့အထိ ဗီဒီယိုဂိမ်းကစားတယ်ဆိုရင် ဂိမ်းက သင့်ရဲ့အိပ်ချိန်ကိုတောင် လုယူတဲ့အထိလွှမ်းမိုးထားပြီ။ အဲလောက်ထိ ကစားတာက ကျန်းမာရေးကို ထိခိုက်စေပြီး နောက်နေ့ နိုးလာတဲ့အခါ မလန်းမဆန်းဖြစ်၊ နုံးချည့်နေပါလိမ့်မယ်။”—အဲလစ်ဇန်ဒရီးယား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ