ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၇၄
  • ခြေကုန်လက်ပန်းမကျအောင် ဘယ်လို လုပ်နိုင်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခြေကုန်လက်ပန်းမကျအောင် ဘယ်လို လုပ်နိုင်သလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာကြောင့် ဖြစ်သလဲ
  • ဘာကြောင့် အရေးကြီးသလဲ
  • လုပ်ဆောင်နိုင်ရာ
  • ခြေကုန်လက်ပန်းကျတာကို ဘယ်လို ဖြေရှင်းနိုင်မလဲ
    နိုးလော့!—၂၀၁၄
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • အိပ်ချိန် ဘယ်လို ပိုရနိုင်မလဲ
    လူငယ်များအမေး
  • အချိန်ကို ဘယ်လို အကျိုးရှိရှိ အသုံးချမလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၇၄
နည်းပညာ၊ အားကစား၊ ဖျော်ဖြေရေး၊ ကျောင်းစာတွေနဲ့ လူငယ်တစ်ယောက် လုံးလည်လိုက်နေစဉ်

လူငယ်များအမေး

ခြေကုန်လက်ပန်းမကျအောင် ဘယ်လို လုပ်နိုင်သလဲ

ခြေကုန်လက်ပန်းကျချင်သလို ဖြစ်နေသလား။ ဖြစ်နေတယ်ဆိုရင် ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။

  • ဘာကြောင့် ဖြစ်သလဲ

  • ဘာကြောင့် အရေးကြီးသလဲ

  • လုပ်ဆောင်နိုင်ရာ

  • ရွယ်တူတွေ အဆို

ဘာကြောင့် ဖြစ်သလဲ

  • မနိုင်ဝန် ထမ်းခြင်း။ “ပိုကောင်းအောင် လုပ်၊ တိုးတက်အောင် လုပ်၊ ပန်းတိုင် မြင့်မြင့်ထား၊ ထူးချွန်အောင်မြင်အောင် လုပ် ဆိုပြီး အမြဲ အပြောခံနေရတယ်။ တစ်ချိန်လုံး အဲဒီလိုဖိအားပေးနေတော့ တကယ်ခက်တယ်” ဆိုပြီး မိန်းကလေး ဂျူလီ ပြောတယ်။

  • နည်းပညာ။ စမတ်ဖုန်း၊ တက်ဘလက်၊ တခြားကိရိယာတွေကို တစ်ရက် ၂၄ နာရီ၊ တစ်ပတ် ခုနစ်ရက် ဖွင့်ထားတဲ့အခါ ဖိစီးမှုတွေ များပြီး ကြာတော့ ခြေကုန်လက်ပန်းကျလာတယ်။

  • အိပ်ရေးပျက်ခြင်း။ “ကျောင်း၊ အလုပ်၊ အပန်းဖြေမှုတို့ကြောင့် လူငယ်များစွာဟာ ညနက်မှ အိပ်၊ မနက်စောစော ထရတဲ့ သံသရာထဲကနေ ရုန်းမထွက်နိုင်ကြဘူး” ဆိုပြီး မိန်းကလေး မီရန်ဒါ ပြောတယ်။ အိပ်ရေးပျက်ဖန် များလာတဲ့အခါ ခြေကုန်လက်ပန်းကျလာတတ်တယ်။

ဘာကြောင့် အရေးကြီးသလဲ

လုံ့လဝီရိယ ရှိတာကို ကျမ်းစာက ချီးမွမ်းထားတယ်။ (ပညာအလိမ္မာ ၆:၆-၈။ ရောမ ၁၂:၁၁) ဒါပေမဲ့ ကျန်းမာရေး အပါအဝင် တစ်ခုခုကို ထိခိုက်တဲ့အထိ အလုပ်လုပ်တာကိုတော့ ကျမ်းစာက မထောက်ခံပါဘူး။

“တစ်ခါက အလုပ်တွေ များလွန်းလို့ သည်းကြီးမည်းကြီး လုပ်နေရတော့ တစ်နေ့လုံး အစာတောင် မစားဖြစ်ဘူး။ ကိုယ့်ကျန်းမာရေးကို ရင်းပြီး ပေးသမျှ တာဝန်တိုင်းကို လက်ခံတာ မကောင်းဘူးဆိုတာ သိလိုက်ပြီ။”—အက်ရှ်လေ။

“အသက်ရှင်နေတဲ့ခွေးဟာ သေသွားတဲ့ခြင်္သေ့ထက် သာတယ်” လို့ ကျမ်းစာ ပြောတာ အကြောင်းကောင်း ရှိတယ်။ (ဒေသနာ ၉:၄) ခြင်္သေ့လို ခွန်အားရှိမယ်အထင်နဲ့ ကိုယ့်ကိုယ်ကိုယ် တအားမောင်းမယ်ဆိုရင် ခဏပဲ ခံပါလိမ့်မယ်။ ခြေကုန်လက်ပန်းကျအောင် လုပ်ရင် ကိုယ့်ကျန်းမာရေးပဲ ထိခိုက်မယ်။

လုပ်ဆောင်နိုင်ရာ

  • ငြင်းတတ်ပါစေ။ “ဉာဏ်ပညာကတော့ ကျိုးနွံသူတွေနဲ့အတူ ရှိနေတယ်” လို့ ကျမ်းစာက ပြောတယ်။ (ပညာအလိမ္မာ ၁၁:၂) ကျိုးနွံတဲ့သူတွေဟာ ကိုယ်တတ်နိုင်ရာ၊ မတတ်နိုင်ရာကို သိပြီး မနိုင်တဲ့ဝန်ကို မထမ်းကြဘူး။

    “ကမ်းလှမ်းလာသမျှ အလုပ်တိုင်းကို မငြင်းဘဲ ကုန်းရုန်းလုပ်တဲ့သူဟာ ခြေကုန်လက်ပန်းကျတာ များတယ်။ ဒါက နှိမ့်ချကျိုးနွံရာ မရောက်ဘူး။ အနှေးနဲ့ အမြန် ခြေကုန်လက်ပန်းကျမှာပဲ။”—ဂျော်ဒန်။

  • လုံလောက်စွာ အနားယူပါ။ “လက်တစ်ဆုပ်စာ အနားယူရတာဟာ လက်နှစ်ဆုပ်စာ တပင်တပန်း လုပ်ဆောင်ပြီး လေကို ဖမ်းဆုပ်ဖို့ အားထုတ်နေတာထက် ပိုကောင်းတယ်။” (ဒေသနာ ၄:၆) အိပ်စက်ခြင်းကို “ဦးနှောက်အတွက် အာဟာရ” လို့ ခေါ်ကြတယ်။ ဒါပေမဲ့ ဆယ်ကျော်သက်အများစုဟာ လိုအပ်တဲ့အိပ်ချိန် ရှစ်နာရီမှ ဆယ်နာရီကို မပြည့်မီကြဘူး။

    “ကျွန်မရဲ့ အချိန်ဇယားက မူမမှန်ဖြစ်နေတော့ အိပ်ရေးပျက်တာ များတယ်။ တစ်ခါတလေ အိပ်ရေးဝဝ အိပ်လိုက်တဲ့အခါ နောက်နေ့အတွက် အားအင်တွေ ပြည့်နေပြီး စိတ်ကြည်လင်နေတဲ့အပြင် အလုပ်လည်း ပြီးတယ်။”—ဘရွတ်ကလင်။

  • စည်းစနစ်ကျပါ။ “ဝီရိယရှိသူရဲ့ အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၂၁:၅) ကိုယ့်အချိန်နဲ့ အလုပ်တွေကို အသေအချာ စီစဉ်လုပ်ကိုင်တတ်တာက ဘဝတစ်လျှောက်လုံး အကျိုးပြုမယ့် အရည်အချင်းကောင်းပါပဲ။

    “အသေအချာ စီစဉ်ထားတဲ့ ဇယားရှိမယ်ဆိုရင် ကိုယ်တိုင်ကြောင့် ဖြစ်တဲ့ ဖိစီးမှု အတော်များများကို ရှောင်နိုင်မယ်။ ဇယားကို ကိုယ်မြင်နိုင်တဲ့နေရာမှာ ထားတဲ့အခါ ပြုပြင်ပြောင်းလဲဖို့ လိုတာတွေကို အလွယ်တကူ တွေ့နိုင်တဲ့အတွက် ခြေကုန်လက်ပန်းကျတာ မဖြစ်တော့ဘူး။”—ဗာနက်ဆာ။

ရွယ်တူတွေ အဆို

ဂျီအန်းနာ

“တချို့သူတွေဟာ ငွေရအောင် အသည်းအသန် ရှာကြတဲ့အတွက် ခြေကုန်လက်ပန်းကျကြတယ်။ ဒါပေမဲ့ ဘဝအခြေခံ လိုအပ်ရာတွေနဲ့ ရောင့်ရဲဖို့ ၁ တိမောသေ ၆:၈ မှာ ပြောထားတယ်။ ဒါကြောင့် ရိုးရိုးရှင်းရှင်း နေထိုင်ဖို့၊ မလိုအပ်တာတွေအတွက် အချိန်ကုန် လူပန်းမဖြစ်ဖို့ သတိပေးတာ ကောင်းတယ်။”—ဂျီအန်းနာ။

ဝေလန်

“တစ်ပတ်တာ ဇယားဆွဲထားတာက တကယ် အထောက်အကူပြုတယ်။ ဇယားသာ မရှိရင် ကျွန်တော် မလုပ်နိုင်တဲ့ အလုပ်တွေကို လက်ခံမိသွားနိုင်တယ်။ အဲဒီလိုဆိုရင် စိတ်ဖိစီးပြီး အလုပ်လည်း ပြီးမှာ မဟုတ်ဘူး။”—ဝေလန်။

ခါရာ

“ဖိတ်ခေါ်ချက်တိုင်းကို လက်ခံရမယ်၊ လက်မခံရင် ပျော်ရွှင်မှာ မဟုတ်ဘူးလို့ ထင်နိုင်တယ်။ အထင်နဲ့ အမြင် တခြားစီ ဖြစ်နေတတ်တယ်။ လုံလုံလောက်လောက် အနားယူမှ နွမ်းနယ်မှု မရှိဘဲ ပိုပျော်ရွှင်မယ်။”—ခါရာ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ