ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbv ဆောင်းပါး ၅၁
  • တမန်တော် ၁:၈—‘သင်တို့သည် တန်ခိုးကို ခံရမည်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တမန်တော် ၁:၈—‘သင်တို့သည် တန်ခိုးကို ခံရမည်’
  • ကျမ်းပိုဒ် ရှင်းပြချက်များ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တမန်တော် ၁:၈ ရဲ့ အဓိပ္ပာယ်
  • တမန်တော် ၁:၈ ရဲ့ အထက်အောက်စကား
  • “ကမ္ဘာမြေ အစွန်အဖျားအထိ”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • “ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ပင်တေကုတ္တေပွဲနေ့မတိုင်ခင် ယေရှုကို တပည့်များစွာမြင်ရ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ‘ဘုရားသခင့်စကားတော် တိုးပွားလျက်ရှိ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကျမ်းပိုဒ် ရှင်းပြချက်များ
ijwbv ဆောင်းပါး ၅၁

ကျမ်းပိုဒ် ရှင်းပြချက်များ

တမန်တော် ၁:၈—‘သင်တို့သည် တန်ခိုးကို ခံရမည်’

“ခင်ဗျားတို့ သန့်ရှင်းသော စွမ်းအားတော် ရတဲ့အခါ တန်ခိုးရပြီး ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ ကမ္ဘာမြေ အစွန်အဖျားအထိ ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်။”—တမန်တော် ၁:၈၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

“သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏ သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။”—တမန်တော် ၁:၈၊ ယုဒသန်ကျမ်း။

တမန်တော် ၁:၈ ရဲ့ အဓိပ္ပာယ်

ကမ္ဘာမြေ အစွန်အဖျားအထိ အမှုဆောင်နိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော် ရကြမယ်လို့ နောက်လိုက်တွေကို ယေရှု ကတိပေးနေတာ ဖြစ်တယ်။

‘ခင်ဗျားတို့ သန့်ရှင်းသော စွမ်းအားတော် ရတဲ့အခါ တန်ခိုး ရလိမ့်မယ်။’ ယေရှု ကောင်းကင်ကို ပြန်တက်သွားပြီးနောက် တပည့်တွေ စွမ်းအားတော်a အကူအညီ ရကြမယ်လို့ အရင်က ကတိပေးထားတာကို ယေရှု ပြန်ပြောနေတာ။ (ယောဟန် ၁၄:၁၆၊ ၂၆) ကတိပေးထားတဲ့အတိုင်း အေဒီ ၃၃၊ ယေရှု ကောင်းကင် ပြန်တက်သွားပြီးလို့ ဆယ်ရက်အကြာမှာ နောက်လိုက်တွေ သန့်ရှင်းသော စွမ်းအားတော် ရကြတယ်။ (တမန်တော် ၂:၁-၄) သန့်ရှင်းသော စွမ်းအားတော်ကြောင့် ဘာသာစကား အမျိုးမျိုး ပြောနိုင်ကြတယ်။ အံ့ဖွယ်အမှုတွေ လုပ်နိုင်ကြတယ်။ ယေရှုအကြောင်း ရဲရဲရင့်ရင့် ဟောပြောနိုင်ကြတယ်။—တမန်တော် ၃:၁-၈။ ၄:၃၃။ ၆:၈-၁၀။ ၁၄:၃၊ ၈-၁၀။

“ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်။” “သက်သေခံတယ်” ဆိုတဲ့ စကားလုံးဟာ ကိုယ်တိုင် မြင်ထား၊ ကြုံထားတာကို အခြေခံပြီး “သက်သေထွက်ဆိုတယ်၊” “မှန်ကန်ကြောင်း ထောက်ခံတယ်” ဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။ ယေရှု အမှုဆောင်ချိန်ကာလအတွင်း ဖြစ်ခဲ့တာတွေ၊ ယေရှုရဲ့ သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်း စတာတွေနဲ့ပတ်သက်လာရင် တမန်တော်တွေဟာ မျက်မြင်သက်သေ ဖြစ်လို့ မှန်ကန်ကြောင်း ထောက်ခံနိုင်ကြတယ်။ (တမန်တော် ၂:၃၂။ ၃:၁၅။ ၅:၃၂။ ၁၀:၃၉) ငြင်းမရအောင် ခိုင်လုံတဲ့ တမန်တော်တွေရဲ့ သက်သေထွက်ဆိုချက်ကြောင့် ယေရှုဟာ ခရစ်တော်၊ ကတိထားရာ မေရှိယ ဖြစ်ကြောင်း လူများစွာ ယုံကြည်လာကြတယ်။ (တမန်တော် ၂:၃၂-၃၆၊ ၄၁) တမန်တော်တွေကို ယုံတဲ့သူတွေဟာ ယေရှုရဲ့ သက်သေ ဖြစ်လာကြတယ်။ ယေရှုရဲ့ ဘဝ၊ သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်းရဲ့ အရေးပါမှုအကြောင်း တခြားသူတွေကို ပြန်ဟောကြတယ်။—တမန်တော် ၁၇:၂၊ ၃။ ၁၈:၅။

“ကမ္ဘာမြေ အစွန်အဖျားအထိ။” ဒီစကားလုံးကို “အဝေးဆုံး နေရာတွေအထိ၊” “တခြားနိုင်ငံတွေအထိ” လို့လည်း ပြန်ဆိုနိုင်တယ်။ သက်သေခံဖို့ နောက်လိုက်တွေ ဘယ်လောက်ဝေးဝေးအထိ သွားကြမယ်ဆိုတာ ဒီစကားလုံးက ဖော်ပြတယ်။ ကိုယ့်ယုံကြည်ချက်အကြောင်း သက်သေခံဖို့ ယုဒပြည်၊ ရှမာရိပြည်ထက်မက သွားကြမှာ။ ယေရှု ဟောတုန်းကထက် ပိုကျယ်တဲ့ နယ်မြေ၊ ပိုများတဲ့ လူတွေဆီ သွားကြမှာ။ (မဿဲ ၂၈:၁၉။ ယောဟန် ၁၄:၁၂) ယေရှု ဒီလို ပြောပြီးလို့ အနှစ် ၃၀ မပြည့်သေးခင်မှာပဲ “ကမ္ဘာမြေအရပ်ရပ်မှာ ရှိတဲ့ လူတိုင်းကို သတင်းကောင်း ဟောပြောခဲ့ပြီ” ဆိုပြီး တမန်တော် ပေါလု ပြောတယ်။ ရောမပြည်၊ ပါသိပြည် (ကက်စပီယန်ပင်လယ် အရှေ့တောင်ပိုင်း)၊ မြောက်အာဖရိကလို ဝေးလံတဲ့ နေရာတွေအထိတောင် ယေရှုအကြောင်း သတင်းကောင်း ပျံ့နှံ့သွားတာ။—ကောလောသဲ ၁:၂၃။ တမန်တော် ၂:၅၊ ၉-၁၁။

တမန်တော် ၁:၈ ရဲ့ အထက်အောက်စကား

တမန်တော်ကျမ်းဟာ လုကာ ခရစ်ဝင်ကျမ်းရဲ့ အဆက် ဖြစ်တယ်။ (လုကာ ၂၄:၄၄-၄၉။ တမန်တော် ၁:၄၊ ၅) ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် နောက်လိုက်တွေရှေ့ ကိုယ်ထင်ပြတဲ့အကြောင်းကနေ ကျမ်းရေးသူ လုကာ စရေးထားတယ်။ (တမန်တော် ၁:၁-၃) အဲဒီနောက် ခရစ်ယာန် အသင်းတော် ဘယ်လို စတည်ထောင်တယ်၊ အေဒီ ၃၃ ကနေ အေဒီ ၆၁ လောက်ကာလအတွင်း ဘယ်လောက် တိုးတက်လာတယ်ဆိုတာ ဆက်ရေးတယ်။—တမန်တော် ၁၁:၂၆။

မိမိတို့ အသက်ရှင်နေစဉ် ခေတ်ကာလမှာ ဘုရားနိုင်ငံတော် ဘုရင်အဖြစ် ယေရှု အုပ်ချုပ်မလားဆိုတာကို နောက်လိုက်တွေ သိချင်နေကြကြောင်း တမန်တော် ၁:၈ အထက်အောက်စကားတွေက ဖော်ပြတယ်။ (တမန်တော် ၁:၆) နိုင်ငံတော် တည်ထောင်မယ့် အချိန်နဲ့ပတ်သက်ပြီး အစိုးရိမ်မလွန်ကြဖို့ ယေရှု ပြောတယ်။ (တမန်တော် ၁:၇) နောက်လိုက်တွေအနေနဲ့ ယေရှုအကြောင်း “ကမ္ဘာမြေ အစွန်အဖျားအထိ” သက်သေခံဖို့ပဲ အာရုံစိုက်နေသင့်တယ်။ (တမန်တော် ၁:၈) ပထမရာစု နောက်လိုက်တွေကို အတုယူပြီး ဒီနေ့ခေတ် ခရစ်ယာန်တွေလည်း ဘုရားသခင့်နိုင်ငံတော်အကြောင်း သတင်းကောင်းကို ထက်ထက်သန်သန် ဟောပြောနေကြတယ်။—မဿဲ ၂၄:၁၄။

ကမ္ဘာသစ်ဘာသာပြန်ကျမ်းထဲက တမန်တော် အခန်းကြီး ၈ ကိုဖတ်ပါ။ ဖတ်ရလွယ်ကူတဲ့ ဒီကျမ်းမှာ ရုပ်ပုံတွေ၊ မြေပုံတွေပါတဲ့ နောက်ဆက်တွဲတွေ၊ အောက်ခြေမှတ်ချက်နဲ့ ကျမ်းအညွှန်းတွေ ပါရှိတယ်။

တမန်တော်ကျမ်း ခြုံငုံသုံးသပ်ချက်ကို သိနိုင်ဖို့ ဒီဗီဒီယိုကို ကြည့်ပါ။

a သန့်ရှင်းသော စွမ်းအားတော်ဆိုတာ ဘုရား အသုံးပြုတဲ့ တန်ခိုး၊ စွမ်းအား ဖြစ်တယ်။ (ကမ္ဘာဦး ၁:၂) ထပ်သိချင်ရင် “သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ဘာလဲ” ဆောင်းပါးကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ