ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • hdu ဆောင်းပါး ၂၇
  • မဟာသွန်သင်ရှင်ကို ဂုဏ်တင်တဲ့ အဆောက်အအုံများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မဟာသွန်သင်ရှင်ကို ဂုဏ်တင်တဲ့ အဆောက်အအုံများ
  • အလှူငွေတွေကို အသုံးပြုပုံ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်ယူဖို့ ပိုကောင်းတဲ့ဝန်းကျင်နဲ့ သင်တန်းသားတွေ ပိုများလာ
  • သင်တန်းကျောင်း အဆောက်အအုံ အသွင်အပြင်
  • “ယေဟောဝါရဲ့ အထူးဧည့်သည်တွေ”
  • သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း လျှောက်လွှာတင်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
  • သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းလျှောက်လွှာ တင်ဖို့ လိုလိုလားလား ရှိပါသလား
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • နိုင်ငံတော်အမှုဆောင်များကို လေ့ကျင့်ပေးခြင်း
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • ကမ္ဘာချီ ကျယ်ပြန့်တဲ့ ဂိလဒ်ကျောင်း
    အလှူငွေတွေကို အသုံးပြုပုံ
နောက်ထပ် ကြည့်ပါ
အလှူငွေတွေကို အသုံးပြုပုံ
hdu ဆောင်းပါး ၂၇
ဘရာဇီးနိုင်ငံ သင်တန်းကျောင်းတစ်ခုရှေ့မှာ မောင်နှံတစ်စုံကို ညီအစ်ကိုတစ်ဦး လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေစဉ်။

အလှူငွေတွေကို အသုံးပြုပုံ

မဟာသွန်သင်ရှင်ကို ဂုဏ်တင်တဲ့ အဆောက်အအုံများ

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်

ယေဟောဝါက မိမိလူမျိုးကို သွန်သင်ပေးချင်တယ်။ ဒါကြောင့်လည်း ဘုရားအဖွဲ့အစည်းက သင်တန်းအမျိုးမျိုး စီစဉ်ပေးပြီး ကျရာတာဝန်တွေကို ထမ်းဆောင်နိုင်အောင် သင်တန်းသားတွေကို လေ့ကျင့်ပေးတယ်။ သင်တန်းတစ်ခုကတော့ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း (SKE) ပါပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ ဘုရားအဖွဲ့အစည်းက သင်ရိုးညွှန်းတမ်းကိုသာမက သင်တန်းကျင်းပတဲ့ အဆောက်အအုံတွေကိုပါ ဂရုစိုက်လာတယ်။ အကြောင်းကတော့ သင်တန်းပေးသူတွေ ကောင်းစွာ ပို့ချနိုင်ဖို့၊ သင်တန်းသားတွေ ကောင်းစွာသင်ယူနိုင်ဖို့ ဖြစ်တယ်။ ဒီလိုဖြစ်အောင် အလှူငွေတွေက ဘယ်လို အထောက်အကူပြုသလဲ။

သင်ယူဖို့ ပိုကောင်းတဲ့ဝန်းကျင်နဲ့ သင်တန်းသားတွေ ပိုများလာ

ကျမ်းစာသင်တန်းကျောင်းတွေကို နိုင်ငံတော်ခန်းမ၊ စည်းဝေးပွဲခန်းမတွေမှာ ကျင်းပလာခဲ့တာ နှစ်နဲ့ချီရှိပါပြီ။ ဒါဆိုရင် ကျမ်းစာသင်တန်းတွေ သီးသန့်ကျင်းပဖို့ အဆောက်အအုံအသစ်တွေကို ဘာဖြစ်လို့ ဆောက်လုပ်၊ ပြုပြင်မွမ်းမံနေကြတာလဲ။ အကြောင်းရင်းသုံးခုကို သုံးသပ်ကြည့်ပါ။

လိုအပ်မှုတွေ ပိုများလာ။ အုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းတော်ကော်မတီအကူ ခရစ္စတိုဖာ မေဗာ ဒီလိုရှင်းပြတယ်– “အမှုဆောင်လုပ်ငန်းမှာ ကူညီပေးနိုင်တဲ့ ညီအစ်ကို/မတွေ အများကြီးလိုအပ်နေတယ်လို့ ဌာနခွဲအတော်များများက အကြောင်းကြားတယ်။ ဥပမာ၊ ၂၀၁၉ ခုနှစ်တုန်းက ဘရာဇီးဌာနခွဲနယ်မြေမှာ အကူအညီပေးနိုင်တဲ့ SKE ကျောင်းဆင်း ၇,၆၀၀ လောက် လိုအပ်နေတယ်ဆိုပြီး သတင်းပို့တယ်။” လူစည်ကားတဲ့မြို့ကြီးတွေမှာ အထူးလူထုရှေ့သက်သေခံခြင်း၊ ဆိပ်ကမ်းတွေမှာ သက်သေခံခြင်း၊ ထောင်တွေမှာ သက်သေခံခြင်းအတွက် ကြေညာသူတွေကို လေ့ကျင့်ပေးနိုင်တဲ့ အရည်အချင်းရှိ ရှေ့ဆောင်တွေ လိုအပ်နေတယ်ဆိုပြီး အမေရိကန်ဌာနခွဲက အကြောင်းကြားတယ်။ ဒါ့အပြင် ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေးဌာနနဲ့ ဆေးရုံဆက်သွယ်ရေးကော်မတီတွေမှာ အမှုဆောင်မယ့် ညီအစ်ကိုတွေလည်း လိုအပ်နေတယ်။ အဲဒီနေရာမှာ SKE ကျောင်းဆင်းတွေကို သုံးနိုင်တယ်။

သင်တန်းတက်ချင်သူတွေ ပိုများလာ။ ဌာနခွဲ အတော်များများမှာ သင်တန်းတက်ဖို့ လျှောက်လွှာတင်သူတွေဟာ လောလောဆယ် လက်ခံနိုင်တဲ့ အရေအတွက်ထက် ပိုများနေတယ်။ ဥပမာ၊ ဘရာဇီးဌာနခွဲမှာ တစ်နှစ်အတွင်း SKE လျှောက်လွှာ ၂,၅၀၀ လောက် လက်ခံရရှိတယ်။ ဒါပေမဲ့ သင်တန်းကျောင်း ကျင်းပတဲ့နေရာ အကန့်အသတ်ပဲရှိလို့ သင်တန်းသား ၉၅၀ ကိုပဲ လက်ခံနိုင်ခဲ့တယ်။

သင့်တော်တဲ့ နေရာထိုင်ခင်း ပိုလိုအပ်လာ။ နိုင်ငံတော်ခန်းမ၊ အစည်းအဝေးပွဲခန်းမတွေမှာ သင်တန်းကျောင်းကို ကျင်းပတဲ့အခါ သင်တန်းသားတွေက ဒေသခံညီအစ်ကို/မတွေရဲ့အိမ်မှာ တည်းခိုကြရတယ်။ တစ်နှစ်မှာ သင်တန်းကျောင်းအနည်းငယ်ပဲ ကျင်းပတဲ့ နိုင်ငံတွေမှာတော့ အဆင်ပြေတယ်။ ဒါပေမဲ့ သင်တန်းများများရှိတဲ့ နေရာတွေမှာတော့ ဒေသခံကြေညာသူတွေအနေနဲ့ ဧည့်သည်တွေကို လနဲ့ချီ အိမ်မှာတည်းခွင့်ပေးဖို့ မလွယ်ကူဘူး။ ဒါကြောင့် သင်တန်းကျောင်း အဆောက်အအုံနဲ့နီးတဲ့ နေရာတွေမှာ သင်တန်းသားတွေအတွက် နေရာထိုင်ခင်း ပြင်ဆင်ပေးခဲ့တယ်။

သင်တန်းကျောင်း အဆောက်အအုံအတွက်၊ သင်တန်းပို့ချသူတွေနဲ့ သင်တန်းသား ၃၀ လောက်ရဲ့ နေရေးထိုင်ရေးနဲ့ အခြေခံလိုအပ်ရာတွေအတွက် အမေရိကန်ဒေါ်လာ သိန်းချီ ကုန်ကျပါတယ်။

သင်တန်းကျောင်း အဆောက်အအုံ အသွင်အပြင်

သင်တန်းကျောင်းတွေဟာ များသောအားဖြင့် တိတ်ဆိတ်ငြိမ်သက်တဲ့ မြို့ပြင်မှာ၊ လမ်းပန်းဆက်သွယ်ရေး မခက်တဲ့နေရာတွေမှာ တည်ရှိတယ်။ သင်တန်းကျောင်းကျင်းပချိန်မှာ ကူညီပေးဖို့၊ အဆောက်အအုံနဲ့ ပစ္စည်းပစ္စယတွေကို ထိန်းသိမ်းပေးဖို့ ကြေညာသူ အတော်များများရှိတဲ့ ဒေသတွေမှာ သင်တန်းကျောင်းတွေ ထားရှိတယ်။

သင်တန်းကျောင်းအဆောက်အအုံတွေမှာ စာကြည့်တိုက်၊ လေ့လာမှုလုပ်နိုင်တဲ့နေရာ၊ ကွန်ပျူတာ၊ ပုံနှိပ်စက်နဲ့ တခြားလိုအပ်ရာတွေ ထားပေးတယ်။ များသောအားဖြင့် သင်တန်းသားတွေ၊ သင်တန်းပို့ချသူတွေ အတူတူစားသောက်နိုင်တဲ့ ထမင်းစားခန်းတစ်ခု ရှိတယ်။ ကာယလေ့ကျင့်ခန်းလုပ်ဖို့၊ အပန်းဖြေဖို့ နေရာလည်းရှိတယ်။

သင်တန်းပို့ချတဲ့အခန်းကိုတော့ အထူးဂရုစိုက်ပေးတယ်။ နယူးယောက်၊ ဝေါဝစ်က ကမ္ဘာချီ ဒီဇိုင်း/ဆောက်လုပ်ရေးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ ထရွိုင် ဒီလိုရှင်းပြတယ်– “သင်တန်းသားတွေ ပျော်ပျော်ရွှင်ရွှင် လေ့လာသင်ယူနိုင်တဲ့ စာသင်ခန်းတွေဖြစ်အောင် ဒီဇိုင်းဆွဲနိုင်ဖို့ ကျမ်းစာသင်တန်းဌာနနဲ့ တိုင်ပင် လုပ်ဆောင်ခဲ့တယ်။ ညီအစ်ကိုတွေက ကျောင်းခန်းအရွယ်အစား၊ အလင်းရောင်၊ ရုပ်သံပစ္စည်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို ညွှန်ကြားချက်ပေးတယ်။” အသံချဲ့စက်ပစ္စည်းတွေ တပ်ဆင်တာနဲ့ပတ်သက်ပြီး ဟန်ဂေရီနိုင်ငံက သင်တန်းပို့ချသူ ဇိုလတန် ဒီလိုပြောတယ်– “အစပိုင်းတုန်းက ကျွန်တော်တို့မှာ မိုက်ကရိုဖုန်းတွေမရှိလို့ သင်တန်းသားတွေကို အသံကျယ်ကျယ် ပြောပါလို့ တောင်းဆိုရတယ်။ အခုတော့ စားပွဲတိုင်းမှာ ထားပေးထားတော့ ပြဿနာမရှိတော့ဘူး။”

သင်တန်းပို့ချနေစဉ်။ ယေဟောဝါဘုရားဆီ ယေရှု နိုင်ငံတော် အပ်နှင်းနေတဲ့ ပန်းချီကို သင်တန်းပို့ချသူရဲ့အနောက်ဘက်က တီဗီဖန်သားပြင်ပေါ် မှာ တွေ့ရ။ သင်တန်းသားတွေက သူတို့စားပွဲပေါ်က မိုက်ကရိုဖုန်းနဲ့ မှတ်ချက်ပေးကြ။

“ယေဟောဝါရဲ့ အထူးဧည့်သည်တွေ”

အခုလို ပိုကောင်းတဲ့ အဆောက်အအုံတွေကြောင့် သင်တန်းပို့ချသူတွေ၊ သင်တန်းသားတွေ ဘယ်လိုအကျိုးရနေသလဲ။ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ ပမ်ကို့စ်မှာ SKE သင်တန်း တက်ခဲ့သူ အိန်ဂျယ်လာ ဒီလိုပြောတယ်– “တကယ့်ကို ဆိတ်ငြိမ်တဲ့ ဝန်းကျင်လေးပါ။ ကျောင်းခန်း၊ အိပ်ခန်း၊ အစစအရာရာ ကောင်းကောင်းစီမံပေးထားလို့ သိပ်အဆင်ပြေတာပဲ။ ဒီတော့ လေ့လာ၊ သင်ယူတဲ့အခါ ကောင်းကောင်း အာရုံစိုက်နိုင်တာပေါ့။” ဟန်ဂေရီနိုင်ငံက သင်တန်းပို့ချသူ ချာဘာက သင်တန်းသားတွေနဲ့အတူ အစာစားခွင့်ရတာကို သိပ်သဘောကျတယ်။ သူ ဒီလိုပြောတယ်– “အစာစားနေရင်း သင်တန်းသားတွေက တွေ့ကြုံမှုတွေ ပြောပြတော့ သူတို့နဲ့ ပိုရင်းနှီးလာတယ်။ ဒီတော့ သင်ရိုးညွှန်းတမ်းကို သင်တန်းသားတွေရဲ့ လိုအပ်ချက်နဲ့အညီ ပြင်နိုင်တယ်။”

သင်တန်းသားတွေရော သင်တန်းပို့ချသူတွေပါ သိပ်ကောင်းတဲ့ ဒီသင်တန်းကျောင်း အဆောက်အအုံတွေကို “မဟာသွန်သင်ရှင်” ယေဟောဝါဆီက ကောင်းချီးလို့ ယူမှတ်ကြတယ်။ (ဟေရှာယ ၃၀:၂၀၊ ၂၁) ပြုပြင်ထားတဲ့ သင်တန်းအဆောက်အအုံတစ်ခုမှာ SKE တက်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံသူ ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “ကျောင်းပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် ကျွန်မတို့ဟာ သင်တန်းသားတွေလောက်ပဲ မဟုတ်ဘူး၊ ယေဟောဝါရဲ့ အထူးဧည့်သည်တွေလို့ ခံစားရတယ်။ ကျမ်းစာကို စေ့စေ့စပ်စပ် လေ့လာဖို့ ဒီကို ရောက်လာတဲ့ ကျွန်မတို့ကို ဘုရားသခင်က စိတ်ချမ်းသာအောင် ထားပေးတာ။”

ဖိလစ်ပိုင်နိုင်ငံမှာ သင်တန်းတက်နေတဲ့ ညီအစ်ကို/မများ။

donate.jw.org ကတစ်ဆင့် ညီအစ်ကို/မတို့ လှူဒါန်းတဲ့ အလှူငွေတွေကြောင့် ကျောင်းအဆောက်အအုံတွေကို ဆောက်လုပ်၊ ပြုပြင်၊ ထိန်းသိမ်းနိုင်တာပါ။ ရက်ရက်ရောရော လှူဒါန်းပေးမှုအတွက် ကျေးဇူးတင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ