ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၇/၈ စာ. ၂၂
  • ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့၏ စာရှုသူများထံမှ
  • နိုးလော့!—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • သွေးအားနည်းရောဂါ—ရင်းမြစ်၊ လက္ခဏာနဲ့ ကုသနည်း
    ထပ်ဆင့် အကြောင်းအရာများ
နိုးလော့!—၁၉၉၈
န၉၈ ၇/၈ စာ. ၂၂

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

စာရင်းရှင်းရန်တာဝန်  “ကျွန်ုပ်တို့အပြုအမူများအတွက် စာရင်းရှင်းရမည်လော” ဟူသည့် အထူးကောင်းမွန်သော အခန်းဆက်ဆောင်းပါးများအတွက် ကျေးဇူးတင်ပါသည်။ (စက်တင်ဘာ ၂၂၊ ၁၉၉၆ [လိပ်]) ဤဆောင်းပါးများသည် ရှေ့နေများ၊ အာမခံကိုယ်စားလှယ်များ၊ အလုပ်အကိုင်စီမံခန့်ခွဲသူများ၊ ထုတ်ဝေသူများ၊ ဒေသအစိုးရအရာရှိများနှင့် ကျွန်တော်တို့မြို့၏ စီးပွားရေးခရိုင်တွင် စကားပြောခဲ့ရသောအခြားသူများနှင့် ကောင်းစွာဆွေးနွေးမှုများပြုဖို့လှုံ့ဆော်ရာတွင် ထူးထူးခြားခြားထိရောက်မှုရှိကြောင်း ကျွန်တော်တွေ့ရှိခဲ့သည်။ ကျွန်တော်သည် မြို့တော်ယာဉ်ထိန်းရဲအရာရှိကို “ယင်းသည် ကျွန်ုပ်အမှားမဟုတ်” ဟူသည့်ဆောင်းပါးကိုပြခဲ့သည်။ သူမသည် ဂျာနယ်ကို ကျွန်ုပ်လက်ထဲမှရုတ်တရက်လှမ်းဆွဲယူပြီး “ကိုယ့်အမှားကို ဝန်ခံတဲ့သူမရှိကြတော့ဘူး” ဟုကောက်ချက်ချသည်။ သူမက ဝန်ထမ်းအားလုံးကို ဖတ်စေချင်သည်ဟုဆိုသည်။

ဘီ.အက်စ်.၊ ယူနိုက်တက်စတိတ်

အချိန်မွန်  “လူငယ်များအမေးတာသွားသည့်အဖြေ . . . ကျွန်ုပ် အချိန်မွန် မည်သို့ရရှိနိုင်မည်နည်း” ဆောင်းပါးအတွက်ကျေးဇူးတင်ပါတယ်။ (စက်တင်ဘာ ၂၂၊ ၁၉၉၆) ကျွန်မဟာ ၁၅ နှစ်ရှိပြီး ကျွန်မတို့အသင်းတော်မှာ လူငယ်တွေအများကြီးရှိတယ်။ ကျွန်မတို့ဟာ မကြာခဏ အတူတူစုပေါင်းလုပ်ဆောင်ကြတယ်။ ဥပမာအနေနဲ့ ကျွန်မတို့ဟာ မနက်ပိုင်းမှာ ဟောပြောဖို့သွားမှာဖြစ်ပြီး ညနေပိုင်းမှာရေသွားကူးကြတယ်။ တကယ့်ပျော်စရာပါပဲ! တစ်ခါတလေ အသင်းတော်ထဲကတခြားသူတွေ ပါဝင်ကြတယ်။ ကျွန်မတို့မှာ ကောင်းတဲ့ပေါင်းသင်းမှုမျိုးရှိတယ်ဆိုတာသိရတဲ့အတွက် ကျွန်မတို့မိဘတွေကို စိတ်ချမ်းသာစေတယ်။

အိုင်.ဒဗ္ဗလျူ.၊ ဂျာမနီ

တံစဉ်ဆဲလ် သွေးအားနည်းရောဂါ  “တံစဉ်ဆဲလ်သွေးအားနည်းရောဂါ–အသိပညာသည် အကောင်းဆုံးအကာအကွယ်ဖြစ်” ဟူသည့်ဆောင်းပါးကို ကျွန်မဖတ်ပြီးရင်းဖတ်ခဲ့တယ်။ (အောက်တိုဘာ ၈၊ ၁၉၉၆ [လိပ်]) အဲဒါက ကျွန်မရဲ့အခြေအနေကို ဖော်ပြပေးတယ်! အခုဆိုရင် ကျွန်မဒီရောဂါနဲ့အသက်ရှင်နေရတာ ၁၈ နှစ်ရှိပြီ။ အဲဒါကိုဖတ်နေရင်း ကျွန်မမျက်ရည်ကျလာတယ်။ ဒီအဖျားရောဂါခံစားနေရတဲ့သူတွေကို သင်တို့ထည့်သွင်းစဉ်းစားပေးတာကို တွေ့ရတဲ့အတွက် ကျွန်မဝမ်းသာတယ်။

အာရ်.အက်စ်.၊ အီတလီ

ကျွန်မမှာ တံစဉ်ဆဲလ်သွေးအားနည်းရောဂါရှိတယ်။ တခြားသူအများကြီးလည်းရှိတယ်ဆိုတာ ကျွန်မမသိခဲ့ဘူး။ ကျွန်မဘာကြောင့်နာကျင်ရတယ်၊ အရည်များများသောက်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုနားလည်ဖို့ ဆောင်းပါးကကျွန်မကိုကူညီပေးခဲ့တည်။ ကျွန်မရဲ့ရောဂါကိုနားလည်ဖို့ အမေက ကျွန်မရဲ့ဆရာတွေကို ဆောင်းပါးတွေပေးတယ်။

အေ.အိတ်ချ်.၊ ယူနိုက်တက်စတိတ်

တံစဉ်ဆဲလ်သွေးအားနည်းရောဂါနဲ့ ကျွန်တော့်ရဲ့ညီကိုဆုံးရှုံးခဲ့ရတယ်။ နိုင်ဂျီးရီးယားမှာ အဲဒီရောဂါနဲ့ နှစ်စဉ်လူပေါင်း ၆၀,၀၀၀ သေကြတယ်။ ဒါကြောင့် ဆောင်းပါးက တကယ့်ပြဿနာကို ဖြေရှင်းပေးတယ်။ နိုင်ဂျီးရီးယားမိသားစုတိုင်း ဒီဆောင်းပါးကိုဖတ်သင့်တယ်။ အဲဒါက ပညာပေးပြီး ရှုထောင့်အသစ်နဲ့တင်ပြပေးတယ်။

အက်ဖ်.အေ.၊ နိုင်ဂျီးရီးယား

တံစဉ်ဆဲလ်သွေးအားနည်းရောဂါ ဆောင်းပါးနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရတယ်ဆိုတာဖွင့်မပြောဘဲမနေနိုင်တော့ဘူး။ ကျွန်တော်ဟာ ဒီအကြောင်းအရာကိုမသိဘဲ ၂၆ နှစ်လုံးလုံး ရောဂါကိုကြံ့ကြံ့ခံခဲ့ရတယ်။ ဆောင်းပါးအတွက်ကျေးဇူးအများကြီးတင်ပါတယ်။

ဒီ.စီ.၊ ဇမ်ဘီယာ

ပေါင်းစည်းစေသည့်မေတ္တာ  ချစ်လှစွာသောညီအစ်ကိုများ “ကျမ်းစာရှုထောင့်–ပေါင်းစည်းစေသည့်မေတ္တာ” ဆောင်းပါးကိုပုံနှိပ်တဲ့အတွက် ကျေးဇူးတင်လိုပါတယ်။ (အောက်တိုဘာ ၈၊ ၁၉၉၆ [လိပ်]) ကျွန်မဟာ မိဘများရုတ်တရက်သေဆုံးခြင်းအပါအဝင် နှစ်ပေါင်းများစွာအတွင်း ယုံကြည်ခြင်းစမ်းသပ်မှုများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ အခက်ခဲဆုံးစမ်းသပ်မှုဟာ အသင်းတော်မှာရှိတဲ့ တစ်ဦးတစ်ယောက်ဆီကနေလာခဲ့တယ်။ ကျွန်မရဲ့မျက်ရည်နဲ့ နှလုံးထဲကခံစားရတဲ့စိတ်ထိခိုက်မှုနဲ့ဝေဒနာကို ယေဟောဝါသိပြီးနားလည်တယ်ဆိုတာကို တွေ့ရတာနဲ့အမျှ ဒီဆောင်းပါးကကျွန်မကို ခွန်အားနဲ့နှစ်သိမ့်မှုပေးတယ်။ တမန်တော်ပေါလုတောင် အလားတူဝေဒနာခံစားရတယ်ဆိုတာ ကျွန်မသိရတယ်။ အချိန်တန်ရင် ကျွန်မရဲ့ဒဏ်ရာကို ယေဟောဝါကုစားပေးမယ်ဆိုတာကို ကျွန်မယုံတယ်။

အက်စ်.ဘီ၊ ကနေဒါ

ဒီဆိုးယုတ်တဲ့စနစ်မှာ ဝိညာဉ်ရေးရာတွေအပေါ် လူတစ်ဦးရဲ့အာရုံစိုက်မှု ပျောက်ဆုံးဖို့လွယ်ကူပါတယ်။ ဆောင်းပါးက ကျွန်မကိုအားပေးမှုနဲ့လှုံ့ဆော်မှုဖြစ်စေပါတယ်။ မကြာသေးခင်က ကျွန်မဟာ အသက်တာရဲ့နေ့စဉ်ပူပန်မှုတွေကြောင့် အတော်ဖိစီးမှုခံခဲ့ရပါတယ်။ ကျွန်မတို့ရဲ့မစုံလင်တဲ့စိတ်လှုပ်ရှားမှုတွေထက် ယေရှုရဲ့မေတ္တာကိုမှီခိုအားထားဖို့အရေးကြီးမှုကို နားလည်သဘောပေါက်ဖို့ ဒီဆောင်းပါးက ကျွန်မကိုကူညီပေးခဲ့တယ်။

အေ.အမ်.၊ ယူနိုက်တက်စတိတ်

ကျွန်မဟာ ဓာတ်သဘောမမျှတမှုကြောင့် စိတ်ကျဝေဒနာကိုခံစားနေရတယ်။ ကျွန်မရဲ့စိတ်ကျဝေဒနာကို ကိုင်တွယ်ဖြေရှင်းရာမှာ တိုးတက်မှုရှိဖို့ ဆောင်းပါးကအကူအညီပေးခဲ့တယ်။

ဘီ.ယူ.၊ ယူနိုက်တက်စတိတ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ