ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၃ ၆/၈ စာ. ၂၂
  • ကျွန်ုပ်တို့၏စာရှုသူများထံမှ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့၏စာရှုသူများထံမှ
  • နိုးလော့!—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုဘဝနှင့်ဓမ္မအမှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နိုးလော့!—၂၀၀၃
န၀၃ ၆/၈ စာ. ၂၂

ကျွန်ုပ်တို့၏စာရှုသူများထံမှ

အယ်ဒီတာထံမှ– “အသက်ရှင်ရကျိုးနပ်“ (စက်တင်ဘာ ၈၊ ၂၀၀၂) ဟူသော မျက်နှာဖုံးဆောင်းပါးများသည် စာရှုသူများ၏ ကျယ်ပြန့်သောတုံ့ပြန်မှုကို ရရှိစေခဲ့သည်။ ယင်းသည် အားရကျေနပ်ဖွယ်ဖြစ်၏၊ အကြောင်းမှာ “နိုးလော့!” သည် နိုင်ငံ၊ လူမျိုးနှင့် ဘာသာရေးနောက်ခံအားလုံးမှ လူတို့အား မျက်မှောက်ခေတ်ပြဿနာများကို အောင်မြင်စွာဖြေရှင်းနိုင်ရန် ကူညီပေးမည့် လက်တွေ့ကျသော ကျမ်းစာအခြေပြုအချက်အလက်များကို ကြိုးစားတင်ဆက်ပေးသောကြောင့်ဖြစ်သည်။

ကျွန်မ နိုးလော့! ကိုဖတ်တာ ကြာပြီဖြစ်ပေမဲ့ “အသက်ရှင်ရကျိုးနပ်” ဆိုတဲ့ အခန်းဆက်ဆောင်းပါးတွေလောက် ကျွန်မကို စိတ်လှုပ်ရှားစေတာ မရှိခဲ့ဖူးဘူး။ လွန်ခဲ့တဲ့နှစ်က ကျွန်မ သေချင်လောက်အောင် အကြီးအကျယ်စိတ်ဓာတ်ကျခဲ့တယ်။ ဒီဆောင်းပါးတွေက ကျွန်မတို့ရဲ့အားနည်းချက်တွေကို ဘုရားသခင်နားလည်တယ်ဆိုတာ စိတ်ချစေခဲ့တယ်။

အက်စ်. အိပ်ချ်.၊ ဂျပန်

နယူးယောက်မြို့က အမြွှာမျှော်စင်တိုက်ခိုက်ခံရတာကြောင့် ကျွန်မ စိတ်မချမ်းမသာဖြစ်နေတယ်။ တစ်ခါတလေ ကိုယ့်ကိုယ်ကိုသတ်သေဖို့ စိတ်ကူးခဲ့တယ်၊ ဒါပေမဲ့ ကျွန်မ တစ်ခုခုတော့ ချွတ်ယွင်းနေပြီဆိုတာ ဘယ်တော့မှ လက်မခံနိုင်ခဲ့ဘူး။ ကျွန်မ လိုအပ်တဲ့အကူအညီရယူပြီး ဆောင်းပါးမှာဖော်ပြထားတဲ့ အကြံပြုချက်တွေကို လိုက်လျှောက်မယ်။

အမ်မ်. အမ်မ်.၊ ယူနိုက်တက်စတိတ်

ကျန်းမာရေးချို့တဲ့လို့ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့ ကျွန်မကြံစည်ခဲ့တယ်။ တခြားသူတွေရဲ့ တုံ့ပြန်ပုံကိုသိရအောင် ရယ်စရာအနေနဲ့ ဒီအကြောင်းကိုပြောပြတယ်။ ဘုရားသခင်ဟာ ကျွန်မတို့ကို အမြဲနားထောင်တယ်၊ ဂရုစိုက်တယ်ဆိုတာ ဖတ်ရတဲ့အခါ မျက်ရည်ကျမိတယ်။ ဒီမဂ္ဂဇင်းတွေက ဘဝနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ရှုမြင်ပုံကို လုံးဝပြောင်းလဲစေခဲ့တယ်။

တီ. အီး.ဂျေ.၊ ကနေဒါ

ကျွန်မဟာ နှစ်နဲ့ချီပြီ စိတ်ဓာတ်ကျမှုကို ရင်ဆိုင်နေရတယ်။ မကြာသေးခင်က ကျွန်မရဲ့ဘဝကို အဆုံးစီရင်ဖို့ လေးလေးနက်နက်စဉ်းစားခဲ့တယ်။ အိမ်အပြင်ထွက်လမ်းလျှောက်ဖို့ အသင့်ဖြစ်နေတဲ့အချိန်မှာ နိုးလော့! ထဲမှာပါတဲ့ အခန်းဆက်ဆောင်းပါးတွေထဲက နောက်ဆုံးဆောင်းပါးက တစ်ယောက်ယောက်ကိုပြောပြပါလို့ ဖော်ပြထားတာ ကျွန်မပြန်သတိရတယ်။ ဒါကြောင့် ကျွန်မရဲ့ခင်ပွန်းကို ပြောပြတယ်။ အဲ့လိုအချိန်ဆွဲလိုက်ခြင်းက ကျွန်မရဲ့အကြံကိုပျက်စေခဲ့တယ်။ ဒီအခန်းဆက်ဆောင်းပါးတွေက ကျွန်မရဲ့အသက်ကို ကယ်လိုက်တာပါပဲ!

အမ်မ်. ဘီ.၊ ယူနိုက်တက်စတိတ်

ဒီမဂ္ဂဇင်းကို မထုတ်ဝေခင် ရက်သတ္တပတ်အနည်းငယ်မှာ ကျွန်မဟာ ခွက်အပြည့်ထည့်ထားတဲ့ အိပ်ဆေးတွေကိုကြည့်ပြီး “ငါသောက်ချလိုက်ရင် ကောင်းမလား မကောင်းဘူးလား” ဆိုတာ မဝေခွဲနိုင်တဲ့ ဒီဆောင်းပါးထဲကလို အကျပ်ရိုက်မှုမျိုး ကြုံတွေ့ခဲ့ရတယ်။ ရှင်တို့ရဲ့မဂ္ဂဇင်းက ကျွန်မလိုအပ်တဲ့ အသက်ရှင်ဖို့ဆိုတဲ့သန္နိဋ္ဌာန်ကို ချစေခဲ့တယ်။ ရောဂါတချို့ဟာ ကျွန်မတို့ကို အသက်မရှင်ချင်တော့တဲ့အထိ စိတ်ပိုင်းကို ထိခိုက်စေတယ်။ ဒါပေမဲ့ အသက်ဆုကျေးဇူးအတွက် ကျေးဇူးတင်စိတ်ပျောက်ဆုံးသွားတဲ့ လူတွေကိုတောင် ဘုရားသခင် စိတ်ဝင်စားတယ်ဆိုတာသိရလို့ အားရှိသွားတယ်။

အီး. အက်စ်.၊ အီတလီ

ဒီဆောင်းပါးတွေမှာပါတဲ့ အချက်အလက်တွေကို ကျွန်မရဲ့သမားတော်ကို ဝေမျှနိုင်ခဲ့တယ်။ အဲဒီအချက်အလက်တွေက ကျွန်မကို ဘယ်လောက်ကူညီပေးခဲ့တယ်ဆိုတာ သူ့ကိုပြောပြတယ်။ ကျွန်မဟာ ဘုရားသခင်ရှေ့မှာ တန်ဖိုးရှိတယ်ဆိုတဲ့ စိတ်ချမှုရရှိခဲ့တာက အသက်ရှင်ဖို့ ကျွန်မကိုလှုံ့ဆော်ပေးတယ်။ ရှင်တို့ ဒီလိုမျိုးဆောင်းပါးတွေ နောက်ထပ်ရေးနိုင်ဖို့ ကျွန်မအမြဲဆုတောင်းပေးပါတယ်!

ဂျေ. အက်စ်.၊ ယူနိုက်တက်စတိတ်

ဘယ်သူမှ ကျွန်မကို နားလည်မှာမဟုတ်ဘူးလို့ ကျွန်မထင်ခဲ့တယ်၊ ကျွန်မသေသွားရင် ကောင်းမှာပဲလို့ စဉ်းစားမိတယ်။ ဒါပေမဲ့ ဒီဆောင်းပါးတွေကြောင့် ဘဝမှာ အရေးအကြီးဆုံးအရာကို ပြန်သတိရနိုင်ခဲ့တယ်။ သေဖို့အကြောင်း နောက်ဘယ်တော့မှ မစဉ်းစားတော့ဘူး။

အမ်မ်. အမ်မ်.၊ ဂျပန်

ရိုက်နှက်ခံနေရသည့်အမျိုးသမီးများ  “ရိုက်နှက်ခံနေရသည့် အမျိုးသမီးများအတွက် အကူအညီ” ဆိုတဲ့ မျက်နှာဖုံးဆောင်းပါးတွေအတွက် ကျေးဇူးတင်ပါတယ်။ (အောက်တိုဘာ ၈၊ ၂၀၀၂) ကျွန်မ ကလေးဘဝကတည်းက အဖေက အမေကို နေ့တိုင်း ဘယ်လိုရိုက်တယ်ဆိုတာ မြင်ခဲ့ရတယ်။ အဲဒီနောက် ကျွန်မနဲ့ ကျွန်မရဲ့ညီမလေးတွေဟာ အဖေရန်ပြုဖို့ ပစ်မှတ်ဖြစ်လာတယ်။ ကျွန်မဟာ ယောက်ျားတွေကို အလွန်အမင်းမုန်းတီးရင်း ကြီးပြင်းလာခဲ့တယ်။ ဒါပေမဲ့ အချိန်တန်တော့ ယေဟောဝါသက်သေတွေနဲ့ ကျွန်မကျမ်းစာစလေ့လာခဲ့တယ်။ အဖေဟာ သူ့ရဲ့လမ်းစဉ်တွေကို ပြောင်းလဲဖို့မလွယ်ပေမဲ့ ယေဟောဝါနှစ်သက်မြတ်နိုးတဲ့ ဖန်ဆင်းခံသတ္တဝါတွေကို နှိပ်စက်မယ်ဆိုရင် ဘုရားသခင်ရဲ့နှစ်သက်မှုကို မရနိုင်ဘူးဆိုတာ ယေဟောဝါရဲ့အကူအညီနဲ့ သူသဘောပေါက်လာတယ်။ တဖြည်းဖြည်းချင်း ပြောင်းလဲခဲ့ရပေမဲ့ အခုတော့ ကျွန်မရဲ့အဖေဟာ သိမ်မွေ့တဲ့သိုးလေးတစ်ကောင်လို ဖြစ်နေပါပြီ။ ကျွန်မ အဖေ့ကို ရင်ထဲကနေ ချစ်လို့ရသွားပါပြီ။

ဂျီ. ဘီ.၊ ယူနိုက်တက်စတိတ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ