ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၈/၀၇ စာ. ၅
  • သင်၏အခွင့်အာဏာကိုသုံးပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်၏အခွင့်အာဏာကိုသုံးပါ
  • နိုးလော့!—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • အခွင့်အာဏာကို လေးစားမှု—အဘယ်ကြောင့်လိုအပ်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဝိညာဉ်ရေးခိုင်ခံ့သောမိသားစု တည်ဆောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • မိဘတို့၊ သားသမီးတွေ ယေဟောဝါကို ချစ်လာဖို့ ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၈/၀၇ စာ. ၅

အဆင့် ၃

သင်၏အခွင့်အာဏာကိုသုံးပါ

ယင်းသို့ပြုရန် အဘယ်ကြောင့် အရေးကြီးသနည်း။ “မိမိတို့သားသမီးများကို ကိုယ်ကျင့်တရားနှင့် စိတ်လှုပ်ရှားမှုပိုင်းတွင် ကူညီထောက်မပေးသော်လည်း ခိုင်မာပြတ်သားသော ကန့်သတ်ချက်များကို ထိန်းသိမ်းထားကြသည့် မေတ္တာပြည့်ဝ၍ အာဏာသုံးတတ်သောမိဘများ၏ အုပ်ထိန်းမှုအောက်တွင် ကြီးပြင်းခဲ့ရသောကလေးများသည် သက်ညှာလွန်းသော သို့မဟုတ် ခက်ထန်ကြမ်းတမ်းလွန်းသော မိဘများ၏ သားသမီးများထက် ပညာရေးတွင် ထူးချွန်ကြပြီး လူမှုပေါင်းသင်းဆက်ဆံရေးပိုကောင်းသည့်အပြင် ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှုရှိပြီး ပိုပျော်ရွှင်ကြ” ကြောင်း လေ့လာမှုများက ဖော်ပြသည်ဟု Parents မဂ္ဂဇင်းကဆို၏။

အဘယ်အရာက ခက်ခဲစေသနည်း– ကလေးဘဝမှစ၍ ဆယ်ကျော်သက်အရွယ်တစ်လျှောက်လုံးတွင် ကလေးများသည် သူတို့အပေါ် သင်၏အခွင့်အာဏာအသုံးပြုပိုင်ခွင့်ကို စောဒကတက်ကြပေလိမ့်မည်။ “ကလေးများသည် မိမိတို့၏မိဘများ အဘယ်အချိန်တွင် ၎င်းတို့၏အခွင့်အာဏာကို ပြတ်ပြတ်သားသားအသုံးပြုရန် ဝန်လေးကြောင်း၊ အဘယ်အချိန်တွင် အလျှော့ပေးလိုက်လျောနိုင်ဖွယ်ရှိကြောင်းကို အလွယ်တကူ သိမြင်ကြသည်” ဟုစာရေးဆရာ ဂျွန် ရို့စ် မန် က ၎င်း၏ Parent Power စာအုပ်တွင် ရေးသားထားသည်။ “ ‘ဘယ်သူက အခွင့်အာဏာရှိသူလဲ’ ဟူသောကိစ္စနှင့်ပတ်သက်လာလျှင် မိဘများသည် မိမိတို့တာဝန်ကိုမယူပါက သားသမီးများက ဝင်ယူသွားပေလိမ့်မည်” ဟုသူကဆို၏။

အဘယ်အရာက ကူညီပေးနိုင်သနည်း– သင်သည် မိမိ၏အခွင့်အာဏာကိုသုံးလျှင် ကလေးများနှင့် စိမ်းကားသွားမည် သို့မဟုတ် သူတို့စိတ်ဓာတ်ကျသွားမည်ကို မစိုးရိမ်ပါနှင့်။ မိသားစုဘဝကိုအစပြုသောအရှင် ယေဟောဝါဘုရားသခင်သည် မိသားစုကို မည်သို့အုပ်ထိန်းရမည်နှင့်ပတ်သက်၍ သားသမီးများအား တန်းတူအခွင့်အာဏာပေးရန် ရည်ရွယ်တော်မမူချေ။ ယင်းအစား ကိုယ်တော်သည် မိဘများကို အခွင့်အာဏာရှိသူများအဖြစ် ခန့်အပ်ထားပြီး သားသမီးများကိုမူ “မိဘစကားကို နားထောင်ကြ” ရန်မိန့်မှာထားတော်မူ၏။—ဧဖက် ၃:၁၄၊ ၁၅; ၆: ၁-၄။

သင်သည် မိမိ၏အခွင့်အာဏာကို အာဏာရှင်မဆန်ဘဲ သုံးနိုင်ပါသည်။ မည်သို့အားဖြင့်နည်း။ ယေဟောဝါ၏စံနမူနာတော်ကို တုပခြင်းဖြင့်ဖြစ်သည်။ ကိုယ်တော်သည် မိမိ၏အလိုတော်ဆောင်ရန် လူသားသမီးများကို အတင်းအကျပ်ပြုနိုင်စွမ်းရှိသော်လည်း ကျွန်ုပ်တို့၏အရည်အချင်းကောင်းများကို အာရုံစိုက်စေကာ ဖျောင်းဖျတော်မူ၏။ ‘သင်သည် ငါ၏ပညတ်များကို စောင့်ရှောက်ခဲ့လျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့ဖြစ်ရလိမ့်မည်’ ဟုကိုယ်တော်၏နှုတ်မြွက်စကားတော်က ဖော်ပြသည်။ (ဟေရှာယ ၄၈:၁၈၊ သမ္မာ) မိမိအား ကြောက်ရွံ့ထိတ်လန့်၍မဟုတ်ဘဲ မိမိအား ချစ်မြတ်နိုး၍သာ မိမိ၏စကားနားထောင်ခြင်းကို ယေဟောဝါအလိုတော်ရှိ၏။ (၁ ယောဟန် ၅:၃) ကျွန်ုပ်တို့ထံမှ ကိုယ်တော်တောင်းဆိုတော်မူရာများသည် အကျိုးသင့်အကြောင်းသင့်ရှိပြီး ကိုယ်တော်၏ကျင့်ဝတ်စံနှုန်းများအတိုင်း ကျွန်ုပ်တို့နေထိုင်ပါက အကျိုးရရှိမည်ကို ကိုယ်တော်သိတော်မူ၏။—ဆာလံ ၁၉:၇-၁၁။

သင်ရရှိထားသော မိဘအခွင့်အာဏာကို ချင့်ချင့်ချိန်ချိန် ကျင့်သုံးနိုင်ကြောင်း မည်သို့ယုံကြည်စိတ်ချနိုင်သနည်း။ ဦးဆုံးအနေနှင့် ယင်းသို့ကျင့်သုံးရန် သင့်ထံမှ ဘုရားသခင်တောင်းဆိုထားကြောင်း သင်လက်ခံယုံကြည်ဖို့လိုပေသည်။ ဒုတိယအနေနှင့် ဘုရားသခင့်ကျင့်ဝတ်စံနှုန်းများအတိုင်း နေထိုင်ခြင်းသည် သင်နှင့် သင့်သားသမီးများအတွက် အကောင်းဆုံးဖြစ်ကြောင်း သင် လက်ခံယုံကြည်ရမည်ဖြစ်၏။—ရောမ ၁၂:၂။

သင်၏အခွင့်အာဏာကိုသုံးရန် အဘယ်အရာကို သင် တိတိကျကျ လုပ်ဆောင်ရမည်နည်း။

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

‘သင်၏သားကို ဆုံးမလော့။ သို့ပြုလျှင် သူသည် သင့်အား စိတ်ချမ်းသာစေလိမ့်မည်။’—သု. ၂၉:၁၇၊ သမ္မာ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ