ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၉ အမှတ် ၁ စာ. ၃
  • ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ ပြဿနာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ ပြဿနာ
  • နိုးလော့!—၂၀၁၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်နိုင်ငံတော်က စီးပွားရေး အကျပ်အတည်းတွေကို ဘယ်လိုဖြေရှင်းပေးမလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၀၇
  • ပတ်ဝန်းကျင်ကို ကယ်တင်ခြင်း—မည်မျှ အောင်မြင်ခဲ့ပြီနည်း
    နိုးလော့!—၂၀၀၄
  • ဘာတွေ ပြောင်းလဲရမလဲ
    နိုးလော့!—၂၀၁၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၉
န၁၉ အမှတ် ၁ စာ. ၃

ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နေတဲ့

ပြဿနာ

“ဒီလူမျိုးဆက်ဟာ နည်းပညာ၊ သိပ္ပံပညာ၊ ငွေရေးကြေးရေးတို့မှာ မကြုံစဖူး တိုးတက်ကြွယ်ဝ နေတယ်။ . . . ဒါပေမဲ့ [နိုင်ငံရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ] စနစ်တွေ ပြိုကွဲလုမတတ် ဖြစ်နေပြီ။”—The Global Risks Report 2018, World Economic Forum.

ပညာတတ်အများစုဟာ ကျွန်တော်တို့ရဲ့ အနာဂတ်နဲ့ ကမ္ဘာမြေရဲ့ အနာဂတ်အတွက် ဘာကြောင့် စိုးရိမ်နေကြသလဲ။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တချို့ကို သုံးသပ်ကြည့်ပါ။

  • ကွန်ပျူတာကို သော့ခတ်ထားစဉ်

    ဆိုက်ဘာရာဇဝတ်မှု။ “အင်တာနက်ဟာ အန္တရာယ် များသည်ထက် များလာနေတယ်။ လိင်မုဆိုးတွေ၊ အနိုင်ကျင့်တတ်သူတွေ၊ နှောင့်ယှက်သူတွေ၊ ဟက်ကာတွေ ကျက်စားရာ ဖြစ်နေတယ်။ ကိုယ်ရေးအချက်အလက် ခိုးယူမှုလည်း အလွန်တိုးပွားများပြားလာတယ်။ . . . အင်တာနက်ဟာ ရက်စက်ကြမ်းကြုတ်မှု ဉာဉ်ဆိုးအတွက် ထွက်ပေါက်တစ်ခု ဖြစ်တယ်” ဆိုပြီး သည်ဩစတြေးလျန်း သတင်းစာမှာ ဖော်ပြထားတယ်။

  • ငွေရှိတဲ့ဘက် လက်များစွာ လှမ်းလာစဉ်

    ငွေကြေး မမျှတမှု။ အော့စ်ဖမ် နိုင်ငံတကာမှတ်တမ်းအရ ကမ္ဘာ့အချမ်းသာဆုံး လူရှစ်ယောက်ရဲ့ ကြွယ်ဝမှုဟာ ကမ္ဘာ့လူဦးရေ ထက်ဝက်ရဲ့ ကြွယ်ဝမှုနဲ့ ညီမျှတယ်။ “စီးပွားရေး မမျှတမှုကြောင့် ချမ်းသာသူတွေ ပိုချမ်းသာလာတယ်၊ ဆင်းရဲသားတွေ ပိုဆင်းရဲလာတယ်။ ဆင်းရဲတဲ့ဒဏ်ကို အမျိုးသမီးတွေ ပိုခံရတယ်” လို့ အော့စ်ဖမ်မှာ ဖော်ပြထားတယ်။ မမျှတမှု တိုးများလာလို့ လူတွေ ဆူပူအုံကြွလာမှာကို စိုးရိမ်ကြတယ်။

  • ဗုံးများ ရွာကျလာစဉ်

    ပဋိပက္ခနဲ့ နှိပ်စက်ညှဉ်းပန်းမှု။ ၂၀၁၈ ကုလသမဂ္ဂ ဒုက္ခသည်အဖွဲ့ အစီရင်ခံစာမှာ ဒီလိုဖော်ပြထားတယ်– “အိမ်ရာ စွန့်ခွာထွက်ပြေးမှု တစ်ခါနဲ့မှ မတူအောင် မြင့်မားလာတယ်။” အိမ်ရာ စွန့်ခွာထွက်ပြေးရသူ ၆၈ သန်းကျော်မှာ အများစုဟာ ပဋိပက္ခ၊ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဖြစ်ရတယ်။ “နှစ်စက္ကန့်တိုင်းမှာ လူတစ်ယောက်လောက် မဖြစ်မနေ အိမ်ရာစွန့်ခွာထွက်ပြေးနေရတယ်” လို့ မှတ်တမ်းမှာ ဖော်ပြထားတယ်။

  • မီးခိုးခေါင်းတိုင်ကနေ ညစ်ညမ်းတဲ့မီးခိုးတွေ ထွက်လာစဉ်

    ပတ်ဝန်းကျင် အန္တရာယ်။ “ဇီဝမျိုးစိတ်တွေ အကြီးအကျယ် မျိုးသုဉ်းပျောက်ကွယ်နေတယ်။ လေထုနဲ့ ပင်လယ်ရေ ညစ်ညမ်းမှုဟာ ကျန်းမာရေးအတွက် အန္တရာယ် ပိုများလာနေပြီ” လို့ The Global Risks Report 2018 မှာ ဖော်ပြထားတယ်။ နိုင်ငံတချို့မှာ ပိုးမွှားမျိုးစိတ်တွေ အလွန်လျော့နည်းလာတယ်။ ပိုးမွှားတွေက အပင်တွေကို ဝတ်မှုံကူးပေးနေလို့ “ဂေဟစနစ် အာမဂေဒုန်ကပ်” ဖြစ်တော့မယ်လို့ သိပ္ပံပညာရှင်တွေ သတိပေးနေကြပြီ။ သန္တာကျောက်တန်းတွေလည်း ပျက်စီးဆုံးရှုံးနေတယ်။ လွန်ခဲ့တဲ့အနှစ် ၃၀အတွင်း ကမ္ဘာ့သန္တာကျောက်တန်း ထက်ဝက်လောက် ပျက်စီးသွားတယ်လို့ သိပ္ပံပညာရှင်တွေ ခန့်မှန်းကြတယ်။

ပိုဘေးကင်းလုံခြုံတဲ့ကမ္ဘာ ဖြစ်လာအောင် ပြုပြင်ပြောင်းလဲနိုင်ပါ့မလား။ ပြုပြင်ပြောင်းလဲရေးအတွက် ပညာရေး လိုတယ်လို့ တချို့ ယူဆကြတယ်။ ဘယ်လို ပညာရေးမျိုးလဲ။ ဒီမေးခွန်းတွေကို နောက်ဆောင်းပါးတွေမှာ သုံးသပ်သွားပါမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ