ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၀၇ စာ. ၂၂
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ်ခန္ဓာသည် မိမိဘာသာကုသရန် ပြုလုပ်ခံရ
  • ကမ္ဘာချီဥစ္စာဓန ခွဲဝေမှု
  • တရုတ်ပြည်၏ ကျားမအချိုးမညီမျှမှု
  • ကမ္ဘာဂြိုဟ် ခြိမ်းခြောက်ခံနေရသလော
    နိုးလော့!—၂၀၀၈
  • ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ ပြဿနာ
    နိုးလော့!—၂၀၁၉
  • ချမ်းသာကြွယ်ဝမှု မည်သူ့အတွက်နည်း
    နိုးလော့!—၂၀၀၇
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၀၇
နိုးလော့!—၂၀၀၇
န ၁၀/၀၇ စာ. ၂၂

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

◼ ကမ္ဘာကြီး၏ ရာသီဥတုပူနွေးမှုသည် “သိသာထင်ရှား” လာကာ ယင်းအတွက် လူ့လုပ်ရပ်များကို အပြစ်တင်ရပေမည်။—INTERGOVERNMENTAL PANEL ON CLIMATE CHANGE (IPCC), ဆွစ်ဇလန်။

◼ ဂျာမနီနိုင်ငံတွင် လူဦးရေ ၁.၄ သန်းမှ ၁.၉ သန်းအထိမှာ “ဆေးဝါးများကိုစွဲနေ” သူများဖြစ်ကြသည်။ ဤပြဿနာ၏ကြီးမားမှုအတိုင်းအတာကို အရက်စွဲခြင်းနှင့် နှိုင်းယှဉ်နိုင်သည်။—TAGESSCHAU, သတင်းစာ၊ ဂျာမနီ။

◼ ဗြိတိန်နိုင်ငံတွင် အသက်တစ်နှစ်အောက်ကလေးများသည် အသတ်ခံရမည့် အန္တရာယ်အများဆုံးအခြေအနေတွင် ရှိသည်။—THE TIMES, ဗြိတိန်။

◼ အမေရိကန်နှင့် ကနေဒါတို့၏ နယ်စပ်ဒေသများတွင် သစ်ပင်ချုံနွယ်များ ထူထပ်စွာပေါက်ရောက်နေသောကြောင့် အာဏာပိုင်များသည် “နယ်ခြားမျဉ်းကို တွေ့ရှိနိုင်ရန်” အခက်တွေ့နေကြ၏။ “နယ်ခြားမျဉ်းကိုရှာမတွေ့ဘူးဆိုရင် လုံခြုံရေးစောင့်ကြပ်နိုင်မှာမဟုတ်ဘူး” ဟုအပြည်ပြည်ဆိုင်ရာ နယ်ခြားသတ်မှတ်ရေးအဖွဲ့မှ ဒင်းနစ် စကောနက်ကဆိုသည်။—ASSOCIATED PRESS, အမေရိကန်။

ကိုယ်ခန္ဓာသည် မိမိဘာသာကုသရန် ပြုလုပ်ခံရ

“လူ့ကိုယ်ခန္ဓာသည် အနာရောဂါ ၆၀ မှ ၇၀ ရာခိုင်နှုန်းကို မိမိဘာသာကုသနိုင်စွမ်းရှိ၏” ဟုဂျာမနီနိုင်ငံ၊ အဲစန်မြို့ရှိ သတ္တုတွင်းအလုပ်သမားဆေးရုံမှ အကြီးတန်းအတိုင်ပင်ခံဆရာဝန် ပါမောက္ခ ဂူစတာဒိုဘော့စ်ကဆို၏။ ကိုယ်ခန္ဓာသည် ကျောက်ကပ်ကျောက်တည်ခြင်းကို တားဆီးပေးသည့် ကော်တီဆုန်းနှင့် ဒြပ်ပစ္စည်းများကဲ့သို့သော ဆေးအမျိုးပေါင်း ၃၀ မှ ၄၀ အထိထုတ်လုပ်ပေးသည်ဟုဆို၏။ ဤသို့သော သဘာဝအလျောက်ကုသမှုများ၏ ဖြစ်စဉ်အချို့ကို သုတေသီများ သိရှိခဲ့ကြသော်လည်း မသိသေးသောအရာများစွာရှိနေသေး၏။ သိပ္ပံပညာရှင်များသည် “ရှုပ်ထွေးဆန်းပြားသည့် ဟော်မုန်းများ၏တုံ့ ပြန်မှုနှင့် ရောဂါပြီးဆက်သားများ၊ သတ်ဖြတ်ဆဲလ်များ၏ လုပ်ဆောင်ပုံ” တို့ကို သိရှိခဲ့ကြကာ “သဘာဝအလျောက်ကုသမှုတွင် စိတ်လှုပ်ရှားမှုနှင့် စိတ်နေစိတ်ထားတို့သည်လည်း အရေးပါ၏” ဟု Vital မဂ္ဂဇင်းကဆိုသည်။ သို့သော် ဖိစီးမှုများနှင့် ကိုယ်ရေးကိုယ်တာပြဿနာများက “ရောဂါပြီးစနစ်ကို ကြာရှည်စွာအားနည်း” စေနိုင်သည်ဟု အဆိုပါမဂ္ဂဇင်းက ဆက်၍ဖော်ပြ၏။

ကမ္ဘာချီဥစ္စာဓန ခွဲဝေမှု

“ကမ္ဘာပေါ်တွင် အရွယ်ရောက်လူကြီးများအနက် ၁% ရှိသော အချမ်းသာဆုံးပုဂ္ဂိုလ်များသည် ကမ္ဘာဂြိုဟ်၏ဥစ္စာဓန ၄၀% ကိုပိုင်ဆိုင်ထား၏” ဟု လန်ဒန် Guardian သတင်းစာကဆိုသည်။ “ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် အင်တာနက်လုပ်ငန်းများကို အလွန်ချမ်းသာကြွယ်ဝသူများက ချုပ်ကိုင်ထားသည်” ဟုအဆိုပါသတင်းစာက ဖော်ပြသည်။ ယူအဲန်လေ့လာမှုတစ်ခုအရ အချမ်းသာဆုံးပုဂ္ဂိုလ်များ၏ ၃၇ ရာခိုင်နှုန်းသည် အမေရိကန်တွင်နေထိုင်ပြီး ၂၇ ရာခိုင်နှုန်းမှာ ဂျပန်တွင်နေထိုင်ကာ ၆ ရာခိုင်နှုန်းမှာ ဗြိတိန်တွင်နေထိုင်သည်။ ကမ္ဘာ့အဆင်းရဲဆုံးလူဦးရေ၏ထက်ဝက်သည် ကမ္ဘာဂြိုဟ်၏ဥစ္စာဓန ၁ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်သည်။ ဗြိတိန် အောက်စ်ဖန် အလှူဒါနအဖွဲ့၏ သုတေသနအဖွဲ့ခေါင်းဆောင် ဒန်ကဲန်ဂရင်း၏အဆိုအရ “ဤကွာဟမှုသည် ထိတ်လန့်ဖွယ်ရာဖြစ်သည်။ . . . လူသန်း ၈၀၀ သည် ညစဉ် ဆာဆာလောင်လောင်ဖြင့် အိပ်ရာဝင်နေစဉ် လူနည်းစုမှာ ဤမျှချမ်းသာကြွယ်ဝနေသည်ကို လက်ခံနိုင်ဖွယ်ရာအကြောင်းပြချက်မရှိချေ။”

တရုတ်ပြည်၏ ကျားမအချိုးမညီမျှမှု

၂၀၀၅ ခုနှစ်တွင် တရုတ်ပြည်၏ မွေးကင်းစကလေးများ၏ ကျားမအချိုးမှာ ယောက်ျားလေး ၁၁၈ ဦးလျှင် မိန်းကလေး ၁၀၀ ဖြစ်သည်။ နိုင်ငံ၏အချို့ဒေသများတွင် “ကိန်းဂဏန်းမှာ ယောက်ျားလေး ၁၃၀ လျှင် မိန်းကလေး ၁၀၀ အထိရောက်သွားသည်” ဟု China Daily သတင်းစာကဖော်ပြသည်။ ဤသို့ အချိုးမညီရသည့်အကြောင်းရင်းမှာ သန္ဓေသားများကိုစစ်ဆေး၍ ရွေးချယ်ဖျက်ချကြသောကြောင့်ဖြစ်၏။ ဤလုပ်ရပ်သည် တရုတ်ပြည်၏ မြို့နေလူတန်းစားစုံတွဲအများစုတွင် တစ်အိမ်ထောင်လျှင် ကလေးတစ်ဦးသာ ရှိရမည်ဟူသော မိသားစုစီမံကိန်းမူဝါဒနှင့် ဆက်နွှယ်သည်ဟု အာဏာပိုင်များက ဝန်ခံကြ၏။ “၂၀၂၀ ပြည့်နှစ်ရောက်လျှင် အိမ်ထောင်ပြုနိုင်သောအမျိုးသားဦးရေသည် အမျိုးသမီးဦးရေထက် သန်း ၃၀ ခန့်ပိုများပေလိမ့်မည်” ဟုအဆိုပါသတင်းစာကဆိုသည်။ ဤအချိုးမညီမျှမှုသည် “လူမှုရေးတည်ငြိမ်မှုကိုထိခိုက်” လိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ