ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၀ အမှတ် ၃ စာ. ၁၂-၁၃
  • မေတ္တာပြပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေတ္တာပြပါ
  • နိုးလော့!—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြဿနာ
  • ကျမ်းစာအခြေခံမူ
  • လုပ်ဆောင်နိုင်တဲ့အချက်
  • မလိုမုန်းထား ခွဲခြားဆက်ဆံမှုကို သူတို့ ထုတ်ပယ်နိုင်ခဲ့ကြ
    နိုးလော့!—၂၀၂၀
  • ခွဲခြားဆက်ဆံတဲ့သဘော သင့်မှာ ရှိနေသလား
    နိုးလော့!—၂၀၂၀
  • မတရားမှုကို တိုက်ထုတ်ချင်တယ်
    ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး
  • တစ်ဖက်သတ်အစွဲတွေ ဘယ်တော့ ပပျောက်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၀
န၂၀ အမှတ် ၃ စာ. ၁၂-၁၃
အိန္ဒိယအမျိုးသမီးက လူဖြူအမျိုးသမီးကြီးရဲ့ ပစ္စည်းတွေကို ကူသယ်ပေးပြီး လှေကားတက်နေစဉ်။

မေတ္တာပြပါ

ပြဿနာ

မလိုမုန်းထားတဲ့စိတ်က အလွယ်တကူ မပျောက်နိုင်ဘူး။ ရောဂါပိုး ကူးစက်ခံရရင် ပျောက်ကင်းဖို့ အချိန်ယူရသလိုပဲ မလိုမုန်းထား ခွဲခြားဆက်ဆံမှုကို ဖျောက်ဖျက်ဖို့ အချိန်ယူရတယ်။ ကိုယ့်မှာ ရှိတဲ့ အဲဒီစိတ်သဘော ပျောက်သွားအောင် ဘယ်လို လုပ်နိုင်သလဲ။

ကျမ်းစာအခြေခံမူ

ရုပ်ပုံများ– ၁။ အာရှအမျိုးသားတစ်ယောက်က ကော်ဖီခွက်တွေ သယ်လာတဲ့ လူမည်းအမျိုးသားအတွက် တံခါးကို ဖွင့်ထားပေးစဉ်။ ၂။ လူမည်းအမျိုးသားက အိန္ဒိယအမျိုးသမီး အပါအဝင် အလုပ်ဖော်တွေကို ကော်ဖီခွက် ကမ်းပေးနေစဉ်။

“မေတ္တာကိုလည်း ဝတ်ဆင်ကြပါ။ ဘာလို့လဲဆိုတော့ မေတ္တာဟာ စည်းလုံးခြင်းအတွက် ခိုင်မြဲတဲ့ နှောင်ကြိုးပဲ။” —ကောလောသဲ ၃:၁၄။

ဘာကို ဆိုလိုသလဲ။ ကြင်နာတဲ့ လုပ်ရပ်က လူတွေကို တစည်းတလုံး ရှိစေတယ်။ တခြားသူတွေကို မေတ္တာပြဖို့ ကြိုးစားလေ မလိုမုန်းထားစိတ် နည်းသွားလေပဲ။ သူတို့ကို ပိုချစ်လာလေ သူတို့အပေါ် ထားတဲ့ အပျက်သဘောထားတွေ လျော့သွားလေပဲ။

လုပ်ဆောင်နိုင်တဲ့အချက်

ရုပ်ပုံများ– ၁။ လူဖြူအမျိုးသမီးကြီးရဲ့ ပစ္စည်းတွေကို အိန္ဒိယအမျိုးသမီးက ကူသယ်ပေးပြီး လှေကားတက်နေစဉ်။ ၂။ လူဖြူအမျိုးသမီးကြီးက အိမ်နီးချင်း အာရှအမျိုးသားကို မုန့်ပေးနေစဉ်။

ကိုယ်မကြိုက်တဲ့ လူအုပ်စုထဲက လူတွေကို မေတ္တာပြနိုင်တဲ့ သတ်သတ်မှတ်မှတ် နည်းတွေကို စဉ်းစားပါ။ ကြီးကြီးကျယ်ကျယ် ဖြစ်စရာ မလိုပါဘူး။ အောက်ပါအချက်တွေထဲက တစ်ခုနှစ်ခု လုပ်ဖို့ ကြိုးစားကြည့်ပါ။

မေတ္တာပြတဲ့ လုပ်ရပ်လေးတွေက အပျက်သဘောထားတွေကို ဖယ်ရှားပေး

  • အဝင်အထွက်တွေမှာ တံခါးဖွင့်ပြီး ကိုင်ထားပေးပါ။ ဘတ်စကား၊ ရထား စီးတဲ့အခါ နေရာဖယ်ပေးပါ။

  • ကိုယ့်ရဲ့ ဘာသာစကားကို သူတို့ ကောင်းကောင်း မပြောတတ်ရင်တောင် သူတို့ကို နှုတ်ဆက်စကား ပြောပါ။

  • သူတို့ရဲ့ လုပ်ရပ်ကို ကိုယ်နားမလည်တဲ့အခါ စိတ်ရှည်ပါ။

  • သူတို့ရဲ့ ပြဿနာအကြောင်း ပြောပြတဲ့အခါ စာနာမှု ပြပါ။

ဖြစ်ရပ်မှန်– နာဇရင်း (ဂီနီဘစ်ဆော)

“အရင်တုန်းက ကျွန်မဟာ တိုင်းတစ်ပါးက ပြောင်းလာသူတွေကို အပျက်သဘော ရှုမြင်ခဲ့တယ်။ တိုင်းတစ်ပါးက ပြောင်းလာတဲ့သူတွေဟာ အစိုးရဆီက အထောက်အပံ့တွေ ရဖို့ လိမ်ညာကြတယ်၊ သူတို့အတော်များများက ရာဇဝတ်သားတွေလို့ ကျွန်မ ကြားဖူးထားတယ်။ အဲဒါကြောင့် သူတို့ကို လက်ခံဖို့ ခက်နေတယ်။ ဒါပေမဲ့ ကျွန်မ ခွဲခြားဆက်ဆံနေတယ်လို့ မခံစားခဲ့ရဘူး။ ဘာကြောင့်လဲဆိုတော့ အများစုက သူတို့ကို အဲဒီလိုပဲ မြင်ကြတာကိုး။

“နောက်ပိုင်းမှာတော့ ပြောင်းရွှေ့လာတဲ့သူတွေကို ကျွန်မ ခွဲခြားဆက်ဆံနေတယ်ဆိုတာ သိသွားတယ်။ ကျမ်းစာမှာပါတဲ့ လက်တွေ့ကျ ပညာရှိစကားတွေက သူတို့ကို မေတ္တာထားတတ်အောင် ကူညီပေးခဲ့တယ်။ အခု ကျွန်မ သူတို့ကို မရှောင်တော့ဘူး။ သူတို့ကို နှုတ်ဆက်တယ်။ သူတို့နဲ့ စကားပြောတယ်။ သူတို့တစ်ယောက်ချင်းစီကို သိကျွမ်းဖို့ ကြိုးစားတယ်။ သူတို့ကို အကောင်းမြင်လာပြီ။ သူတို့နဲ့ နေရတာလည်း အသားကျလာပြီ။”

“မတရားမှုကို တိုက်ထုတ်ချင်တယ်”

ရာဖီကာ မိုရစ်။

ရာဖီကာဟာ မတရားမှုကို တိုက်ထုတ်ဖို့ တော်လှန်ရေးအဖွဲ့ထဲ ဝင်ခဲ့တယ်။ ယေဟောဝါသက်သေတွေရဲ့ ခရိုင်အစည်းအဝေး တစ်ခုကို တက်ပြီးနောက်မှာတော့ သူရှာနေတဲ့ စည်းလုံးမှုကို တွေ့သွားတယ်။

ရာဖီကာ မိုရစ်– မတရားမှုကို တိုက်ထုတ်ချင်တယ် ဗီဒီယိုကို ကြည့်ပါ။ ဗီဒီယိုကို jw.org/my မှာရှာပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ