သီချင်း ၅၉
ဘုရားသခင်၏သတိပေးချက်များကိုလေးစားခြင်း
(ဆာလံ ၁၁၉)
၁။ ရွှင်ပျော်၊ သတိပေးချက် ဂရုပြုသူ၊
ကိုယ်တော်အား ကြွင်းမဲ့ ရှာဖွေသူ
ပြဋ္ဌာန်း မိန့်ချက် သူတို့ချက်ချင်းဆောင်ရွက်၊
တရားတော်များမှ
မခွဲထွက် မိန့်တော်ရာများ သူတို့ လေးစားကြ၊
မေတ္တာကရုဏာတော်
သူတို့ပြောကြား ပညတ်တော်များကို နှစ်သက်ကြောင်းထင်ရှား၊
ကိုယ်တော်အား
မျှော်ရန် သင်ကြားထား
၂။ အံ့သြဖွယ်ယေဟောဝါ မေတ္တာကရုဏာ၊
မိုးစွန်းအလွန် ထိရောက်ရှိရာ
တရားနည်းလမ်းတကျ အုပ်စိုးသိမ်းထား၊
မောက်မာ မုသာစွန်းစေလိုငြား
ပညတ်ချစ်သူ ငြိမ်သက်ရပြည့်ဝ၊
ကောင်းချီးများ ဘယ်ခါ မလျော့နည်းရ
တိုက်ပွဲဥစ္စာရ ပွဲခံသူပမာ၊
နှုတ်ကပါဌ်၌ဝမ်းမြောက်လာမှာ
၃။ တောင်းပန်ဆုများ မျက်မှောက်တော် ယေဟောဝါ၊
နှုတ်ကပါဌ်တော် တို့နားလည်လာ
နားညောင်းတော်မူ ဆုချရာမျက်နှာသာ၊
သူ့လက်ရုံးတော်နှင့် ကယ်တင်ပါ
ဘုရားအား ဖြောင့်မှန် စိတ်မြဲပိုက်လျက်၊
သူမိန့်ကြားသမျှ တို့စဉ်ဆောင်ရွက်
သစ္စာတည်ကြည်သော ဘုရားယေဟောဝါ၊
နေ့စဉ်ခွန်အားသစ် လောင်းပေးပါ