ကျွန်ုပ်တို့၏ဖိတ်ခေါ်ချက်
ဤစာစောင်အားဖြင့် သင်နှင့်ဆွေးနွေးပြောဆိုခွင့်ရသည့်အတွက် ကျွန်ုပ်တို့များစွာဝမ်းသာပါသည်။ ယေဟောဝါသက်သေတို့အကြောင်း သင်ပိုမိုသိလိုသည့်ဆန္ဒရှိမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ ကျွန်ုပ်တို့၏ဒေသဆိုင်ရာနိုင်ငံတော်ခန်းမသို့လာရောက်လည်ပတ်ရန် သင့်အားဖိတ်ခေါ်ချက်ကို ကျေးဇူးပြု၍လက်ခံပါ။ ကျွန်ုပ်တို့၏အစည်းအဝေးကျင်းပပုံကိုလေ့လာပါ။ ခရစ်တော်အုပ်ချုပ်ရေးအောက် ပရဒိသုမြေကြီးနှင့်ပတ်သက်သောသတင်းကောင်းကို သူတစ်ပါးအားကျွန်ုပ်တို့မည်သို့ကြိုးစားဝေမျှကြောင်း လာရောက်လေ့လာကြည့်ပါ။
ဤသို့ပင် ဘုရားသခင်ကတိတော်ရှိသည်။ “ဖြောင့်မတ်ခြင်းတရားတည်နေရာမိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည်ကတိတော်နှင့်အညီမျှော်လင့်ကြ၏။” (၂ ပေတရု ၃:၁၃) ဆယ့်ကိုးရာစုကျော်လွန်ခဲ့ပေပြီ။ စောင့်မျှော်နေရသည့်ကာလ၏အဆုံးကိုချဉ်းကပ်နေပြီ။ ကမ္ဘာ့အခြေအနေတို့က ယင်းကိုသက်သေပြသည်။ ယေရှုပြုခဲ့သည့်ကတိတော်ပြည့်စုံရန်အချိန်နီးပြီ။ “ထိုအမှုအရာတို့သည်ဖြစ်စရှိသောအခါ သင်တို့ကိုရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကိုထောက်သဖြင့် မျှော်ကြည့်၍ခေါင်းကိုကြွကြလော့။”—လုကာ ၂၁:၂၈။
“ကာလအချိန်ရောက်လုနီးသည်ကိုထောက်၍” “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ အချင်းချင်းစည်းဝေးခြင်းအမှုကိုမရှောင်မလွဲကြနှင့်” ဟုတမန်တော်ပေါလုပြောခဲ့သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ကျွန်ုပ်တို့၏ဖိတ်ခေါ်ချက်မှာ ကျွန်ုပ်တို့နှင့်အစည်းအဝေးတက်ခြင်းဖြင့် ပေါလု၏အကြံပေးစကားကိုနာယူပါဟူ၍ဖြစ်သည်။