ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၁၅
  • ယေရှုအဦးဆုံးပြုသော အံ့ဖွယ်အမှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုအဦးဆုံးပြုသော အံ့ဖွယ်အမှု
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဦးဆုံးအံ့ဖွယ်အမှု
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ကာနမြို့မှာပြုလုပ်တဲ့ ဒုတိယအံ့ဖွယ်အမှု
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ကာနမြို့တွင်ပြုတော်မူသည့် ဒုတိယအံ့ဖွယ်အမှု
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၁၅

အခန်း ၁၅

ယေရှုအဦးဆုံးပြုသော အံ့ဖွယ်အမှု

ဖိလိပ္ပု၊ အန္ဒြေ၊ ပေတရု၊ ယောဟန်၊ နာသနေလနှင့်ယာကုပ်တို့သည် ယေရှု၏တပည့်ဦးများဖြစ်ခါစ တစ်ရက်နှစ်ရက်သာရှိသေးသည်။ သူတို့အားလုံး၏ဇာတိမြေ ဂါလိလဲနယ်သို့သွားနေကြသည်။ ယေရှုကြီးပြင်းခဲ့သည့် နာဇရက်မြို့မှ မဝေးလှသောတောင်ကုန်းဒေသရှိ နာသနေလ၏ဇာတိ ကာနမြို့သို့ ဦးတည်နေကြသည်။ ကာနမြို့၌ မင်္ဂလာဆောင်ပွဲတစ်ခုတက်ရောက်ရန် သူတို့အားဖိတ်ခေါ်ထားသည်။

ယေရှု၏အမေလည်း မင်္ဂလာပွဲ၌ရောက်နေ၏။ ပွဲခံသောမိသားစု၏ မိတ်ဆွေတစ်ဦးအနေနှင့် မာရိသည်ပွဲထိုင်အများကို ဧည့်ခံပြုစုရာတွင် ပါဝင်ဟန်တူသည်။ ထိုကြောင့်စပျစ်ရည်ကုန်နေသည်ကို ချက်ချင်းသတိထားမိပြီး ‘သူတို့၌စပျစ်ရည်မရှိ’ ဟုယေရှုအားပြောကြား၏။

စပျစ်ရည်ကုန်နေသည့်အတွက် တစ်ခုခုပြုလုပ်ရန် ယေရှုအားမာရိအဆိုသွင်းသောအခါ အစတွင်ယေရှုစိတ်မပါချေ။ “အိုအချင်းမိန်းမ၊ ငါသည်သင်နှင့်အဘယ်သို့ဆိုင်သနည်း” ဟုမေးတော်မူ၏။ ဘုရားသခင့်ဘိသိက်ခံရှင်ဘုရင်အနေနှင့် အဘယ်အရာဆောင်ရွက်ပါဟူ၍ အိမ်သားများ၊ သို့မဟုတ် မိတ်ဆွေများညွှန်ကြားရန်မဟုတ်ပေ။ ထိုကြောင့်မာရိသည် ထိုကိစ္စကိုသားတော်အားလွဲအပ်၍ အစေခံတို့အား “သူခိုင်းသမျှကိုပြုကြလော့” ဟုမှာကြားလေသည်။

ထိုအိမ်တွင် ဆယ်ဂါလံကျော်ဝင်သောရေအိုးကြီး ခြောက်လုံးရှိရာ ယေရှုက ‘ဤအိုးများကိုရေဖြည့်ကြ’ ဟုခိုင်းစေသည့်အတိုင်း အိုးနှုတ်ခမ်းအထိ ဖြည့်လိုက်ကြသည်။ ထိုနောက်ယေရှုက “ယခုခပ်၍ပွဲအုပ်ထံသို့သွင်းကြလော့” ဟုမိန့်တော်မူ၏။

ပွဲအုပ်က ၄င်းစပျစ်ရည်သည် အံ့ဖွယ်တန်ခိုးဖြင့်ဖြစ်လာကြောင်းမသိဘဲ ၄င်းစပျစ်ရည်၏ကောင်းခြင်းကို မြည်းစမ်းပြီးနောက် အံ့အားသင့်သွားသည်။ သတို့သားကိုခေါ်လျက် “လူတိုင်းမှာစပျစ်ရည်ကောင်းကိုဦးစွာတည်၍ မူးယစ်ကြပြီးမှ အညံ့ကိုတည်တတ်သည်။ သင်မူကား ယခုတိုင် စပျစ်ရည်ကောင်းကိုချန်ထားပြီ” ဟုဆိုလေ၏။

ဤကားယေရှုဦးစွာပြုသည့် အံ့ဖွယ်အမှုဖြစ်၍ ယင်းကိုတွေ့မြင်ရသော တပည့်တော်သစ်တို့သည် ယုံကြည်ခြင်း၌ခိုင်ခံ့လာကြသည်။ ထိုနောက်ကိုယ်တော်သည် မယ်တော်၊ ညီတော်တို့နှင့်အတူ ဂါလိလဲပင်လယ်အနီးရှိ ကပေရနောင်မြို့သို့ ခရီးထွက်လေသည်။ ယောဟန် ၂:၁-၁၂။

▪ ကာနမြို့မင်္ဂလာဆောင်ပွဲသည် ယေရှု၏ဓမ္မအမှုကာလအတွင်း အဘယ်အချိန်တွင်ကျင်းပသနည်း။

▪ မယ်တော်အကြံပေးသည်ကို ယေရှုအဘယ်ကြောင့် ကန့်ကွက်သနည်း။

▪ ယေရှုအဘယ်အံ့ဖွယ်အမှု ပြုတော်မူသနည်း။ အခြားသူများအပေါ် မည်သို့အကျိုးသက်ရောက်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ