ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၂၀ စာ. ၅၄-စာ. ၅၅ ပိုဒ်. ၈
  • ကာနမြို့မှာပြုလုပ်တဲ့ ဒုတိယအံ့ဖွယ်အမှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကာနမြို့မှာပြုလုပ်တဲ့ ဒုတိယအံ့ဖွယ်အမှု
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကာနမြို့တွင်ပြုတော်မူသည့် ဒုတိယအံ့ဖွယ်အမှု
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဦးဆုံးအံ့ဖွယ်အမှု
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရှုအဦးဆုံးပြုသော အံ့ဖွယ်အမှု
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ပရောဖက်ပြုချက်တွေကို ပြည့်စုံစေတဲ့ မေရှိယ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၂၀ စာ. ၅၄-စာ. ၅၅ ပိုဒ်. ၈
ဝမ်းနည်းပူဆွေးနေတဲ့ နန်းတွင်းအရာရှိက သူ့သားကို ကုသပေးဖို့ ယေရှုကို အသနားခံနေ

အခန်း ၂၀

ကာနမြို့မှာ ပြုလုပ်တဲ့ ဒုတိယအံ့ဖွယ်အမှု

မာကု ၁:၁၄၊ ၁၅ လုကာ ၄:၁၄၊ ၁၅ ယောဟန် ၄:၄၃-၅၄

  • “ဘုရားသခင်ရဲ့ နိုင်ငံတော် နီးနေပြီ” လို့ ယေရှု ဟောပြော

  • နန်းတွင်းအရာရှိရဲ့ သားကို အဝေးကနေ ကုသပေး

ယေရှုက ရှမာရိပြည်မှာ နှစ်ရက်လောက် နေပြီးနောက် သူ့ဇာတိနယ်ကို ပြန်သွားတယ်။ ယုဒပြည်မှာ ဟောပြောခြင်းလုပ်ငန်းကို တိုးချဲ့လုပ်ဆောင်ခဲ့တယ်။ အခု ဂါလိလဲနယ်ကို ပြန်လာတာ အနားယူဖို့ မဟုတ်ဘူး။ အဲဒီအစား သူကြီးပြင်းတဲ့ဒေသမှာ အမှုဆောင်လုပ်ငန်းကို စတင် တိုးချဲ့လုပ်ဆောင်တယ်။ လူတွေ ကောင်းကောင်းလက်ခံမယ်လို့ သူမျှော်လင့်ထားပုံမရဘူး။ “ပရောဖက်ဟာ သူ့နေရင်းဒေသမှာ လေးစားမခံရဘူး” လို့ သူကိုယ်တိုင် ပြောခဲ့ဖူးလို့ပဲ။ (ယောဟန် ၄:၄၄) တပည့်တွေက သူနဲ့နေမယ့်အစား မိသားစုတွေဆီ ပြန်သွားပြီး အရင်အလုပ်တွေကို ပြန်လုပ်နေကြတယ်။

ဘယ်သတင်းကို ယေရှု စဟောပြောသလဲ။ “ဘုရားသခင်ရဲ့ နိုင်ငံတော် နီးနေပြီ။ နောင်တရကြပါ။ သတင်းကောင်းကို ယုံကြည်ကြပါ” ဆိုတဲ့သတင်းပဲ။ (မာကု ၁:၁၅) လူတွေ ဘယ်လို တုံ့ပြန်ကြသလဲ။ ဂါလိလဲပြည်သား အများစုက ယေရှုကို ကြိုဆိုလက်ခံပြီး လေးစားကြတယ်။ သူဟောတဲ့ သတင်းစကားကြောင့်ပဲ မဟုတ်ပါဘူး။ ဂါလိလဲပြည်သားတချို့ဟာ ပသခါပွဲအတွင်း ဂျေရုဆလင်မြို့မှာရှိနေပြီး ယေရှုပြတဲ့အံ့ဖွယ်အမှုတွေကို မြင်ခဲ့ကြလို့ပဲ။—ယောဟန် ၂:၂၃။

ဂါလိလဲပြည်မှာ ယေရှုရဲ့ ကြီးမားတဲ့ အမှုဆောင်လုပ်ငန်းကို ဘယ်နေရာကနေ စတင်ခဲ့သလဲ။ ကာနမြို့ ဖြစ်နိုင်တယ်။ ယေရှုက အဲဒီမြို့မှာ ကျင်းပတဲ့ မင်္ဂလာပွဲမှာ ရေကို စပျစ်ဝိုင်အဖြစ် ပြောင်းပေးခဲ့ဖူးတယ်။ ဒီမြို့ကို ဒုတိယအကြိမ် ပြန်လာတဲ့အခါ ကောင်လေးတစ်ယောက် အပြင်းဖျားပြီး သေလုမြောပါးဖြစ်နေမှန်း ယေရှုသိလိုက်ရတယ်။ အဲဒီကောင်လေးရဲ့ အဖေဟာ နှစ်ခြင်းပေးသူယောဟန်ကို ခေါင်းဖြတ်သတ်ခဲ့တဲ့ ဘုရင်ဟေရုဒ်အန္တိပရဲ့ နန်းတွင်းအရာရှိပဲ။ ယုဒပြည်ကနေ ကာနမြို့ကို ယေရှုရောက်နေမှန်း ကြားတာနဲ့ သူနေထိုင်တဲ့ ကပေရနောင်မြို့ကနေ ကာနမြို့ကို ထွက်လာတယ်။ ယေရှုကိုတွေ့တော့ ဝမ်းနည်းပူဆွေးနေတဲ့ အရာရှိက “သခင်၊ ကျွန်တော့်သားငယ် သေရပါတော့မယ်။ မြန်မြန် လာကြည့်ပေးပါဦး” လို့အသနားခံတယ်။—ယောဟန် ၄:၄၉။

ယေရှုက “အိမ်ကိုသာ ပြန်လိုက်ပါ။ ခင်ဗျားရဲ့သား ကျန်းမာလာပြီ” လို့ပြောလိုက်တော့ သူအံ့သြသွားမှာပဲ။ (ယောဟန် ၄:၅၀) ဒါနဲ့ ယေရှုရဲ့စကားကို ယုံကြည်ပြီး အိမ်ပြန်သွားတယ်။ လမ်းခုလတ်မှာ သူ့ကျွန်တွေက လာကြိုပြီး သားဖြစ်သူ နေကောင်းသွားပြီဆိုတဲ့ သတင်းကောင်း ပြောပြတယ်။ သူက အဖြစ်အပျက်ကို ဆက်စပ်ကြည့်ချင်တာနဲ့ “ဘယ်အချိန်မှာ ကောင်းသွားတာလဲ” လို့မေးလိုက်တယ်။

“မနေ့က၊ မွန်းလွဲ ၁ နာရီလောက်မှာ အဖျားကျသွားပါတယ်” လို့ဖြေကြတယ်။—ယောဟန် ၄:၅၂။

လမ်းခုလတ်မှာ အရာရှိက ကျွန်တွေနဲ့တွေ့၊ ယေရှုကုသပေးလိုက်လို့ နေကောင်းသွားပြီဖြစ်တဲ့သားဆီ ပြန်သွား

အဲဒီအချိန်က “ခင်ဗျားရဲ့သား ကျန်းမာလာပြီ” လို့ ယေရှုပြောလိုက်တဲ့ အချိန်ပဲဆိုတာ အရာရှိ သိလိုက်တယ်။ ကျွန်တွေကိုတောင် ပိုင်တဲ့အထိ ချမ်းသာတဲ့အရာရှိနဲ့ သူ့အိမ်သူအိမ်သားအားလုံး ခရစ်တော်ရဲ့တပည့်တွေ ဖြစ်လာကြတယ်။

ဒါကြောင့် ကာနမြို့ဟာ ယေရှု အံ့ဖွယ်အမှု နှစ်ကြိမ်ပြုလုပ်ခဲ့တဲ့ နေရာဖြစ်တယ်။ ပထမ၊ ရေကို စပျစ်ဝိုင်အဖြစ် ပြောင်းပေးခဲ့တယ်။ ဒုတိယ၊ ၁၆ မိုင်လောက်ဝေးတဲ့နေရာကနေ အရာရှိရဲ့သားကို ကုသပေးခဲ့တယ်။ ယေရှုက အဲဒီအံ့ဖွယ်အမှုတွေလောက်ပဲ လုပ်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီကုသမှုက ထူးခြားတယ်။ အကြောင်းကတော့ အခုတစ်ကြိမ် ဂါလိလဲပြည်ကို ပြန်လာချိန်မှာ သူဟာ ဘုရားရဲ့ ပရောဖက်ဖြစ်မှန်း ဒီကုသမှုက သက်သေပြလို့ပဲ။ ဒါပေမဲ့ ပရောဖက်ဟာ သူ့နေရင်းဒေသမှာ ဘယ်လောက်ထိ လေးစားခံရမလဲ။

နေရင်းမြို့ နာဇရက်ကို ယေရှုရောက်တဲ့အခါ သိရပါလိမ့်မယ်။ အဲဒီမှာ ဘာတွေ ဖြစ်ပျက်မလဲ။

  • ဂါလိလဲပြည်ကို ယေရှု ပြန်ရောက်တဲ့အခါ ဘယ်သတင်းကို စဟောပြောခဲ့သလဲ။ လူတွေ ဘယ်လို တုံ့ပြန်ကြသလဲ။

  • ကာနမြို့ကို နောက်တစ်ကြိမ် ပြန်ရောက်တဲ့အခါ ဘယ်အံ့ဖွယ်အမှုကို ယေရှု ပြုလုပ်ခဲ့သလဲ။ ဒီအံ့ဖွယ်အမှုကြောင့် ဘာအကျိုးရခဲ့သလဲ။

  • ကပေရနောင်မြို့က အရာရှိရဲ့သားကို ယေရှုကုသပေးပုံမှာ ဘာထူးခြားသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ