ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၉၇
  • စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများ
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • စပျစ်ခြံလုပ်သားများပုံဥပမာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • သစ္စာမဲ့သော စပျစ်ဥယျာဉ်သည် အမင်္ဂလာရှိ၏!
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • စပျစ်ဥယျာဉ်ပုံဥပမာအားဖြင့်ထုတ်ဖော်ခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၉၇

အခန်း ၉၇

စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများ

“နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအများတို့သည် နောက်ကျကြလိမ့်မည်” ဟုဆိုပြီး ပုံပြင်တစ်ခုကိုသုံး၍ဥပမာပေးသည်။ “ကောင်းကင်နိုင်ငံတော်သည် စပျစ်ဥယျာဉ်ကိုလုပ်ဆောင်သောသူတို့ကိုငှားခြင်းငှာ နံနက်စောစောထွက်သွားသော အိမ်ရှင်နှင့်တူ၏” ဟုအစချီသည်။

ဆက်လက်၍ “ထိုသူ [အိမ်ရှင်] သည်တစ်နေ့လျှင် ဒေနာရိတစ်ပြားစီပေးမည်ဟူ၍ လုပ်ဆောင်သောသူတို့နှင့်ဝန်ခံပြီးမှ စပျစ်ဥယျာဉ်သို့စေလွှတ်လေ၏။ နံနက်တစ်ချက်တီး [သုံးချက်တီး၊ ကဘ] အချိန်၌ထွက်ပြန်လျှင်၊ အခြားသူတို့သည် အလုပ်ကိုမလုပ် ဈေး၌ရပ်နေသည်ကိုမြင်လျှင် ‘သင်တို့လည်းငါ့စပျစ်ဥယျာဉ်သို့သွားကြ။ တော်လျော်စွာ ငါပေးမည်’ ဟုဆိုလျှင် ထိုသူတို့သည်သွားကြ၏။ တစ်ဖန် နှစ်ချက်တီး [ခြောက်ချက်တီး၊ ကဘ] အချိန်၊ တစ်ဖန် သုံးချက်တီး [ကိုးချက်တီး၊ ကဘ] အချိန်၌ထွက်၍ ရှေ့နည်းအတူပြုလေ၏။ ဆယ့်တစ်နာရီအချိန်၌လည်းထွက်ပြန်လျှင် အခြားသောသူတို့သည် အလုပ်ကိုမလုပ်၊ ရပ်နေသည်ကိုတွေ့၍ ‘သင်တို့သည် တစ်နေ့လုံးအလုပ်ကိုမလုပ်ဘဲ ဤအရပ်၌အဘယ်ကြောင့်နေကြသနည်း’ ဟုမေးသော် ထိုသူတို့က ‘ကျွန်တော်တို့ကိုအဘယ်သူမျှမငှားပါ’ ဟုပြောဆိုကြလျှင် ‘သင်တို့လည်းငါ့စပျစ်ဥယျာဉ်သို့သွားကြ။ တော်လျော်စွာရကြလိမ့်မည်’ ဟုဆိုလေ၏။”

အိမ်ရှင်ဖြစ်သူစပျစ်ဥယျာဉ်ပိုင်ရှင်သည် ယေဟောဝါဖြစ်ပြီး စပျစ်ဥယျာဉ်သည် ဣသရေလလူမျိုးဖြစ်သည်။ ဥယျာဉ်လုပ်သားများမှာ အထူးသဖြင့် တမန်တော်များလက်ထက်ရှိဂျူးများ၊ ပညတ်ပဋိညာဉ်အောက်ရှိသူများဖြစ်သည်။ တစ်နေကုန်လုပ်ဆောင်မည့်သူများနှင့်သာ လုပ်ခသဘောတူညီချက်ရှိပြီ။ လုပ်ခမှာ ဒေနာရိတစ်ပြားဖြစ်သည်။ “သုံးချက်တီး” အချိန်သည်နံနက် ၉ နာရီဖြစ်ရာ သုံးချက်တီး၊ ခြောက်ချက်တီး၊ ကိုးချက်တီးနှင့်ဆယ့်တစ်နာရီအချိန်တို့တွင် အခေါ်ခံရသူတို့၏အလုပ်ချိန်များမှာ ၉ နာရီ၊ ၆ နာရီ၊ ၃ နာရီနှင့် ၁ နာရီအသီးသီးဖြစ်သည်။

တစ်နေ့တာအလုပ်ချိန် ၁၂ နာရီလုပ်သူများသည် ဘာသာရေးလုပ်ငန်း၌ အမြဲအလုပ်များနေသူ ဂျူးဘာသာရေးခေါင်းဆောင်တို့ကိုတင်စားပြီး သူတို့သည် ငါးဖမ်းခြင်းအစရှိသည့် အခြားဝမ်းစာရှာလုပ်ငန်းတို့ကိုလုပ်ကိုင်သော ယေရှု၏တပည့်များနှင့်မတူကြပါ။ စီအီး ၂၉ ဆောင်းဦးပိုင်းကျမှယေရှုခရစ်ကို “အိမ်ရှင်” စေလွှတ်၍ ဤသူတို့အားတပည့်များအဖြစ်စုသိမ်းစေတော်မူသည်။ သို့ဖြင့် ‘နောက်ကျဆုံး’ သို့မဟုတ် ဆယ့်တစ်နာရီအချိန်တွင်အလုပ်ဝင်သူများဖြစ်လာသည်။

နောက်ဆုံး၌ပုံဆောင်အလုပ်ရက်သည် ယေရှုသေဆုံးချိန်တွင်ကုန်သွားသည်။ အခပေးချိန်ရောက်လေသော် နောက်ကျဆုံးသူကိုအရင် အခပေးခြင်းအလေ့မရှိဘဲပေးခဲ့ကြောင်း ဆက်ရှင်းပြသည်။ “ညအချိန်ရောက်သောအခါ စပျစ်ဥယျာဉ်ရှင်က ‘လုပ်ဆောင်သောသူတို့ကိုခေါ်ခဲ့လော့။ နောက်ဝင်သောသူမှစ၍အရင်အဦးဝင်သောသူတိုင်အောင် အခကိုပေးလော့’ ဟု မိမိစာရေးကိုမှာလိုက်လေ၏။ ဆယ့်တစ်နာရီအချိန်၌ဝင်သောသူတို့သည်လာ၍ ဒေနာရိတစ်ပြားစီခံကြ၏။ အရင်ဝင်သောသူတို့သည်လာကြသောအခါ ငါတို့သည်သာ၍ရမည်ဟု စိတ်ထဲမှာထင်မှတ်သော်လည်း ဒေနာရိတစ်ပြားစီခံရကြ၏။ ထိုသို့ခံပြီးလျှင် အိမ်ရှင်ကိုကဲ့ရဲ့ပြစ်တင်၍ ‘နောက်ဝင်သောသူတို့သည် တစ်နာရီခန့်မျှသာလုပ်ဆောင်သော်လည်း တစ်နေ့လုံးအမှုဝန်ကိုထမ်းရွက်၍ နေပူဆင်းရဲခံရသောအကျွန်ုပ်တို့နှင့်အညီအမျှ ကိုယ်တော်စီရင်ပါပြီတကား’ ဟုဆိုကြ၏။ သို့သော်သူတို့ထဲမှတစ်ဦးကိုမိန့်တော်မူသည်မှာ ‘အဆွေ၊ သင်၌မတရားသောအမှုကိုငါမပြု။ ဒေနာရိတစ်ပြားကိုအမှတ်ပြု၍ သင်သည်ငါနှင့်ဝန်ခံသည်မဟုတ်လော။ သင်၏ဥစ္စာကိုယူ၍သွားလော့။ နောက်ဝင်သောသူတို့အား သင်နှင့်အညီအမျှပေးခြင်းငှာငါအလိုရှိ၏။ ငါသည်ကိုယ်ဥစ္စာကိုပြုလိုသမျှမပြုရာသလော။ ငါ့သဘောကောင်းသောကြောင့် သင်သည်မျက်မုန်းကျိုးရသလော’ ဟုဆိုလေ၏။” နိဂုံး၌ အစတွင်ပြောခဲ့သောစကားကို ယေရှုပြန်ပြောသည်။ “ထိုနည်းတူ နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူတို့သည် နောက်ကျကြလိမ့်မည်။”

ယေရှုသေဆုံးချိန်တွင်မဟုတ်ဘဲ စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့တွင် “စာရေး” ဖြစ်သူခရစ်တော်သည် တပည့်များအပေါ် ဝိညာဉ်တော်သွန်းလောင်းချိန်တွင် ဒေနာရိပြားကိုပေးသည်။ ယေရှု၏တပည့်များသည် ဆယ့်တစ်နာရီ၌အလုပ်ဝင်သူ ‘နောက်ကျဆုံးသူများ’ နှင့်တူသည်။ ဒေနာရိပြားမူကား ဝိညာဉ်တော်ဆုကျေးဇူးကိုယ်နှိုက်ကိုမတင်စားဘဲ တပည့်တော်များကမ္ဘာပေါ်ရှိစဉ် အသုံးပြုကြရမည့် သူတို့အသက်မွေးဝမ်းကျောင်း၊ ထာဝရအသက်ရရေးနှင့်ဆိုင်သောအရာဖြစ်သည်။ ယင်းကား ဘုရားသခင့်နိုင်ငံတော်သတင်းကိုဟောပြောရန် ဘိသိက်ခံဝိညာဏဣသရေလလူမျိုးတစ်ဦးဖြစ်ခွင့်ကိုပုံဆောင်သည်။

ယေရှု၏တပည့်များအခပေးခံရပြီး ပုံဆောင်ဒေနာရိပြားကိုအသုံးပြုနေကြကြောင်း ဦးဆုံးအငှားခံရသူတို့သတိပြုမိကြသည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်၊ ၄င်းနှင့် ဒွန်တွဲသောနိုင်ငံတော်အခွင့်အရေးများထက် သူတို့ပို၍အလိုရှိကြသည်။ သူတို့၏ငြူစူကန့်ကွက်မှုတို့သည် ဥယျာဉ်၌ ‘နောက်ကျဆုံး’ လုပ်သား ခရစ်တော်၏တပည့်များကို ညှဉ်းပန်းမှုအသွင်ဆောင်သည်။

ထိုပထမရာစုပြည့်စုံချက်သည် ယေရှုဥပမာ၏တစ်ခုတည်းသောပြည့်စုံချက်လော။ မဟုတ်ပါ။ ဤ ၂၀ ရာစုခရစ်ယာန်ဘောင်ဓမ္မဆရာများသည် သူတို့၏ရာထူး၊ သူတို့၏တာဝန်များကြောင့် ဘုရားသခင်၏ပုံဆောင်ရာစပျစ်ဥယျာဉ်တွင်အလုပ်လုပ်ကိုင်ရန် ‘ဦးဆုံး’ အငှားခံရသူများဖြစ်သည်။ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းနှင့် ပူးပေါင်းသောဆက်ကပ်အပ်နှံဟောပြောသူတို့ကိုကား ဘုရားလုပ်ငန်းတော်မြတ်တွင် တရားဝင်ပါဝင်ခွင့်ရနိုင်ရန် ‘နောက်ကျဆုံး’ သူများဟုယူဆကြသည်။ အမှန်မှာ ဓမ္မဆရာများအထင်သေးသူ ဤသူတို့ပင် ဒေနာရိပြားတည်းဟူသော ဘုရားသခင့်နိုင်ငံတော်၏ ဘိသိက်ခံသံတမန်များအဖြစ် အမှုထမ်းခွင့်ကိုရရှိကြသည်။ မဿဲ ၁၉:၃၀–၂၀:၁၆။

▪ စပျစ်ဥယျာဉ်သည် မည်သည့်အရာကိုတင်စားသနည်း။ စပျစ်ဥယျာဉ်ပိုင်ရှင်၊ ၁၂ နာရီနှင့် တစ်နာရီကြာလုပ်သားတို့သည် မည်သူတို့ကိုကိုယ်စားပြုသနည်း။

▪ ပုံဆောင်ရာအလုပ်ရက်သည် မည်သည့်အချိန်တွင်ကုန်ဆုံးပြီး အခကိုမည်သည့်အချိန်တွင်ပေးသနည်း။

▪ ဒေနာရိပြားအခပေးခြင်းသည် မည်သည့်အရာကိုတင်စားသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ