ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bm အပိုင်း ၂၄ စာ. ၂၇-၂၈
  • အသင်းတော်များထံ ပေါလုစာရေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသင်းတော်များထံ ပေါလုစာရေး
  • သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယုံကြည်ခြင်း၊ အကျင့်၊ မေတ္တာတို့နှင့်ပတ်သက်သော အကြံဉာဏ်
    သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • တိမောသေ—“ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ပေါလု ရောမမြို့မှာရှိနေတဲ့အခါ
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • သမ္မာကျမ်းစာ၏အလုံးစုံ ဆီလျော်ညီညွတ်မှု
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
bm အပိုင်း ၂၄ စာ. ၂၇-၂၈
အကျယ်ချုပ်ခံရချိန်မှာ စာရေးပေးဖို့ ပေါလု ညွှန်ကြား

အပိုင်း ၂၄

အသင်းတော်များထံ ပေါလုစာရေး

ပေါလု၏စာများက ခရစ်ယာန်အသင်းတော်ကို ခွန်အားရှိစေသည်

တည်ထောင်ခါစ ခရစ်ယာန်အသင်းတော်သည် ယေဟောဝါ၏ရည်ရွယ်တော်မူချက်ပြည့်စုံရေးတွင် အရေးကြီးသောကဏ္ဍမှ ပါဝင်သည်။ သို့သော် ပထမရာစုမှခရစ်ယာန်များသည် ချက်ချင်းပင် ဆန့်ကျင်မှုကြုံခဲ့ရသည်။ သူတို့သည် အသင်းတော်ပြင်ပမှ နှိပ်စက်ညှဉ်းပန်းမှုများနှင့် အသင်းတော်အတွင်းမှ ပို၍သိမ်မွေ့သောအန္တရာယ်များကို ကြံ့ကြံ့ခံလျက် ဘုရားသခင်အပေါ် သမာဓိစောင့်သိနိုင်ကြမည်လော။ ခရစ်ယာန်ဂရိကျမ်းစာစောင်များတွင် လိုအပ်သောအကြံဉာဏ်နှင့်အားပေးချက်များပါသော ကျမ်းစောင် ၂၁ စောင်ပါဝင်သည်။

ရောမကျမ်းမှဟေဗြဲကျမ်းအထိ ကျမ်းစောင်ဆယ့်လေးစောင်ကို တမန်တော်ပေါလုရေးသားခဲ့သည်။ ရရှိသူတစ်ဦးတစ်ယောက်၏အမည် သို့မဟုတ် ရရှိသောအသင်းတော်၏အမည်ပေါ်မူတည်၍ ထိုစာစောင်များကို နာမည်တပ်ထားသည်။ ပေါလု၏စာများတွင်ပါသော အကြောင်းအရာအချို့ကို သုံးသပ်ကြည့်ပါ။

ကိုယ်ကျင့်တရားနှင့်အကျင့်များအတွက် သတိပေးချက်။ မတရားမေထုန်ပြုသူ၊ အိမ်ထောင်ရေးဖောက်ပြန်သူနှင့် အခြားကြီးလေးသောအပြစ်ပြုသူများသည် “ဘုရားသခင့်နိုင်ငံတော်ကို အမွေမခံကြရ။” (ဂလာတိ ၅:၁၉-၂၁; ၁ ကောရိန္သု ၆:၉-၁၁) ဘုရားသခင်ကိုဝတ်ပြုသူများသည် လူမျိုးကွဲပြားသော်ငြား စည်းလုံးမှုရှိရမည်။ (ရောမ ၂:၁၁; ဧဖက် ၄:၁-၆) အကူအညီလိုအပ်နေသော ယုံကြည်သူချင်းများကို ကူညီရန် စေတနာစိတ်နှင့် မိမိတို့ကိုယ်ကိုပေးဆက်သင့်သည်။ (၂ ကောရိန္သု ၉:၇) “မခြားမလပ် ဆုတောင်းကြလော့” ဟုပေါလုပြောဆိုခဲ့သည်။ မှန်ပါသည်၊ ဘုရားသခင်ကိုဝတ်ပြုသူများသည် ယေဟောဝါထံ စိတ်နှလုံးအကြွင်းမဲ့ လှိုက်လှိုက်လှဲလှဲဆုတောင်းဖို့ အားပေးခံရသည်။ (၁ သက်သာလောနိတ် ၅:၁၇; ၂ သက်သာလောနိတ် ၃:၁; ဖိလိပ္ပိ ၄:၆၊ ၇) ဆုတောင်းချက်များကို ဘုရားသခင်နားညောင်းစေရန် ယုံကြည်ခြင်းဖြင့်ဆုတောင်းရမည်။—ဟေဗြဲ ၁၁:၆။

အဘယ်အရာက မိသားစုများကို အောင်မြင်ပျော်ရွှင်စေမည်နည်း။ လင်ယောက်ျားများသည် မိမိကိုယ်ကိုချစ်သကဲ့သို့ ဇနီးကိုချစ်သင့်သည်။ ဇနီးသည် လင်ယောက်ျားကို အလွန်ရိုသေသင့်သည်။ သားသမီးတို့သည် မိဘစကားကို နားထောင်သင့်သည်။ အကြောင်းမှာ ယင်းကို ဘုရားသခင်နှစ်သက်သောကြောင့်ဖြစ်၏။ မိဘတို့သည် သားသမီးများကို ကျမ်းစာမူများသုံးလျက် မေတ္တာဖြင့် လမ်းပြလေ့ကျင့်ပေးဖို့လိုသည်။—ဧဖက် ၅:၂၂-၆:၄; ကောလောသဲ ၃:၁၈-၂၁။

ပေါလု ကျမ်းစာစောင်တွေ ရေးခဲ့တဲ့နေရာတွေကို ပြထားတဲ့ မြေပုံ

ဘုရားသခင့်ရည်ရွယ်တော်မူချက်ကို နားလည်လာခြင်း။ မောရှေပညတ်၏ကဏ္ဍများစွာသည် အစ္စရေးလူမျိုးကို ခရစ်တော်ရောက်ရှိချိန်တိုင် ကာကွယ်စောင့်ရှောက်၍ လမ်းပြပေးသည်။ (ဂလာတိ ၃:၂၄) သို့သော် ခရစ်ယာန်များသည် ဘုရားသခင်ကိုဝတ်ပြုနိုင်ရန် ထိုပညတ်ကိုစောင့်ထိန်းနေဖို့မလိုပေ။ ပေါလုသည် ဂျူးနောက်ခံရှိသော ဟေဗြဲခရစ်ယာန်များထံရေးသောစာတွင် ပညတ်တရား၏အဓိပ္ပာယ်နှင့် ဘုရားသခင့်ရည်ရွယ်တော်မူချက် ခရစ်တော်၌ပြည့်စုံပုံတို့ကို ပို၍နားလည်စေခဲ့သည်။ ပညတ်တရား၏ကဏ္ဍများစွာသည် ပရောဖက်ပြုချက်သဘောဆောင်ကြောင်း ပေါလုရှင်းပြသည်။ ဥပမာ၊ တိရစ္ဆာန်များကိုယဇ်ပူဇော်ခြင်းက အပြစ်များကို အမှန်တကယ်ဖြေလွှတ်ပေးသော ယေရှု၏သေခြင်းပူဇော်သကာကို ကြိုတင်ပုံဆောင်သည်။ (ဟေဗြဲ ၁၀:၁-၄) ဘုရားသခင်သည် ယေရှု၏သေခြင်းအားဖြင့် ပညတ်ပဋိညာဉ်ကို ပယ်ဖျက်ခဲ့သည်၊ အကြောင်းမှာ ယင်းသည် လုံးဝမလိုအပ်တော့၍ဖြစ်၏။—ကောလောသဲ ၂:၁၃-၁၇; ဟေဗြဲ ၈:၁၃။

ပေါလုစာကို ဖတ်ပြနေတာကို နားထောင်နေတဲ့ အစောပိုင်းခရစ်ယာန်တွေ

အသင်းတော်ကို ကောင်းစွာဖွဲ့စည်းစီစဉ်နိုင်ရန် လမ်းညွှန်ခြင်း။ အသင်းတော်တွင် တာဝန်များကိုကိုင်တွယ်လိုသူအမျိုးသားများသည် ကိုယ်ကျင့်တရားကောင်းမွန်သူ၊ ကျမ်းစာပါအရည်အသွေးများကို ပြည့်မီသူဖြစ်ရမည်။ (၁ တိမောသေ ၃:၁-၁၀၊ ၁၂၊ ၁၃; တိတု ၁:၅-၉) ယေဟောဝါဘုရားသခင်ကိုဝတ်ပြုသူများသည် ယုံကြည်သူအချင်းချင်း အားပေးရန် ပုံမှန်စည်းဝေးသင့်သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဝတ်ပြုစည်းဝေးများသည် တည်ဆောက်မှုဖြစ်သင့်ပြီး မှတ်သားဖွယ်ဖြစ်သင့်သည်။—၁ ကောရိန္သု ၁၄:၂၆၊ ၃၁။

တိမောသေထံ ဒုတိယမြောက်စာကိုရေးသားချိန်တွင် ပေါလုသည် ရောမမြို့၌ပြန်ရောက်နေပြီး အကျဉ်းကျနေကာ စီရင်ချက်ကိုစောင့်နေချိန်ဖြစ်သည်။ သတ္တိရှိသူအနည်းစုသာ ပေါလုထံ လာလည်ပတ်ရဲကြသည်။ သူ့အချိန် သိပ်မကျန်တော့ကြောင်း ပေါလုသိသည်။ “ငါသည် တိုက်ပွဲကို ကောင်းစွာတိုက်ခဲ့ပြီ။ ပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်းကိုထိန်းသိမ်းခဲ့ပြီ” ဟုသူပြောသည်။ (၂ တိမောသေ ၄:၇) ထို့နောက် များမကြာမီ၊ ပေါလုသည် ယုံကြည်ခြင်းအတွက် အသတ်ခံခဲ့ရဟန်တူသည်။ သို့သော် သူ၏စာများက ဘုရားသခင်၏စစ်မှန်သောဝတ်ပြုသူများကို ယနေ့တိုင် လမ်းညွှန်ပေးနေဆဲဖြစ်သည်။

—ရောမ; ၁ ကောရိန္သု; ၂ ကောရိန္သု; ဂလာတိ; ဧဖက်; ဖိလိပ္ပိ; ကောလောသဲ; ၁ သက်သာလောနိတ်; ၂ သက်သာလောနိတ်; ၁ တိမောသေ; ၂ တိမောသေ; တိတု; ဖိလေမုန်; ဟေဗြဲကျမ်းကို အခြေခံသည်။

  • ပေါလု၏စာများတွင် ကိုယ်ကျင့်တရား၊ အကျင့်နှင့်ပတ်သက်၍ အဘယ်သတိပေးချက်ပါရှိသနည်း။

  • ဘုရားသခင်၏ရည်ရွယ်တော်မူချက် ခရစ်တော်၌ပြည့်စုံခြင်းကိုနားလည်စေရန် ပေါလု မည်သို့ရှင်းပြခဲ့သနည်း။

  • အသင်းတော်ကို ကောင်းစွာဖွဲ့စည်းစီစဉ်နိုင်ရန် အဘယ်လမ်းညွှန်ချက်ကို ပေါလုပေးခဲ့သနည်း။

ကတိထားရာအမျိုးအနွယ်ကား မည်သူနည်း

အာဒံနှင့်ဧဝ အပြစ်ကျူးလွန်ပြီးနောက် ဘုရားသခင်သည် မြွေကို ပုံဆောင်စကားဖြင့်ဤသို့မိန့်ဆို၏– “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်။” (ကမ္ဘာဦး ၃:၁၅) ကျမ်းစာတွင် စာတန်ကို “မူလမြွေ” အဖြစ် ဖော်ပြထားသည်။ (ဗျာဒိတ် ၁၂:၉) ရာစုနှစ်များ တစ်လျှောက် လျှို့ဝှက်ချက်ဖြစ်ခဲ့သော ဘုရားသခင်၏ကတိထားရာ အမျိုးအနွယ် သို့မဟုတ် ကယ်နုတ်ရှင်သည် မည်သူမည်ဝါဖြစ်ကြောင်း ကျမ်းစာက တဖြည်းဖြည်းချင်းဖော်ပြသည်။

အာဒံနှင့်ဧဝ အပြစ်ကျူးလွန်ပြီးနောက် အနှစ် ၂,၀၀၀ ခန့်ကြာသော် ယေဟောဝါသည် အာဗြဟံ၏သားစဉ်မြေးဆက်မှ ကတိထားရာ အမျိုးအနွယ်ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ (ကမ္ဘာဦး ၂၂:၁၇၊ ၁၈) ရာစုနှစ်များကုန်လွန်ပြီးနောက် တမန်တော်ပေါလုက ထိုအမျိုးအနွယ်၏အဓိကအပိုင်းမှာ မေရှိယဖြစ်သော ယေရှုခရစ်ဖြစ်ကြောင်းဖော်ပြခဲ့သည်။ (ဂလာတိ ၃:၁၆) ကမ္ဘာဦး ၃:၁၅ အရ ယေရှုကွပ်မျက်ခံရချိန်တွင် ကိုယ်တော်သည် ပုံဆောင်သဘောဖြင့် “ဖနောင့်ကိုကြိတ်” ခြင်းခံရသည်။ သို့သော် ဘုရားသခင်သည် ယေရှုကို “နာမ်ဝိညာဉ်အဖြစ်” ထမြောက်စေခဲ့သည်။—၁ ပေတရု ၃:၁၈။

လူပေါင်း ၁၄၄,၀၀၀ သည် အမျိုးအနွယ်၏ဒုတိယအပိုင်းဖြစ်မည်ဟုလည်း ဘုရားသခင်ရည်ရွယ်တော်မူသည်။ (ဂလာတိ ၃:၂၉; ဗျာဒိတ် ၁၄:၁) သူတို့သည် ကောင်းကင်နိုင်ငံတော်တွင် ခရစ်တော်၏အမွေခံဖက်များအဖြစ် နာမ်ဝိညာဉ်အသက်တာသို့ ထမြောက်ကြသည်။ —ရောမ ၈:၁၆၊ ၁၇။

ကောင်းကင်တွင် တန်ခိုးကြီးသောဘုရင်အဖြစ် ယေရှုသည် မကြာမီ စာတန်နှင့် သူ၏အမျိုးအနွယ်ကို ဖယ်ရှားပစ်တော့မည်။ ထိုအမျိုးအနွယ်မှာ စာတန်၏နောက်လိုက် ဆိုးသွမ်းသူများနှင့် နတ်ဆိုးများဖြစ်ကြသည်။ (ယောဟန် ၈:၄၄; ဧဖက် ၆:၁၂) ယေရှု၏အုပ်ချုပ်မှုသည် နာခံမှုရှိသောလူသားအားလုံးအတွက် ငြိမ်းချမ်းမှုနှင့်ရွှင်လန်းမှုကို ဆောင်ကြဉ်းပေးပါလိမ့်မည်။ နောက်ဆုံးတွင် ကိုယ်တော်သည် မြွေ၏ “ခေါင်းကို” ကြိတ်ကာ အပြီးတိုင်ချေမှုန်းပစ်ပေလိမ့်မည်။—ဟေဗြဲ ၂:၁၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ