ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yc သင်ခန်းစာ ၃ စာ. ၈-၉
  • ယေဟောဝါဘုရားကို ယုံကြည်တဲ့ ရာခပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါဘုရားကို ယုံကြည်တဲ့ ရာခပ်
  • ကလေးတွေကို သင်ပေးပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သတင်းတွေကို ရာခပ် နားထောင်ခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သူလျှိုတွေကို ရာခပ် ဝှက်ထား
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • “အကျင့်အားဖြင့် ဖြောင့်မတ်” တဲ့သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ရာခပ်—ယုံကြည်ခြင်းလုပ်ရပ်များအားဖြင့်ဖြောင့်မတ်ရာသို့ရောက်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကလေးတွေကို သင်ပေးပါ
yc သင်ခန်းစာ ၃ စာ. ၈-၉
သူလျှိုတွေ ပုန်းနေတဲ့ ခေါင်မိုးပေါ်ကို ရာခပ် တက်လာ

သင်ခန်းစာ ၃

ယေဟောဝါဘုရားကို ယုံကြည်တဲ့ ရာခပ်

ရှေးခေတ်က ယေရိခေါမြို့ကို တို့တွေ ရောက်နေတယ်လို့ ဆိုပါစို့။ အဲဒီမြို့ဟာ ခါနန်ပြည်မှာရှိတယ်။ အဲဒီမှာ ယေဟောဝါဘုရားကို မယုံကြည်တဲ့သူတွေ နေကြတယ်။ အဲဒီမှာ ရာခပ်ဆိုတဲ့ အမျိုးသမီးလည်း နေတယ်။

သူ ငယ်ငယ်လေးကတည်းက မောရှေအကြောင်း ကြားဖူးတယ်။ မောရှေဟာ ပင်လယ်နီကို နှစ်ခြမ်းခွဲခဲ့တဲ့အကြောင်း၊ အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခဲ့တဲ့အကြောင်းတွေပေါ့။ ပြီးတော့ ရန်သူတွေကို အစ္စရေးတွေ အနိုင်ရအောင် ယေဟောဝါဘုရား ဘယ်လိုကူညီပေးခဲ့တဲ့အကြောင်းကိုလည်း သူကြားဖူးထားတယ်။ အခုတော့ အစ္စရေးတွေ ယေရိခေါမြို့နားမှာ စခန်းချနေတယ် ဆိုပါလား။

ယေဟောဝါဘုရားကို ယုံကြည်လို့ သူလျှိုတွေကို ရာခပ် ကာကွယ်ပေးခဲ့

တစ်ညနေမှာ အစ္စရေးလူနှစ်ယောက် ယေရိခေါမြို့ကို လာစုံစမ်းကြတယ်။ တခြားမြို့တွေဆီသွားပြီး စုံစမ်းတဲ့သူတွေကို သူလျှိုလို့ခေါ်တယ်။ သူတို့ ရာခပ်အိမ်ကို ရောက်သွားတော့ ရာခပ်က အိမ်ထဲ ခေါ်ထားလိုက်တယ်။ ညပိုင်းမှာ ယေရိခေါမင်းကြီးက မြို့ထဲကို သူလျှိုတွေ ရောက်လာပြီး ရာခပ်အိမ်ထဲ ဝင်သွားတယ်လို့ သတင်းရသွားတယ်။ ဒါနဲ့ လူတွေလွှတ်ပြီး သူလျှိုတွေကို သွားဖမ်းခိုင်းတယ်။ ရာခပ်က အဲဒီသူလျှိုတွေကို အိမ်ခေါင်မိုးပေါ်မှာ ဝှက်ထားပြီး မင်းကြီးလွှတ်လိုက်တဲ့လူတွေကို ဒီလိုပြောလိုက်တယ်– ‘သူလျှိုတွေ ရောက်လာတာတော့ မှန်ပါတယ်။ အခုပဲ သူတို့ ထွက်သွားပြီ။ ခုချက်ချင်းလိုက်ရင် သူတို့ကို မီနိုင်တယ်။’ အဲဒီသူလျှိုတွေကို ရာခပ် ဘာလို့ ကာကွယ်ပေးနေတာလဲ သိလား။— ယေဟောဝါဘုရားကို သူ ယုံကြည်လို့ပေါ့။ ဘုရားက အစ္စရေးတွေကို ခါနာန်ပြည် ပေးမယ်လို့လည်း ရာခပ်ယုံတယ်။

ရာခပ်အိမ်ကနေ သူလျှိုတွေ ထွက်မသွားခင် ကတိတစ်ခုပေးခဲ့တယ်။ ယေရိခေါမြို့ ဖျက်ဆီးခံရတဲ့အခါ ရာခပ်နဲ့ သူ့မိသားစု ဘေးကင်းလုံခြုံမယ်ဆိုတဲ့ ကတိပဲ။ ဒါပေမဲ့ ရာခပ်ကို ဘာလုပ်ခိုင်းသလဲ သိလား။— ‘ဒီကြိုးနီကို ပြတင်းပေါက်မှာ ချည်ထားပါ။ ဒါဆိုရင် ခင်ဗျားအိမ်ထဲမှာရှိတဲ့ လူအားလုံး ဘေးကင်းလုံခြုံလိမ့်မယ်’ လို့ သူလျှိုတွေ ပြောသွားတယ်။ သူတို့ပြောတဲ့အတိုင်း ရာခပ်လုပ်ခဲ့တယ်။ ဘာဆက်ဖြစ်သလဲ သိသလား။—

ယေရိခေါမြို့ရိုးပေါ်က ရာခပ်အိမ်ရဲ့ ပြတင်းပေါက်ကနေ အနီရောင်ကြိုး တွဲလောင်းကျနေ

ယေဟောဝါဘုရားက ရာခပ်နဲ့ သူ့မိသားစုကို ကယ်တင်ခဲ့

ရက်အနည်းငယ် ကြာတော့ အစ္စရေးတွေ ယေရိခေါမြို့ကို အသံတိတ် လှည့်ပတ် ချီတက်ကြတယ်။ တစ်ရက်ကို တစ်ပတ်နှုန်းနဲ့ မြို့ကို ခြောက်ရက် လှည့်ပတ်ချီတက်ခဲ့တယ်။ ခုနစ်ရက်မြောက်နေ့မှာတော့ မြို့ကို ခုနစ်ပတ် ပတ်ပြီး ချီတက်တယ်။ အဲဒီနောက် သူတို့အားလုံး အသံအကျယ်ကြီးနဲ့ အော်ပါလေရော။ အဲဒီအခါ ယေဟောဝါဘုရားက မြို့ရိုးပြိုကျသွားအောင် လုပ်လိုက်တယ်။ ဒါပေမဲ့ အနီရောင်ကြိုး တွဲလောင်းကျနေတဲ့ အိမ်ကတော့ မပြိုသွားဘူး။ အဲဒီအိမ်ကို ပုံထဲမှာ တွေ့လား။— ရာခပ်နဲ့ သူ့မိသားစုကတော့ ကယ်တင်ခံခဲ့ရတယ်။

ရာခပ်ဆီကနေ  ဘာသင်ယူနိုင်သလဲ။— ရာခပ်က ယေဟောဝါဘုရား လုပ်ခဲ့တဲ့ အံ့ဖွယ်အမှုတွေအကြောင်း အများကြီး ကြားဖူးတယ်။ ဒါကြောင့် ယေဟောဝါဘုရားကို သူယုံကြည်သွားတယ်။ တို့တွေလည်း ယေဟောဝါဘုရားအကြောင်း အများကြီးသိအောင် သင်ယူရမယ်။ သားတို့သမီးတို့ကော၊ ဘုရားသခင်ကို ရာခပ်လို ယုံကြည်သလား။— ယေဟောဝါဘုရားကို သားတို့သမီးတို့ ယုံတယ်ဆိုတာ သိပါတယ်။

ကျမ်းစာကနေ ဖတ်ကြည့်ပါ

  • ယောရှု ၂:၁-၂၄။ ၆:၁-၅၊ ၁၄၊ ၁၅၊ ၂၀-၂၅

  • ဟီဘရူး ၁၁:၃၁

မေးခွန်းများ–

  • ရာခပ် ငယ်ငယ်တုန်းက ဘာအကြောင်းတွေ ကြားဖူးခဲ့သလဲ။

  • အစ္စရေးသူလျှိုတွေကို ရာခပ် ဘယ်လိုကူညီပေးခဲ့သလဲ။ ဘာဖြစ်လို့ ကူညီပေးတာလဲ။

  • သူလျှိုတွေက ရာခပ်ကို ဘာကတိပေးခဲ့သလဲ။

  • ရာခပ်ဆီကနေ ဘာသင်ယူနိုင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ