ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၂၃ စာ. ၆၀-စာ. ၆၁ ပိုဒ်. ၅
  • ကပေရနောင်မြို့မှာ ကြီးမားတဲ့အမှုဆောင်လုပ်ငန်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကပေရနောင်မြို့မှာ ကြီးမားတဲ့အမှုဆောင်လုပ်ငန်း
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကပေရနောင်မြို့တွင် ထပ်မံပြုသော အံ့ဖွယ်အမှုများ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ယေရှုနှင့်တပည့်များ ဟောပြောခဲ့သည့် တရားဟောရာနေရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဂါလိလဲနယ်မှာ အမှုဆောင်လုပ်ငန်းတိုးချဲ့
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၂၃ စာ. ၆၀-စာ. ၆၁ ပိုဒ်. ၅
ပေတရုရဲ့အိမ်မှာ ဖျားနာသူတွေ စုဝေးလာကြ၊ သူတို့ကို ယေရှု ကုသပေး

အခန်း ၂၃

ကပေရနောင်မြို့မှာ ကြီးမားတဲ့ အမှုဆောင်လုပ်ငန်း

မဿဲ ၈:၁၄-၁၇ မာကု ၁:၂၁-၃၄ လုကာ ၄:၃၁-၄၁

  • ယေရှု နတ်ဆိုးကို နှင်ထုတ်

  • ပေတရုရဲ့ယောက္ခမကို ကုသပေး

ယေရှုဟာ တပည့်လေးဦးဖြစ်တဲ့ ပေတရု၊ အန္ဒြေ၊ ယာကုပ်၊ ယောဟန်တို့ကို လူဖမ်းတဲ့တံငါသည် ဖြစ်စေမယ်လို့ ပြောခဲ့တယ်။ ဥပုသ်နေ့ရောက်တော့ ကပေရနောင်မြို့ တရားဇရပ်ကို သူတို့အားလုံး သွားကြတယ်။ တရားဇရပ်မှာ ယေရှု သွန်သင်ပေးတဲ့အခါ သူ့ရဲ့သွန်သင်ပုံကို လူတွေ အံ့သြကြပြန်တယ်။ သူက ကျမ်းတတ်တွေလို မဟုတ်ဘဲ အခွင့်အာဏာရှိသူ တစ်ယောက်လို သွန်သင်လို့ပဲ။

တရားဇရပ်မှာ နတ်ဆိုးပူးတဲ့သူတစ်ယောက် ရှိနေတယ်။ သူက “နာဇရက်မြို့သား ယေရှု၊ ခင်ဗျားက ကျုပ်တို့နဲ့ ဘာဆိုင်လို့တုံး။ ကျုပ်တို့ကို ဖျက်ဆီးဖို့ လာတာလား။ ခင်ဗျားဟာ ဘုရားဆီက လာတဲ့ သန့်ရှင်းသူဆိုတာ ကျုပ်သိတာပေါ့” လို့အော်ပြောတယ်။ ဒါနဲ့ ယေရှုက “တိတ်စမ်း။ သူ့အထဲကနေ ထွက်သွား” ဆိုပြီး ဝင်ပူးနေတဲ့ နတ်ဆိုးကို ခပ်ထန်ထန် အမိန့်ပေးလိုက်တယ်။—မာကု ၁:၂၄၊ ၂၅။

ဒီအခါ နတ်ဆိုးက အဲဒီလူကို မြေပေါ်လှဲချပစ်ပြီး အသံကုန်အော်တော့တယ်။ ဒါပေမဲ့ သူ့ကို “ဘေးအန္တရာယ်မပြုဘဲ” ထွက်သွားတယ်။ (လုကာ ၄:၃၅) တရားဇရပ်မှာရှိတဲ့ လူတွေလည်း အံ့သြသွားပြီး “ဘယ်လိုကြီးပါလိမ့်။” “အာဏာနဲ့ အမိန့်ပေးလိုက်တာ နတ်ဆိုးတွေတောင် နာခံကြပါလား” လို့ အချင်းချင်းပြောကြတယ်။ (မာကု ၁:၂၇) အဲဒီသတင်းက ဂါလိလဲပြည်တစ်ခွင်လုံး ပျံ့နှံ့သွားတော့တယ်။

ယေရှုနဲ့ တပည့်တွေဟာ တရားဇရပ်ကနေ ထွက်ပြီး ရှိမုန်ပေတရုအိမ်ကို သွားကြတယ်။ အဲဒီမှာ ပေတရုရဲ့ယောက္ခမ အဖျားကြီး နေတဲ့အတွက် ကုသပေးဖို့ အသနားခံကြတယ်။ ဒါနဲ့ ယေရှုက လူနာအနားကို သွား၊ လက်ကိုကိုင်ပြီး ဆွဲထူလိုက်တယ်။ သူ ချက်ချင်း အဖျားပျောက်သွားတဲ့အတွက် ထပြီး ယေရှုနဲ့ တပည့်တွေကို ဧည့်ဝတ်ပြုတယ်။ သူတို့အတွက် အစားအသောက် ပြင်ဆင်ပေးတာ ဖြစ်နိုင်တယ်။

နေဝင်ချိန်ရောက်တဲ့အခါ ရောဂါသည်တွေကို ပေတရုရဲ့အိမ်ကို ခေါ်လာကြတယ်။ တစ်မြို့လုံးနီးပါး အိမ်တံခါးဝမှာ စုဝေးနေကြတယ်။ ဘာအတွက်လဲ။ ရောဂါဝေဒနာတွေ ပျောက်ချင်လို့ပဲ။ “ရောဂါသည်အမျိုးမျိုးကို ခေါ်လာကြတဲ့အတွက် ယေရှုက တစ်ယောက်စီအပေါ် လက်ကို တင်ပြီး ကုသပေးတယ်။” (လုကာ ၄:၄၀) မှန်ပါတယ်၊ ဘယ်လိုရောဂါကိုမဆို ယေရှု ကုသပေးတယ်။ ဒါက ကျမ်းစာကြိုဟောချက် ပြည့်စုံတာပဲ။ (ဟေရှာယ ၅၃:၄) နတ်ဆိုးတွေကိုတောင် နှင်ထုတ်ပေးတယ်။ နတ်ဆိုးတွေက “ခင်ဗျားဟာ ဘုရားသခင်ရဲ့သားပဲ” လို့အော်ဟစ်ပြီး သူတို့ ဝင်ပူးနေတဲ့ လူတွေထဲကနေ ထွက်သွားကြတယ်။ (လုကာ ၄:၄၁) ယေရှုကတော့ စကားတစ်ခွန်းမှ မပြောဖို့ သူတို့ကို ဆုံးမတယ်။ သူဟာ ခရစ်တော်ဖြစ်မှန်း နတ်ဆိုးတွေ သိကြတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ဘုရားကို ဝတ်ပြုချင်ယောင်ဆောင်တာမျိုး ယေရှု မကြိုက်ဘူး။

နတ်ဆိုးပူးခြင်း

တစ်ယောက်ယောက်ကို နတ်ဆိုးပူးတဲ့အခါ အဲဒီလူကို နတ်ဆိုးတွေ အမျိုးမျိုး ဒုက္ခပေးကြတယ်။ (မဿဲ ၁၇:၁၄-၁၈) နတ်ဆိုးထွက်သွားတဲ့အခါမှာတော့ သူ့ရဲ့စိတ်ရော၊ ကိုယ်ခန္ဓာပါ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ ယေရှုဟာ ဘုရားသခင့် စွမ်းအားတော်အားဖြင့် နတ်ဆိုးတွေကို နှင်ထုတ်ပြီး သူ့တန်ခိုးကို အကြိမ်ကြိမ်ပြခဲ့တယ်။—လုကာ ၈:၃၉။ ၁၁:၂၀။

  • ဥပုသ်နေ့ရောက်တော့ ကပေရနောင်မြို့ တရားဇရပ်မှာ ဘာဖြစ်ခဲ့သလဲ။

  • တရားဇရပ်ကနေ ထွက်လာပြီးနောက် ယေရှု ဘယ်ကိုသွားသလဲ။ အဲဒီမှာ သူဘာလုပ်သလဲ။

  • အဲဒီမှာ ယေရှုလုပ်ပေးတာကို လူတွေကြားတော့ ဘာလုပ်ကြသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ