ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၂၄ စာ. ၆၂-စာ. ၆၃ ပိုဒ်. ၇
  • ဂါလိလဲနယ်မှာ အမှုဆောင်လုပ်ငန်းတိုးချဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂါလိလဲနယ်မှာ အမှုဆောင်လုပ်ငန်းတိုးချဲ့
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာပေါ်သို့ယေရှု အဘယ်ကြောင့် ကြွလာခဲ့သနည်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • က၇-ဂ ယေရှုရဲ့ မြေကြီးအသက်တာ အဓိကဖြစ်ရပ်များ—ဂါလိလဲနယ်မှာ ယေရှုရဲ့ အမှုဆောင်လုပ်ငန်းကြီး (အပိုင်း ၁)
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ယေဟောဝါ၏ ဝတ်ပြုကိုးကွယ်ရေးအတွက် ထက်သန်သောစိတ်ဓာတ်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ပရောဖက်ပြုချက်တွေကို ပြည့်စုံစေတဲ့ မေရှိယ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၂၄ စာ. ၆၂-စာ. ၆၃ ပိုဒ်. ၇
ပေတရု၊ အန္ဒြေ၊ ယာကုပ်နဲ့ ယောဟန်တို့ ယေရှုကိုတွေ့

အခန်း ၂၄

ဂါလိလဲနယ်မှာ အမှုဆောင်လုပ်ငန်း တိုးချဲ့

မဿဲ ၄:၂၃-၂၅ မာကု ၁:၃၅-၃၉ လုကာ ၄:၄၂၊ ၄၃

  • ယေရှုနဲ့ တပည့်လေးယောက် ဂါလိလဲနယ်တစ်လျှောက် လှည့်လည်

  • သူ့ရဲ့ ဟောပြောခြင်းလုပ်ငန်းနဲ့ လုပ်ဆောင်မှုတွေအကြောင်း လူသိများလာ

ယေရှုဟာ ကပေရနောင်မြို့မှာ တပည့်လေးယောက်နဲ့အတူ တစ်နေ့လုံး အလုပ်များနေတယ်။ ညနေပိုင်းရောက်တော့ မြို့သားတွေက လူနာတွေကို သူ့ဆီ ခေါ်လာကြတယ်။ ဒါကြောင့် တစ်ယောက်တည်းနေဖို့တောင် အချိန်မရှိသလောက်ပဲ။

နောက်နေ့မနက် မိုးမလင်းခင် ယေရှု ခပ်စောစောထပြီး တစ်ယောက်တည်း ထွက်သွားတယ်။ လူမရှိတဲ့ နေရာကို ရှာပြီး သူ့အဖေဆီ ဆုတောင်းတယ်။ ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး။ ယေရှုမရှိမှန်း သိတာနဲ့ “ရှိမုန်နဲ့ အပေါင်းပါတွေ” လိုက်ရှာကြတော့တယ်။ ယေရှုက ရှိမုန်ပေတရုအိမ်မှာ တည်းတာဆိုတော့ သူက ဦးဆောင်ပြီးရှာတာ ဖြစ်နိုင်တယ်။—မာကု ၁:၃၆။ လုကာ ၄:၃၈။

ယေရှုကို ရှာတွေ့တာနဲ့ ပေတရုက “ဆရာ့ကို လူတွေ ရှာနေတယ်” လို့ပြောတယ်။ (မာကု ၁:၃၇) မြို့သားတွေက ယေရှုကို ကပေရနောင်မြို့မှာပဲ ဆက်နေစေချင်တယ်။ ယေရှုလုပ်ပေးတာတွေကို ကျေးဇူးတင်လေးမြတ်တဲ့အတွက် “သူတို့ဆီကနေ ထွက်မသွားဖို့” တောင်းပန်ကြတယ်။ (လုကာ ၄:၄၂) ဒါပေမဲ့ ယေရှု မြေကြီးပေါ်လာရတဲ့ အဓိကရည်ရွယ်ချက်က ဒီလို အံ့ဖွယ်ကုသမှုတွေ လုပ်ပေးဖို့လား။ သူ့ရဲ့လုပ်ငန်းကို ဒီဒေသမှာပဲ လုပ်နေတော့မှာလား။ အဲဒါနဲ့ပတ်သက်ပြီး ယေရှုဘာပြောသလဲ။

ပေတရု၊ အန္ဒြေ၊ ယာကုပ်၊ ယောဟန်တို့နဲ့ စကားပြောနေရင်း အနီးအနားမြို့ကို ယေရှုညွှန်ပြနေ

ယေရှုက “အနီးအနား မြို့ရွာတွေကို သွားဟောကြရအောင်။ ဒီအတွက်ပဲ ကျွန်တော်လာတာ” လို့တပည့်တွေကို ပြောတယ်။ ဒါ့အပြင် သူ့ကို အဲဒီမှာ ဆက်နေစေချင်တဲ့ လူတွေကို “ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို တခြားမြို့ရွာတွေမှာလည်း ဟောရဦးမယ်။ အဲဒီအတွက် ကျွန်တော့်ကို စေလွှတ်လိုက်တာ” လို့ပြောတယ်။—မာကု ၁:၃၈။ လုကာ ၄:၄၃။

မှန်ပါတယ်၊ ယေရှု မြေကြီးပေါ်လာရတဲ့ အဓိကရည်ရွယ်ချက်က ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောဖို့ပါ။ ဒီနိုင်ငံတော်က သူ့ဖခင်ရဲ့ နာမတော်ကို သန့်ရှင်းမြင့်မြတ်စေပြီး လူသားအားလုံးရဲ့ ရောဂါဝေဒနာတွေကို အမြစ်ပြတ် ပျောက်ကင်းစေပါလိမ့်မယ်။ ယေရှုက သူ့ကို ဘုရားစေလွှတ်ကြောင်း သက်သေထူဖို့ အံ့ဖွယ်ကုသမှုတွေ လုပ်ပြတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းကလည်း မောရှေဟာ သူ့ကို ဘုရားစေလွှတ်ကြောင်း သက်သေထူဖို့ အံ့ဖွယ်အမှုတွေ လုပ်ပြခဲ့တယ်။—ထွက်မြောက်ရာ ၄:၁-၉၊ ၃၀၊ ၃၁။

ဒါကြောင့် ယေရှုဟာ ကပေရနောင်မြို့ကနေ ထွက်သွားပြီး တခြားမြို့ရွာတွေမှာ တပည့်လေးယောက်နဲ့အတူ ဟောပြောတယ်။ သူတို့ကတော့ ပေတရု၊ သူ့ညီအန္ဒြေ၊ ယောဟန်နဲ့ သူ့အစ်ကိုယာကုပ်တို့ပေါ့။ ယေရှုရဲ့ ခရီးသွားဖော်တွေအဖြစ် အရင်တစ်ပတ်တုန်းက သူတို့ကို ဦးဆုံးဖိတ်ခေါ်ခဲ့တာ။

ယေရှုနဲ့ တပည့်လေးယောက်ရဲ့ ဂါလိလဲပြည် ဟောပြောခြင်း ခရီးစဉ်ဟာ သိပ်အောင်မြင်ခဲ့တယ်။ ယေရှုနဲ့ပတ်သက်တဲ့ သတင်းဟာ နေရာအနှံ့ ပျံ့သွားတယ်။ “ဆီးရီးယားတစ်ပြည်လုံး၊” ဒေကာပေါလိနယ်လို့ခေါ်တဲ့ မြို့ဆယ်မြို့ရှိတဲ့ဒေသနဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဒေသတွေကိုပါ ပျံ့နှံ့သွားတယ်။ (မဿဲ ၄:၂၄၊ ၂၅) အဲဒီဒေသတွေအပြင် ယုဒနယ်က လူတွေ တစ်ပြုံကြီး ယေရှုနဲ့ တပည့်တွေနောက်ကို လိုက်လာကြတယ်။ ရောဂါအမျိုးမျိုး စွဲကပ်နေသူတွေကိုလည်း ခေါ်လာကြတယ်။ သူတို့စိတ်ပျက်အောင် ယေရှု မလုပ်ခဲ့ဘူး။ ဖျားနာသူတွေကို ကုသပေးပြီး နတ်ဆိုးတွေကို နှင်ထုတ်ပေးတယ်။

  • ကပေရနောင်မြို့မှာ ယေရှု တစ်နေ့လုံး အလုပ်များနေပြီး နောက်နေ့မနက်မှာ ဘာဖြစ်ခဲ့သလဲ။

  • ယေရှုကို မြေကြီးပေါ် ဘာကြောင့် စေလွှတ်ရတာလဲ။ အံ့ဖွယ်အမှုတွေကို ဘာရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလဲ။

  • ဂါလိလဲပြည် ဟောပြောခြင်းခရီးစဉ်မှာ ယေရှုနဲ့အတူ ဘယ်သူတွေ ပါသလဲ။ သူ့လုပ်ငန်း ဘယ်လောက်ထိ အောင်မြင်ခဲ့သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ