ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၄၅ စာ. ၁၁၄-စာ. ၁၁၅ ပိုဒ်. ၃
  • နတ်ဆိုးအများကြီးကိုအောင်နိုင်တဲ့တန်ခိုး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နတ်ဆိုးအများကြီးကိုအောင်နိုင်တဲ့တန်ခိုး
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖြစ်နိုင်ဖွယ်မရှိသော တပည့်တော်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • နတ်ဆိုးတွေကိုနိုင်တဲ့ ယေရှုရဲ့ တန်ခိုး
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ဘယ်သူ့တန်ခိုးနဲ့ အံ့ဖွယ်အမှုတွေလုပ်တာလဲ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ကောင်းကင်တမန်တွေနဲ့ပတ်သက်တဲ့ အမှန်တရား
    သမ္မာကျမ်းစာ သွန်သင်ရာများ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၄၅ စာ. ၁၁၄-စာ. ၁၁၅ ပိုဒ်. ၃
နတ်ဆိုးအများကြီးဝင်ပူးနေတဲ့လူ ယေရှုဆီပြေးလာ

အခန်း ၄၅

နတ်ဆိုးအများကြီးကို အောင်နိုင်တဲ့ တန်ခိုး

မဿဲ ၈:၂၈-၃၄ မာကု ၅:၁-၂၀ လုကာ ၈:၂၆-၃၉

  • နတ်ဆိုးတွေကို ဝက်အုပ်ထဲ နှင်ထုတ်

တပည့်တွေဟာ ဂါလိလဲအိုင်မှာ မုန်တိုင်းဒဏ် အလူးအလဲခံရပြီးနောက် ကမ်းတစ်ဖက်ကို ရောက်လာတဲ့အခါ ထိတ်လန့်တုန်လှုပ်စရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရတယ်။ အရမ်းကြောက်စရာကောင်းတဲ့ နတ်ဆိုးစွဲသူနှစ်ယောက် သင်္ချိုင်းဂူတွေကြားထဲကနေ ထွက်လာပြီး ယေရှုဆီ ပြေးလာတယ်။ သူတို့ထဲမှာ တစ်ယောက်က ပိုကြမ်းတမ်းတဲ့အပြင် နတ်ဆိုးပူးတာလည်း ပိုကြာနေတဲ့ပုံပဲ။ ဒါကြောင့် သူ့အကြောင်းကိုပဲ အလေးပေး ပြောထားတာ။

သနားစရာကောင်းတဲ့ အဲဒီလူဟာ အဝတ်လည်းမဝတ်၊ “သင်္ချိုင်းတစပြင်နဲ့ တောင်ပေါ်မှာ နေ့နေ့ညည အော်ဟစ်ပြီး ကိုယ်ကို ကျောက်စောင်းနဲ့ရှအောင် လုပ်တတ်တယ်။” (မာကု ၅:၅) ကြမ်းတမ်းလွန်းလို့ အဲဒီလမ်းကို ဘယ်သူမှ မဖြတ်ရဲဘူး။ သူ့ကို သံကြိုးနဲ့ချည်ထားလည်း သံကြိုးကို ဆွဲဖြတ်၊ ခြေချင်းကို အပိုင်းပိုင်း ဖြတ်ပစ်တယ်။ သူ့ကို ဖမ်းချုပ်ထားနိုင်သူ တစ်ယောက်မှ မရှိဘူး။

သူက ယေရှုရှေ့မှာ လာဒူးထောက်တဲ့အခါ သူ့ကို ဝင်ပူးနေတဲ့ နတ်ဆိုးက “အမြင့်ဆုံးဘုရားသခင်ရဲ့ သားတော် ယေရှု၊ ခင်ဗျားက ကျုပ်နဲ့ ဘာဆိုင်လို့တုံး။ ကျုပ်ကို ဒဏ်မခတ်ဘူးလို့ ဘုရားသခင်ကို တိုင်တည်ပြီး ကျိန်ဆိုပါ” လို့အော်ပြောတယ်။ ယေရှုကလည်း နတ်ဆိုးတွေကိုအောင်နိုင်တဲ့ တန်ခိုးရှိကြောင်း ပြတဲ့အနေနဲ့ “နတ်ဆိုး၊ သူ့အထဲကနေ ထွက်စမ်း” ဆိုပြီး အမိန့်ပေးလိုက်တယ်။—မာကု ၅:၇၊ ၈။

တကယ်တော့ သူ့ထဲမှာ နတ်ဆိုးအများကြီး ဝင်ပူးနေတာ။ “မင်းနာမည် ဘာလဲ” လို့ ယေရှု မေးတဲ့အခါ “ကျုပ်နာမည် တပ်ဖွဲ့လို့ခေါ်တယ်။ ကျုပ်တို့ဟာ အလုံးအရင်းကြီးပါ” လို့ပြန်ဖြေတယ်။ (မာကု ၅:၉) ရောမတပ်ဖွဲ့တစ်ဖွဲ့မှာ ထောင်နဲ့ချီတဲ့ စစ်သားတွေ ရှိတယ်။ အဲဒီလိုပဲ သူ့အထဲဝင်ပူးနေတဲ့ နတ်ဆိုးတွေကလည်း အများကြီးပဲ။ အုပ်စုလိုက်ဝင်ပြီး ဒုက္ခပေးရတာကို ပျော်နေကြတာဖြစ်မယ်။ နတ်ဆိုးတွေက “တွင်းနက်ကြီးထဲ မနှင်ချဖို့” ယေရှုကို တောင်းပန်ကြတယ်။ အနာဂတ်မှာ သူတို့နဲ့ သူတို့ရဲ့ ခေါင်းဆောင်ကြီး စာတန် ဘာဖြစ်မယ်ဆိုတာ သိထားကြပုံပဲ။—လုကာ ၈:၃၁။

ဝက်တစ်အုပ်လုံး ကမ်းပါးပေါ်ကနေ ရေထဲ တစ်ဟုန်ထိုးဆင်းကြ

အနီးအနားမှာ ဝက် ၂,၀၀၀ လောက် ကျက်စားနေတယ်။ ဝက်တွေဟာ ပညတ်တရားအရ မသန့်ရှင်းတဲ့ တိရစ္ဆာန်တွေဖြစ်လို့ ဂျူးတွေက ဝက်မမွေးကြဘူး။ နတ်ဆိုးတွေက “ကျုပ်တို့ကို ဒီဝက်အုပ်ထဲ ဝင်ခွင့်ပြုပါ” လို့တောင်းပန်တယ်။ (မာကု ၅:၁၂) ယေရှုခွင့်ပြုလိုက်တော့ နတ်ဆိုးတွေက ဝက်တွေထဲ ဝင်ပူးတဲ့အတွက် ၂,၀၀၀ လောက်ရှိတဲ့ ဝက်အုပ်ဟာ ကမ်းပါးပေါ်ကနေ တစ်ဟုန်ထိုးဆင်းပြီး ရေနစ်သေကုန်တယ်။

ဝက်ကျောင်းတဲ့ လူတွေလည်း မြို့ရွာတွေဆီ အပြေးအလွှား သွားပြောပြတဲ့အခါ လူတွေက ဘာများဖြစ်သလဲ ဆိုပြီး လာကြည့်ကြတယ်။ သူတို့ရောက်လာတော့ နတ်ဆိုးစွဲဖူးတဲ့သူဟာ ပုံမှန် စိတ်အခြေအနေအတိုင်း ပြန်ဖြစ်နေတာကို မြင်လိုက်ရတယ်။ သူက အဝတ်ဝတ်ပြီး ယေရှုခြေရင်းမှာ ထိုင်နေတယ်။

ယေရှုက နတ်ဆိုးစွဲဖူးသူကို အိမ်ပြန်ပြီး ဆွေမျိုးတွေကို အကြောင်းစုံပြောပြခိုင်း

သူ့အကြောင်းကြားဖူး၊ မြင်ဖူးတဲ့လူတွေ ကြောက်လန့်သွားကြတယ်။ ဒီဒေသမှာ ယေရှု ဘာများထပ်လုပ်ဦးမလဲဆိုပြီး စိတ်ပူလာကြတယ်။ ဒါကြောင့် ဒီနယ်ကနေ ထွက်သွားပါဆိုပြီး တောင်းဆိုတယ်။ ယေရှုလည်း လှေပေါ်တက်ပြီး ထွက်မယ်အလုပ်မှာ နတ်ဆိုးစွဲဖူးသူက အတူလိုက်ခွင့်ပြုပါလို့ တောင်းပန်တယ်။ ဒါပေမဲ့ ယေရှုက ခွင့်မပြုဘဲ “ဆွေမျိုးသားချင်းတွေရှိရာ အိမ်ကို ပြန်ပြီး ခင်ဗျားအတွက် ယေဟောဝါဘုရား လုပ်ပေးခဲ့တာတွေ၊ ကရုဏာပြခဲ့တာတွေကို ပြောပြပါ” လို့မှာတယ်။—မာကု ၅:၁၉။

ခါတိုင်းဆိုရင် ယေရှုက သူကုသပေးတဲ့သူတွေကို ဘယ်သူ့ကိုမှ ပြန်မပြောဖို့ မှာလေ့ရှိတယ်။ ထူးဆန်းတဲ့ သတင်းတွေပေါ် အခြေခံပြီး ကောက်ချက်ချတာမျိုး မဖြစ်စေချင်လို့ပဲ။ ဒါပေမဲ့ အခုတစ်ခါမှာတော့ နတ်ဆိုးစွဲခဲ့ဖူးသူဟာ ယေရှုရဲ့တန်ခိုးအကြောင်း ပြောပြနိုင်တဲ့ သက်ရှိအထောက်အထားဖြစ်တယ်။ ယေရှုကိုယ်တိုင် မသွန်သင်ပေးနိုင်တဲ့ လူတွေကို သူသက်သေခံနိုင်တယ်။ ဝက်အုပ် သေသွားတာနဲ့ ပတ်သက်တဲ့ မဟုတ်မမှန် သတင်းတွေကိုလည်း သူချေဖျက်ပေးနိုင်တယ်။ ဒါနဲ့ သူပြန်သွားပြီး သူ့အတွက် ယေရှုလုပ်ပေးခဲ့တာတွေကို ဒေကာပေါလိနယ် တစ်ခုလုံးမှာ ပြောပြတယ်။

  • နတ်ဆိုးစွဲသူ နှစ်ယောက်ထဲက တစ်ယောက်အကြောင်းကိုပဲ ဘာဖြစ်လို့ အလေးပေး ပြောသလဲ။

  • အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး နတ်ဆိုးတွေ ဘာသိထားကြသလဲ။

  • ယေရှုက သူလုပ်ပေးခဲ့တာနဲ့ ပတ်သက်ပြီး တခြားသူတွေကို ပြောပြဖို့ နတ်ဆိုးစွဲဖူးသူကို ဘာကြောင့် မှာသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ