ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၉၃ စာ. ၂၁၈-စာ. ၂၁၉ ပိုဒ်. ၃
  • လူသားပေါ်ထွန်းမယ့်အချိန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူသားပေါ်ထွန်းမယ့်အချိန်
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူသား ပေါ်ထွန်းတော်မူသောအခါ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • လူသား ပေါ်ထွန်းတော်မူသောအခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ လူ့စိတ်ထဲမှာ ရှိတဲ့အရာလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • နိမိတ်အကြောင်း တမန်တော်တွေမေးကြ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၉၃ စာ. ၂၁၈-စာ. ၂၁၉ ပိုဒ်. ၃
နောဧသင်္ဘော ပေါလောပေါ်နေ

အခန်း ၉၃

လူသားပေါ်ထွန်းမယ့်အချိန်

လုကာ ၁၇:၂၀-၃၇

  • နိုင်ငံတော်က သူတို့အလယ်မှာရှိ

  • ယေရှုပေါ်ထွန်းတဲ့ အချိန်က ဘာနဲ့တူမလဲ

ရှမာရိပြည် ဒါမှမဟုတ် ဂါလိလဲပြည်မှာ ယေရှု ရှိနေတုန်းပဲ။ အခု ဖာရိရှဲတွေက နိုင်ငံတော်လာမယ့်အကြောင်းနဲ့ ပတ်သက်ပြီး မေးကြတယ်။ ကြီးကျယ်ခမ်းနားတဲ့နည်းနဲ့ လာမယ်လို့ သူတို့ ထင်နေတာ။ ဒါပေမဲ့ ယေရှုက “ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ ထင်ရှားမြင်သာတဲ့နည်းနဲ့ လာမှာမဟုတ်ဘူး။ ‘ဒီမှာ’ ‘ဟိုမှာ’ ဆိုပြီး လူတွေပြောကြမှာ မဟုတ်ဘူး။ တကယ်တော့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ ခင်ဗျားတို့အလယ်မှာ ရှိနေတယ်” လို့ဖြေတယ်။—လုကာ ၁၇:၂၀၊ ၂၁။

ဘုရားကျေးကျွန်တွေရဲ့ စိတ်နှလုံးထဲမှာ နိုင်ငံတော်ရှိတယ်လို့ ယေရှုပြောနေတာဆိုပြီး တချို့ယူဆကြတယ်။ ဒါပေမဲ့ ယေရှုနဲ့ စကားပြောနေတဲ့ ဖာရိရှဲတွေရဲ့ စိတ်နှလုံးထဲမှာ နိုင်ငံတော်ရှိတယ်ဆိုတာ မဖြစ်နိုင်ဘူး။ တကယ်တော့ ဘုရားနိုင်ငံတော်ရဲ့ ခန့်အပ်ခံဘုရင် ယေရှုကိုယ်တိုင် သူတို့အလယ်မှာ ရှိနေတဲ့အတွက် နိုင်ငံတော်ဟာ သူတို့အလယ်မှာ ရှိတယ်လို့ ပြောနိုင်တယ်။—မဿဲ ၂၁:၅။

ဖာရိရှဲတွေ ထွက်သွားပြီးနောက်ဖြစ်မယ်၊ ယေရှုက နိုင်ငံတော်လာမယ့်အကြောင်းနဲ့ ပတ်သက်တဲ့ ထပ်ဆင့် အချက်အလက်တွေကို တပည့်တွေကို ပြောပြတယ်။ နိုင်ငံတော်အာဏာနဲ့ သူရောက်ရှိခြင်းအကြောင်း အခုလို ဦးဆုံး သတိပေးတယ်– “လူသားကို ခင်ဗျားတို့နဲ့အတူ ရှိစေချင်တဲ့နေ့တွေ ရောက်လာလိမ့်မယ်။ ဒါပေမဲ့ အဲဒီနေ့တွေကို ကြုံရမှာ မဟုတ်ဘူး။” (လုကာ ၁၇:၂၂) လူသားရဲ့အုပ်ချုပ်မှုဟာ အနာဂတ်မှာဖြစ်မယ်ဆိုပြီး ယေရှု ဖော်ပြနေတာ။ အဲဒီအချိန်မရောက်ခင် တပည့်တချို့က လူသားရောက်လာဖို့ ထက်ထက်သန်သန် မျှော်လင့်နေကြတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ လူသားရောက်လာဖို့ ဘုရားသတ်မှတ်ထားတဲ့ အချိန်ထိ သူတို့ ဆက်စောင့်နေရမယ်။

ယေရှု အခုလို ဆက်ပြောတယ်– “လူတွေက ‘ဒီမှာရှိတယ်’ ‘ဟိုမှာရှိတယ်’ လို့ပြောရင် သူတို့နောက် လိုက်မသွားပါနဲ့။ လျှပ်စီးလက်တဲ့အခါ ကောင်းကင် ဒီဘက်စွန်းကနေ ဟိုဘက်စွန်းအထိ လင်းလက်သွားသလို လူသားပေါ်ထွန်းတဲ့အခါ ဖြစ်လိမ့်မယ်။” (လုကာ ၁၇:၂၃၊ ၂၄) မေရှိယ အတုအယောင်တွေနောက် တပည့်တွေ မပါသွားအောင် ဘာက ကာကွယ်ပေးမလဲ။ လျှပ်စီးလက်တဲ့အခါ နေရာအတော်များများကနေ မြင်ရသလို မေရှိယ အစစ်အမှန် ရောက်လာတဲ့အခါလည်း အဲဒီလိုဖြစ်မယ်လို့ ယေရှုပြောနေတာ။ သတိရှိရှိ စောင့်ကြည့်နေသူအားလုံးက နိုင်ငံတော်အာဏာနဲ့ ယေရှုရောက်နေပြီဆိုတဲ့ အထောက်အထားကို ရှင်းရှင်းလင်းလင်း မြင်ရပါလိမ့်မယ်။

အဲဒီအနာဂတ်အချိန်မှာ လူတွေရဲ့သဘောထား ဘယ်လို ရှိမယ်ဆိုတာဖော်ပြဖို့ ရှေးခေတ် အဖြစ်အပျက်တွေနဲ့ အခုလို နှိုင်းယှဉ်ပြတယ်– “နောဧလက်ထက်မှာ ဖြစ်သလို လူသားပေါ်ထွန်းချိန်မှာ ဖြစ်လိမ့်မယ်။ . . . လောတလက်ထက်မှာလည်း လူတွေက စားသောက်လိုက်၊ ရောင်းဝယ်လိုက်၊ စိုက်ပျိုးလိုက်၊ အိမ်ဆောက်လိုက် လုပ်နေကြတယ်။ သောဒုံမြို့ကနေ လောတထွက်သွားတဲ့နေ့မှာ ကောင်းကင်ကနေ ကန့်နဲ့မီး ရွာကျပြီး သူတို့အားလုံး ပျက်စီးသွားတယ်။ လူသားပေါ်ထွန်းချိန်မှာလည်း အဲဒီလိုပဲ ဖြစ်လိမ့်မယ်။”—လုကာ ၁၇:၂၆-၃၀။

နောဧလက်ထက်နဲ့ လောတလက်ထက်မှာရှိတဲ့ လူတွေက စားသောက်၊ ရောင်းဝယ်၊ စိုက်ပျိုး၊ အိမ်ဆောက်တာလိုမျိုး နေ့စဉ် လုပ်ငန်းဆောင်တာတွေလုပ်လို့ ဖျက်ဆီးခံရတာဆိုပြီး ယေရှုပြောနေတာ မဟုတ်ဘူး။ နောဧမိသားစုနဲ့ လောတမိသားစုလည်း အဲဒီအလုပ်တချို့ကို လုပ်ခဲ့ကြတာပဲ။ ဒါပေမဲ့ တခြားလူတွေကျတော့ ဘုရားအလိုတော်ကို အာရုံမစိုက်နိုင်တဲ့အထိ အဲဒါတွေနဲ့ လုံးပန်းနေပြီး သူတို့ အသက်ရှင်နေတဲ့ အချိန်ကာလကို လျစ်လျူရှုထားကြတယ်။ ဒါကြောင့် ယေရှုက ဘုရားအလိုတော်ကို အာရုံစိုက်ဖို့၊ ဘုရားအလိုတော်ဆောင်ရာမှာ အလုပ်များနေဖို့ တပည့်တွေကို တိုက်တွန်းနေတာ။ ဒီလိုနည်းနဲ့ အနာဂတ်မှာ ဘုရားသခင် ဖျက်ဆီးတဲ့အခါ အသက်ရှင် လွတ်မြောက်နိုင်မယ့် နည်းလမ်းကို ပြပေးနေတာ ဖြစ်တယ်။

လောတမိန်းမ ဆားတိုင်ဖြစ်သွား

တပည့်တွေဟာ သူတို့ ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေ၊ ဥစ္စာ “ပစ္စည်းတွေ” ကြောင့် အာရုံလွဲသွားတာမျိုး မဖြစ်ဖို့ သတိပြုရမယ်။ ယေရှု အခုလိုပြောတယ်– “အဲဒီအချိန်ရောက်ရင် အိမ်မိုးပေါ်မှာရှိတဲ့သူက အိမ်ထဲကပစ္စည်းတွေယူဖို့ မဆင်းလာနဲ့။ လယ်ထဲရောက်နေတဲ့သူလည်း ပစ္စည်းတွေယူဖို့ အိမ်မပြန်နဲ့။ လောတရဲ့ဇနီးကို သတိရကြပါ။” (လုကာ ၁၇:၃၁၊ ၃၂) လောတရဲ့ဇနီးဟာ ဆားတိုင်ဖြစ်သွားတယ်။

ဘုရင်အနေနဲ့ လူသားအုပ်ချုပ်တဲ့ အချိန်မှာ ဘယ်လို အခြေအနေ ရှိမယ်ဆိုတာ အခုလို ဆက်ပြောတယ်– “အဲဒီညမှာ အိပ်ရာထဲ နှစ်ယောက်အတူ အိပ်နေရင် တစ်ယောက်ကို ခေါ်သွားပြီး တစ်ယောက်ကို ထားရစ်ခဲ့လိမ့်မယ်။” (လုကာ ၁၇:၃၄) ဒါကြောင့် တချို့က ကယ်တင်ခံရပြီး တချို့က အသက်ဆုံးရှုံးမယ်၊ တစ်နည်းအားဖြင့် ကျန်ရစ်ခဲ့ရလိမ့်မယ်။

အဲဒီအခါ တပည့်တွေက “သခင်၊ ဘယ်နေရာမှာ အဲဒီလိုဖြစ်မှာလဲ” လို့မေးတော့ ယေရှုက “အသေကောင်ရှိတဲ့နေရာမှာ လင်းယုန်ငှက်တွေ စုဝေးကြလိမ့်မယ်” လို့ပြန်ဖြေတယ်။ (လုကာ ၁၇:၃၇) ကယ်တင်ခံရသူတွေဟာ အမြင်အာရုံ စူးရှတဲ့ လင်းယုန်တွေနဲ့ တူတယ်။ သူတို့က ခရစ်တော် အစစ်အမှန်ဖြစ်တဲ့ လူသားဆီ စုဝေးလာကြလိမ့်မယ်။ အဲဒီအနာဂတ်အချိန်မှာ ယေရှုက သစ္စာရှိတပည့်တွေကို အသက်ရစေတဲ့ အမှန်တရား သွန်သင်ပေးပါလိမ့်မယ်။

  • နိုင်ငံတော်ဟာ ဘယ်လိုနည်းနဲ့ ဖာရိရှဲတွေရဲ့ အလယ်မှာ ရှိနေသလဲ။

  • ခရစ်တော်ရောက်ရှိခြင်းက လျှပ်စီးလက်တာနဲ့ ဘယ်လို တူမလဲ။

  • လူသားရောက်ရှိချိန်မှာ တပည့်တွေ ဘာကြောင့် သတိရှိနေရမလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ