ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၁၀၀ စာ. ၂၃၂-စာ. ၂၃၃ ပိုဒ်. ၂
  • ပေါလုနဲ့ တိမောသေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပေါလုနဲ့ တိမောသေ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တိမောသေ—အမှုဆောင်ရန် အဆင်သင့်ရှိပြီး အမှုဆောင်လိုစိတ် ရှိသူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • လူတွေကို ကူညီပေးချင်တဲ့ တိမောသေ
    ကလေးတွေကို သင်ပေးပါ
  • တိမောသေ—“ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • “သခင်၌သစ္စာရှိသော ငါ၏ချစ်သား”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၁၀၀ စာ. ၂၃၂-စာ. ၂၃၃ ပိုဒ်. ၂
ပေါလု၊ သိလနဲ့ တိမောသေ

သင်ခန်းစာ ၁၀၀

ပေါလုနဲ့ တိမောသေ

ဥနိတ်၊ လောအိနဲ့ တိမောသေလေး

တိမောသေဟာ လုတ္တရမြို့က ညီအစ်ကိုလေးတစ်ယောက် ဖြစ်တယ်။ အဖေက ဂရိလူမျိုး၊ အမေက ဂျူး။ မိခင်ဖြစ်သူ ဥနိတ်နဲ့ အဘွား လောအိတို့က တိမောသေကို ငယ်ငယ်လေးကတည်းက ယေဟောဝါအကြောင်း သင်ပေးခဲ့တယ်။

ပေါလုရဲ့ ဒုတိယ သာသနာပြုခရီးစဉ်မှာ လုတ္တရမြို့ကို ရောက်လာတော့ ညီအစ်ကိုညီအစ်မတွေကို တကယ်ချစ်တဲ့၊ ကူညီပေးချင်တဲ့ တိမောသေကို တွေ့လိုက်တယ်။ ဒါနဲ့ သူနဲ့လိုက်ခဲ့ဖို့ ဖိတ်ခေါ်တယ်။ တိမောသေကို လေ့ကျင့်ပေးပြီးတဲ့အခါ သူဟာ တကယ်တော်တဲ့ ဟောပြောသွန်သင်သူ ဖြစ်လာတယ်။

သန့်ရှင်းသောစွမ်းအားတော်က ပေါလုနဲ့ တိမောသေကို ခရီးတစ်လျှောက် လမ်းပြပေးတယ်။ တစ်ညမှာ စိတ်အာရုံထဲက လူတစ်ယောက်ဟာ မက်ဆီဒိုးနီးယားပြည်ကို လာပြီးကူညီပေးဖို့ ပေါလုကို ဖိတ်ခေါ်တယ်။ ဒါနဲ့ ပေါလု၊ တိမောသေ၊ သိလနဲ့ လုကာတို့ဟာ အဲဒီကိုသွားပြီး ဟောပြောတယ်၊ အသင်းတော်တွေ ဖွဲ့စည်းတယ်။

မက်ဆီဒိုးနီးယားပြည်၊ သက်သာလောနိတ်မြို့မှာ လူအတော်များများ ခရစ်ယာန်တွေ ဖြစ်လာတယ်။ ဒါပေမဲ့ ဂျူးတချို့က ပေါလုနဲ့ သူ့အဖော်တွေကို မနာလိုဖြစ်ပြီး ဆူပူထကြွဖို့ လူအုပ်ဖွဲ့တယ်။ ပြီးတော့ ညီအစ်ကိုတွေကို မြို့အရာရှိတွေဆီ ဆွဲခေါ်သွားပြီး ‘ဒီလူတွေဟာ ရောမအစိုးရရဲ့ ရန်သူတွေ’ လို့ ပြောတယ်။ ပေါလုနဲ့ တိမောသေဟာ အသက်အန္တရာယ်ကြုံရလို့ ညတွင်းချင်း ဗေရိမြို့ကို ထွက်ပြေးကြရတယ်။

ဗေရိမြို့သားတွေဟာ သတင်းကောင်းကို သိချင်ကြတယ်။ ဂရိတွေရော ဂျူးတွေပါ ယုံကြည်သူတွေ ဖြစ်လာတယ်။ ဒါပေမဲ့ သက်သာလောနိတ်မြို့ကနေ ဂျူးတချို့ရောက်လာပြီး ဆူပူဖို့ နှိုးဆော်လို့ အေသင်မြို့ကို ပေါလုထွက်သွားတယ်။ တိမောသေနဲ့ သိလကတော့ ဗေရိမြို့မှာ နေခဲ့ပြီး ညီအစ်ကိုတွေကို ကူညီပေးတယ်။ နောက်ပိုင်းမှာ ပေါလုက နှိပ်စက်ညှဉ်းဆဲခံနေရတဲ့ ညီအစ်ကိုတွေကို ကူညီပေးဖို့ တိမောသေကို သက်သာလောနိတ်မြို့ဆီ ပြန်သွားခိုင်းတယ်။ အဲဒီအပြင် တခြားအသင်းတော်တွေဆီကိုလည်း သွားပြီး အားပေးတည်ဆောက်ခိုင်းတယ်။

အကျယ်ချုပ်ခံနေရရင်း အစောင့်စစ်သားနဲ့တွဲပြီး သံကြိုးချည်ထားခံရတဲ့ တမန်တော်ပေါလုဟာ သူပြောတဲ့အတိုင်း တိမောသေကို စာတစ်စောင် ရေးခိုင်းနေ

တိမောသေကို ပေါလုက ‘ယေဟောဝါရဲ့ အမှုတော်ဆောင်ချင်သူတွေ နှိပ်စက်ခံရမှာပဲ’ လို့ပြောတယ်။ ဒီအတိုင်းပဲ တိမောသေလည်း သူ့ယုံကြည်ခြင်းကြောင့် နှိပ်စက်ညှဉ်းဆဲခံရပြီး ထောင်ကျတယ်။ ယေဟောဝါကို သစ္စာစောင့်သိတယ်ဆိုတာ ပြခွင့်ရလို့ တိမောသေ ဝမ်းသာတယ်။

ဖိလိပ္ပိမြို့သားတွေကို ပေါလုက ‘တိမောသေကို ခင်ဗျားတို့ဆီ လွှတ်ပေးမယ်။ သူက ဘုရားသခင်ကို ကိုးကွယ်သူတွေ ဘယ်လိုနေထိုင်ရမယ်ဆိုတာ သင်ပေးလိမ့်မယ်။ အမှုတော်ဆောင်လုပ်ငန်းမှာ လေ့ကျင့်ပေးလိမ့်မယ်’ လို့ပြောတယ်။ တိမောသေကို ယုံကြည်စိတ်ချလို့ရမှန်း ပေါလုသိတယ်။ သူတို့နှစ်ယောက်ဟာ မိတ်ဆွေတွေ၊ အမှုဆောင်ဖက်တွေအဖြစ် နှစ်အတော်ကြာ တွဲလုပ်ဆောင်ခဲ့ကြတယ်။

“သူ့လိုမျိုး ခင်ဗျားတို့အကျိုးကို တကယ်လိုလားတဲ့သူ ကျွန်တော့်မှာ မရှိဘူး။ တခြားသူတွေကျတော့ ယေရှုခရစ်ရဲ့ အကျိုးကို မရှာဘဲ ကိုယ့်အကျိုးကိုပဲ ရှာနေကြတယ်။”—ဖိလိပ္ပိ ၂:၂၀၊ ၂၁

မေးခွန်း– တိမောသေဆိုတာ ဘယ်သူလဲ။ ပေါလုနဲ့ တိမောသေဟာ ဘာကြောင့် မိတ်ဆွေကောင်းတွေ ဖြစ်ကြသလဲ။

တမန်တော် ၁၆:၁-၁၂။ ၁၇:၁-၁၅။ ဖိလိပ္ပိ ၂:၁၉-၂၂။ ၂ တိမောသေ ၁:၁-၅။ ၃:၁၂၊ ၁၄၊ ၁၅။ ဟီဘရူး ၁၃:၂၃

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ