သီချင်း ၉
တို့ဘုရင် ယေဟောဝါ
- ၁။ ဝမ်းမြောက်၊ ယေဟောဝါ ဘုန်းတော် ချီးမွမ်း၊ - ဘုရား ဖြောင့်မတ်ခြင်းအကြောင်း ကောင်းကင် ကြေညာ။ - ဘုရား ချီးမွမ်းသီချင်း ဝမ်းမြောက်စွာ သီဆိုကြ၊ - စိတ်ဝင်စားစို့ ကြီးမြတ်လုပ်ရပ်များ။ - (ထပ်ကျော့ပိုဒ်) - ဝမ်းမြောက်စေ ထက်ကောင်းကင်၊ ကမ္ဘာမြေ ရွှင်လန်းစေ။ - ရှင်ယေဟောဝါ တို့ဘုရင် ဖြစ်ပြီ။ - ဝမ်းမြောက်စေ ထက်ကောင်းကင်၊ ကမ္ဘာမြေ ရွှင်လန်းစေ။ - ရှင်ယေဟောဝါ တို့ဘုရင် ဖြစ်ပြီ။ 
- ၂။ လူမျိုးတကာမှာ ဘုန်းတော် ချီးမွမ်း၊ - ယေဟောဝါသာ ကယ်တင်သော ဘုရား ဖြစ်ပေ။ - ရှင်ယေဟောဝါ ဘုရင်၊ ချီးမွမ်းခံထိုက်လှပေ။ - တို့ပျပ်ဝပ်ကြ ဘုန်းကြီးပလ္လင်ရှေ့။ - (ထပ်ကျော့ပိုဒ်) - ဝမ်းမြောက်စေ ထက်ကောင်းကင်၊ ကမ္ဘာမြေ ရွှင်လန်းစေ။ - ရှင်ယေဟောဝါ တို့ဘုရင် ဖြစ်ပြီ။ - ဝမ်းမြောက်စေ ထက်ကောင်းကင်၊ ကမ္ဘာမြေ ရွှင်လန်းစေ။ - ရှင်ယေဟောဝါ တို့ဘုရင် ဖြစ်ပြီ။ 
- ၃။ ဘုရား ဖြောင့်မတ်အုပ်ချုပ်မှု တည်ပြီ။ - ဘိသိက်ခံတဲ့ချစ်သားကို မင်းမြှောက်လိုက်ပြီ။ - ရှက်ကြောက်၊ လက်အောက်ခံကြ၊ ဒီလောကဘုရားများ၊ - ဘုရားတစ်ပါးတည်း ချီးမွမ်းခံထိုက်။ - (ထပ်ကျော့ပိုဒ်) - ဝမ်းမြောက်စေ ထက်ကောင်းကင်၊ ကမ္ဘာမြေ ရွှင်လန်းစေ။ - ရှင်ယေဟောဝါ တို့ဘုရင် ဖြစ်ပြီ။ - ဝမ်းမြောက်စေ ထက်ကောင်းကင်၊ ကမ္ဘာမြေ ရွှင်လန်းစေ။ - ရှင်ယေဟောဝါ တို့ဘုရင် ဖြစ်ပြီ။ 
(၁ ရာ. ၁၆:၉။ ဆာ. ၆၈:၂၀။ ၉၇:၆၊ ၇ တို့ကိုလည်း ကြည့်ပါ။)