သီချင်း ၂၂
နိုင်ငံတော် ရောက်ရှိပြီ၊ လာပါစေ
- ၁။ ယေဟောဝါ အမြဲတည်ရှိခဲ့ - တည်ရှိနေမယ် အမြဲ။ - သားတော်အား ပလ္လင်အပ်နှင်းပြီ၊ - အာဏာတော် တည်စေပြီ။ - နိုင်ငံတော် ဖွားမြင်ခဲ့ပြီးပြီ၊ - ကမ္ဘာမြေကို အုပ်စိုးတော့မည်။ - (ထပ်ကျော့ပိုဒ်) - နိုင်ငံတော်၊ တန်ခိုးတော်၊ - ကယ်တင်ခြင်း ခုသက်ရောက်ပြီလေ။ - နိုင်ငံတော် ရောက်ရှိပြီ။ - ဆုတောင်း– “လာပါစေ၊ လာပါစေ။” 
- ၂။ မာရ်နတ်ရဲ့ အချိန် ကုန်လုပြီ၊ - ဘာဖြစ်မယ် တို့သိပြီ။ - ဒုက္ခကာလမှာ ရှိကြငြား - မျက်ကွယ်ရာ တို့မြင်ထား။ - နိုင်ငံတော် ဖွားမြင်ခဲ့ပြီးပြီ၊ - ကမ္ဘာမြေကို အုပ်စိုးတော့မည်။ - (ထပ်ကျော့ပိုဒ်) - နိုင်ငံတော်၊ တန်ခိုးတော်၊ - ကယ်တင်ခြင်း ခုသက်ရောက်ပြီလေ။ - နိုင်ငံတော် ရောက်ရှိပြီ။ - ဆုတောင်း– “လာပါစေ၊ လာပါစေ။” 
- ၃။ ကောင်းကင်တမန်များ ရွှင်လန်းစွာ - သီချင်းများ ကျူးဧကြ။ - စာတန်နဲ့ သူ့မုသားများမှ - ထက်ကောင်းကင် လွတ်ကျွတ်ပြီ။ - နိုင်ငံတော် ဖွားမြင်ခဲ့ပြီးပြီ၊ - ကမ္ဘာမြေကို အုပ်စိုးတော့မည်။ - (ထပ်ကျော့ပိုဒ်) - နိုင်ငံတော်၊ တန်ခိုးတော်၊ - ကယ်တင်ခြင်း ခုသက်ရောက်ပြီလေ။ - နိုင်ငံတော် ရောက်ရှိပြီ။ - ဆုတောင်း– “လာပါစေ၊ လာပါစေ။” 
(ဒံ. ၂:၃၄၊ ၃၅။ ၂ ကော. ၄:၁၈ တို့ကိုလည်း ကြည့်ပါ။)