ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • CO-pgm20 စာ. ၇-၈
  • တက်ရောက်သူများ သိသင့်သိအပ်ရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တက်ရောက်သူများ သိသင့်သိအပ်ရာ
  • ၂၀၂၀ ခရိုင်အစည်းအဝေး အစီအစဉ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အထူးအစည်းအဝေး
  • တက်ရောက်သူများ သိသင့်သိအပ်ရာ
    ၂၀၂၄ ခရိုင်အစည်းအဝေး အစီအစဉ်
  • တက်ရောက်သူများ သိသင့်သိအပ်ရာ
    ၂၀၂၃ ခရိုင်အစည်းအဝေး အစီအစဉ်
  • တက်ရောက်သူများ သိသင့်သိအပ်ရာ
    ၂၀၁၉ ခရိုင်အစည်းအဝေး အစီအစဉ်
  • တက်ရောက်သူများ သိသင့်သိအပ်ရာ
    ၂၀၂၅ ခရိုင်အစည်းအဝေး အစီအစဉ်
နောက်ထပ် ကြည့်ပါ
၂၀၂၀ ခရိုင်အစည်းအဝေး အစီအစဉ်
CO-pgm20 စာ. ၇-၈

တက်ရောက်သူများ သိသင့်သိအပ်ရာ

ဧည့်ကြိုများ သင့်ကို ကူညီပေးဖို့ ဧည့်ကြိုတွေကို တာဝန်ချထားပါတယ်။ ကားရပ်နားခြင်း၊ အဆောက်အအုံအတွင်း ဝင်ထွက်သွားလာခြင်း၊ နေရာဦးခြင်းနဲ့ တခြားကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာခြင်းဖြင့် အပြည့်အဝ ပူးပေါင်းကူညီပါ။

နှစ်ခြင်း တခြားအမှတ်အသား ဖော်ပြထားတာမျိုး မရှိရင် နှစ်ခြင်းခံမယ့်သူများအတွက် နေရာတွေကို စင်မြင့်ရှေ့တန်းမှာ သီးသန့်သတ်မှတ်ထားပါမယ်။ နှစ်ခြင်းခံမယ့်သူတွေဟာ စနေနေ့မနက် နှစ်ခြင်းဟောပြောချက် မတိုင်မီ သတ်မှတ်ထားတဲ့နေရာမှာ ရောက်ရှိနေသင့်တယ်။ တဘက်တွေ ယူလာပြီး ဣန္ဒြေရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်လာသင့်တယ်။

အလှူငွေ ယေဟောဝါနဲ့ ပိုရင်းနှီးလာစေတဲ့ ခရိုင်အစည်းအဝေးကို ပျော်ရွှင်စွာ တက်ရောက်နိုင်အောင် နေရာထိုင်ခင်း၊ အသံချဲ့စက်နဲ့ တခြားဝန်ဆောင်မှုများစွာအတွက် အတော်အတန် အကုန်အကျခံ စီစဉ်ထားပါတယ်။ စေတနာအလျောက် လှူဒါန်းတဲ့ အလှူငွေတွေက ဒီကုန်ကျစရိတ်တွေကို ကာမိစေပြီး ကမ္ဘာချီလုပ်ငန်းကိုလည်း ထောက်မပေးတယ်။ သင့်အတွက် လွယ်ကူစေဖို့ ထင်ထင်ရှားရှား မှတ်သားထားတဲ့ အလှူငွေသေတ္တာတွေကို ဒီအဆောက်အအုံ နေရာအနှံ့မှာ ထားရှိပါတယ်။ အလှူငွေတွေကို donate.jw.org ကနေလည်း ထည့်ဝင်နိုင်ပါတယ်။ အလှူငွေအားလုံးကို အလွန်တန်ဖိုးထားပါတယ်။ ကမ္ဘာချီလုပ်ငန်းကို ရက်ရောစွာ ထောက်ပံ့ပေးတဲ့ သင့်အလှူငွေအတွက် အုပ်ချုပ်ရေးအဖွဲ့က ကျေးဇူးတင်ပါတယ်။

ရှေးဦးသူနာပြု အရေးပေါ်အတွက်သာ ဖြစ်ကြောင်း မှတ်ထားပါ။

ပျောက်တွေ့ဌာန ကောက်ရတဲ့ပစ္စည်းတွေကို ပျောက်တွေ့ဌာနဆီ ပို့ပေးပါ။ တစ်ခုခု ပျောက်သွားရင်လည်း ဒီဌာနဆီ သွားပြီး ပစ္စည်းအမျိုးအမည်ကို ပြောပြပါ။ မိဘတွေနဲ့ ကွဲသွားပြီး မသွားတတ် မလာတတ်ဖြစ်နေတဲ့ ကလေးတွေကို ဒီဌာနကို ပို့ပေးသင့်တယ်။ အဲဒီလို စိတ်ပူစရာတွေ မဖြစ်အောင် ကိုယ့်ကလေးကို ကိုယ်နဲ့အတူထားပြီး စောင့်ရှောက်ပါ။

နေရာထိုင်ခင်း တခြားသူတွေကို စာနာပါ။ မိသားစုရင်းချာတွေ၊ ကိုယ်နဲ့ တစ်ကားတည်းအတူစီးသူတွေ၊ တစ်အိမ်တည်းမှာ အတူနေသူတွေ ဒါမှမဟုတ် လက်ရှိ သင်နဲ့ ကျမ်းစာလေ့လာနေသူတွေအတွက်သာ ထိုင်ခုံဦးထားနိုင်တယ်ဆိုတာ သတိရပါ။ ပစ္စည်းတွေကို ကိုယ်မဦးထားတဲ့ အနားတစ်ဝိုက်က ခုံတွေပေါ်မှာ မတင်ထားပါနဲ့။

စေတနာ့ဝန်ထမ်းဌာန အစည်းအဝေးကြီး အစီအစဉ်နဲ့ပတ်သက်တဲ့ အလုပ်တွေမှာ လုပ်အားပေးချင်တယ်ဆိုရင် သတင်းအချက်အလက်နဲ့ စေတနာ့ဝန်ထမ်းဌာနကို သတင်းပို့ပါ။

အထူးအစည်းအဝေး

အမျိုးသမီးတစ်ယောက်ကို ဟောပြောနေတဲ့ ယေဟောဝါသက်သေတစ်ယောက်။

သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း လျှောက်ထားလိုသူတွေအတွက် အစည်းအဝေးကို တက်ရောက်ဖို့ အသက် ၂၃ နှစ်ကနေ ၆၅ နှစ်ကြားရှိပြီး အမှုဆောင်လုပ်ငန်း တိုးချဲ့ချင်တဲ့ ရှေ့ဆောင်တွေကို ဖိတ်ခေါ်ပါတယ်။ နေရာနဲ့ အချိန်အတိအကျကို ကြိုတင်ကြေညာပါမယ်။

၂၀၂၀ ယေဟောဝါသက်သေများရဲ့ အစည်းအဝေးကြီး

ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ပါတယ်

© 2020 Watch Tower Bible and Tract Society of Pennsylvania

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ